သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆို

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်း ဖြေဆိုခြင်းကို ၂.၆.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂)နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

     မုဒုံစာဖြေဌာနတွင် ယခုနှစ် ဓမ္မာစရိယ စာမေးပွဲကို (ဓမ္မသင်္ဂဏီပါဠိ+အဋ္ဌကထာ) ဘာသာရပ် ပထမနေ့အား ဝင်ရောက်ဖြေဆိုရန် သံဃာတော် (၈၇) ပါးနှင့် သီလရှင် (၉) ပါး၊ စုစုပေါင်း (၉၆)ပါး စာရင်းပေးသွင်းထားပြီး ပျက်ကွက်သံဃာတော် (၁၄) ပါးရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ဇွန်လ (၂) ရက် နေ့မှ (၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲဝင်ရောက် ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့်သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃာ့နာယက အဖွဲ့မှ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

    ထို့ပြင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက နေ့စဉ် ဆွမ်းကပ်လှူဒါန်းခြင်း၊ အချိုရည်များလှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ စသည့် လိုအပ်ချက်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

DOCA (မွန်)

ဦးဝင်းအောင်စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

            (၂၇.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၀၃:၁၀) နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး၊ ဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်(၃)ဦးတို့လိုက်ပါလျက် တိုက်ကြီးမြို့နယ်ရှိ ဦးဝင်းအောင် စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ စစ်ဆေးခဲ့ရာတွင် မြို့မဈေး၊ ရုံ(၂၀) အခန်း(၈)ရှိ ဦးဝင်းအောင်မှ မိမိရရှိသောခွဲတမ်းကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင် (၂)ပိဿာပေးပါ ကြောင်း၊ ရပ်ကွက်အလိုက် စနစ်တကျရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိဘဲ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း၊ မိမိတို့ ဌာနမှလည်း သိုလှောင်ထားခြင်းများမရှိခဲ့လျှင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

စီမံကိန်းလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်ပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

     ၂.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က  စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်း ဖြေရှင်းပေးသည့်အကြောင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

စားအုန်းဆီလက်လီအရောင်းဆိုင်အား သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ မှော်ဘီမြို့နယ် အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ (၂၇.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၅၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီလက်လီကိုယ်စားလှယ်အဖြစ် ရောင်းချနေသော ရှမ်းမင်းသားဆိုင်မှာ မိမိရရှိသောခွဲတမ်းများကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သား နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လကို (၂)ပိဿာနှုန်းဖြင့် ခွဲဝေပေးထားပါကြောင်း၊ ရပ်ကွက်တွင် လည်းစနစ်တကျ ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ရွှေပြည်သာမြို့နယ်ရှိ ဉီးသန့်ဇင်မိုးစားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၂၇.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးအောင်တင်စိုးပါ(၄)ဉီး၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူးတို့လိုက်ပါလျက် ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၄၀/က)၊ ဗိုလ်ချုပ်လမ်း၊ (၅/၃)ရပ်ကွက်ရှိ ဉီးသန့်ဇင်မိုး စားအုန်းဆီအရောင်းဆိုင်မှ မိမိရရှိသောခွဲတမ်းများအား အကြော်ဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တို့အား သတ်မှတ်ခွဲတမ်းအလိုက် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ရောင်းပေးပါကြောင်း၊ ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း၊ ပြည့်ဝစွာလည်း ချိန်တွယ်ပေးပါကြောင်း၊ မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ခဲ့လျင် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မင်္ဂလာဒုံဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်း

          (၂၇.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်မှစ၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင် များအသင်းမှ (၃)ဦးတို့လိုက်ပါလျက် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဈေးအတွင်းရောင်းချနေသော လက်လီအရောင်းဆိုင်ပိုင်ရှင် ဦးအောင်မျိုးဝင်းအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချပေးပြီး ရရှိသောစားအုန်းဆီခွဲတမ်းကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျစာအုပ်စနစ်ဖြင့် အလေးချိန်မှန်ကန်စွာစားသုံးသူပြည်သူများထံသို့ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မှော်ဘီမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          (၂၇.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဉီးတို့သည် မှော်ဘီမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ စက်သုံးဆီလက်ကျန် အခြေအနေနှင့် အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာ ရှိ PT Power စက်သုံးဆီဆိုင်မန်နေဂျာ ဉီးခိုင်ဇော်ထွန်းမှ ပူးပေါင်းပါဝင်လျက် ဆိုင်တွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိပဲ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ စက်သုံးဆီလက်ကျန်အနေဖြင့် လုံလောက်စွာသိုလှောင်ထားရှိပြီး အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို တွေ့ရှိရပြီး စက်သုံးဆီအရောင်းတာဝန်ခံအား အချင်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားရန် သတ်မှတ်ရည်ညွှန်းဈေးအတွင်းရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Seeder ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အလေးထားဆောင်ရွက်ရေး

            မိုးစပါးများကို Seeder စနစ်ဖြင့် စိုက်ပျိုးရာတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစံပြလယ်ယာမြေ အထွက်နှုန်း စိစစ်ရိတ်သိမ်းပွဲအခမ်းအနားကို တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်း၊ စံပြလယ်ယာမြေဧက (၁၀၀)ရှိ တောင်သူ ဒေါ်ငွေဆင့်၏ လယ်ယာမြေတွင် ကျင်းပပြုလုပ်ရာ Seeder ဖြင့် စိုက်ပျိုးသော ရက်(၁၀၀)နွေစပါးမှ တစ်ဧကလျှင် (၁၂၁.၃၅)တင်း ထွက်ရှိခဲ့၍ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုး မှုကိုလည်း Seeder ဖြင့် စိုက်ပျိုးမှုများ ပြုလုပ်သွားမည်ဖြစ်ရာ တိုက်ကြီးမြို့နယ်သည် စိုက်ပျိုးရေး အဓိကလုပ်ကိုင်ဆောင်ရွက်သော စံပြမြို့တစ်မြို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

တိုက်ကြီးမြို့နယ်၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

            တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌအပါအဝင်၊ မြို့နယ် ပြည်တွင်းအခွန်ဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်ခွဲတာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ မှ (၂၆.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ခန်းမ၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              ထိုသို့ခေါ်ယူတွေ့ဆုံဆွေးနွေးရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေ၊ ကျောက်စရစ်များအပါအဝင် အခြားအိမ်ဆောက်ပစ္စည်းများအား ဈေးကွက်တွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အမြတ်ရာခိုင်နှုန်းမှာလည်း အဆမတန်မဖြစ်စေရေး တွေ့ဆုံခေါ်ယူသတိပေးမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်၊ ၂၀၂၅ ခုနှစ်၊ မိုးစိုက်ပျိုးစရိတ်ထုတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

             စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မေလ(၂၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ မြို့နယ်ချေးငွေအကြံပေး အဖွဲ့ဝင်ဖြစ်သော စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

            မှော်ဘီမြို့နယ်တွင် မိုးရာသီမိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာလယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ မိုးစပါးစိုက်ဧက (၁)ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် နှစ်စဉ်တောင်သူများအားထုတ် ချေးလျှက်ရှိရာ ယခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးရာသီတွင် အချိန်စေ့ ကြွေးကျန်အကျေပေးဆပ်ပြီးသော မိုးကြိုးပစ်ရွာ၊  ဘိုးဒနကုန်းကျေးရွာ၊ပက်တန်းကျေးရွာ၊ နှောကုန်းကျေးရွာအုပ်စုမှ တောင်သူ (၁၃၀၀) ဦး၏ လယ်ဧက (၉၀၀၀) ဧကအတွက် ငွေကျပ် (၁၃၅၀)သိန်းကို စတင်ထုတ်ချေးခြင်း အခမ်းအနားတွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်တင်ထူးထူးအောင်တက်ရောက်၍ အမှာစကားပြောကြားပြီး တောင်သူကြီးများအား ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ