
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၆.၂၀၂၆ )ရက်နေ့၊နံနက်(၀၉:၃၀)အချိန် တွင် မကွေးမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် Z & Z အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်နှင့် မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အခြားသိကောင်းစရာများနှင့် စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)
