
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ အခြေခံပညာအထက်ကျောင်း အ.ထ.က-၂ ကျောင်းတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ၁၃.၆.၂၀၂၆ ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် ကျောင်းကျန်းမာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် ၅ရပ်ကွက်ရှိ အ.ထ.က-၂ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်း ရောင်းချနေသောမုန့်များကို ဘေးအန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်း၊ တားမြစ်ကုန်စည်များရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော ဆိုင်ရှင်များနှင့် မုန့်ဈေးတန်း ကြီးကြပ်ရေးအဖွဲ့ဝင်များကို အစားအသောက် ဝယ်ယူရောင်းချရာတွင် လိုက်နာရမည့် ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ သန့်ရှင်း လတ်ဆတ်သော၊ ကျန်းမာ ရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ ရောင်းချနိုင်ရေးနှင့် မလိုလားအပ်သောရောဂါဖြစ်ပွားမှု မရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း မရှိသော အစားအစာများရောင်းချသည်ကို တွေ့ရှိပါက ရောင်းချခြင်းကို ပိတ်သိမ်း၍ ချက်ခြင်းအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်က ရှင်းလင်းအသိပညာပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အရံ မီးသတ်တပ်ဖွဲ တို့ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
