သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ အချိန်အတွယ်ဖြင့်ရောင်းချသည့် စားသုံးဆီအရောင်းဆိုင်များတွင် ရောနှောဆီ ရောင်းချခြင်းရှိ/မရှိနှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/မရှိတို့ကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရောနှောဆီရောင်းချခြင်းမရှိကြောင်းနှင့် အမှတ် တံဆိပ်ပါစားသုံးဆီများတွင် သတ်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များ ပြည့်စုံ စွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း အချိန်အတွယ် ဖြင့် ရောင်းချသည့် စားသုံးဆီအရောင်းဆိုင်များတွင် အမျိုးအမည်နှစ်ခု ရောနှောရောင်းချ၍ မရ ကြောင်း၊ ရောနှောရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ် ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)

သာပေါင်းမြို့နယ်ရှိ တောင်သူများအား MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

             ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၅.၈.၂၀၂၅) ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်သူ (၁၅၇) ဦးအား ဆန်/ စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ၊ သိုလှောင်ရုံအရွယ်အစားအလိုက် မှတ်ပုံတင်ကြေးကောက်ခံမှု၊ ဆန်တန်ချိန် (၂၅၀၀) အထက် သိုလှောင်ရုံများဖြစ်ရန်လိုအပ်ကြောင်း၊ မိမိပိုင် ဆန်/ စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးရလဒ်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျုံပျော်မြို့နယ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ စိုက်ပျိုးစရိတ်ချေးငွေလာရောက်ထုတ်ယူသည့် တောင်သူများအား MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

           ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့  စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသည့် တောင်သူ (၁၅၀) ဦးအား (MYRO) မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး၊ မှတ်ပုံတင်ရန် သတ်မှတ်ထားသော ပမာဏထက် သိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ထားပါက အရေးယူခံရကြောင်းမှာ မဟုတ်မမှန်သတင်းများသာဖြစ်ကြောင်း အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဝန်ထမ်းထုတွေ့ဆုံပွဲနှင့်ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၂၅)ပြုလုပ်

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့ ၊ နေ့လယ် (၁၃:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၅) နှင့်ဝန်ထမ်းထုတွေ့ဆုံပွဲ(၈/၂၀၂၅)ကို ဝန်ထမ်း(၁၃)ဦးဖြင့် တပြိုင်တည်းကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ဝန်ထမ်းထုတွေ့ဆုံပွဲ(၈/၂၀၂၅)တွင်ဌာနခွဲတာဝန်ခံများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးတင်ပြဆွေးနွေးကြပြီး ရုံးလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်(၅)ချက်နှင့် ဝန်ထမ်းထုတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးဆုံးဖြတ်ချက် (၅) ချက်ချမှတ်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား နေ့လယ်(၁၆:၀၀)တွင် ပြီးဆုံး ကြောင်း သိရှိရပါသည်။

DOCA(ကယား)

ကျေးလက်နေပြည်သူများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် ရောင်းချပေးနေမှု အခြေအနေ နှင့် စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

                    ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးသို့ စိုက်စရိတ်ချေးငွေ လာရောက်ထုတ်ယူသည့် ကျေးရွာအုပ်စုအလိုက်ပြည်သူ (၁၅၀)ဦးခန့်သို့ စားအုန်းဆီ ထုတ်ယူခွင့် စာအုပ်ဖြင့် (၁၀)ရက်လျှင်တစ်ကြိမ် ဝယ်ယူရရှိမှု ရှိ၊ မရှိ ဝယ်ရစျေးနှုန်း၊ အလေးချိန် ပြည့်ဝစွာရရှိမှုရှိ၊ မရှိ အခြေအနေများ မေးမြန်းဆွေးနွေးပြီး စာအုပ်ပြုလုပ်ရန် ကျန်ရှိသော ပြည်သူများမှ ဆက်လက်တင်ပြဆောင်ရွက်သွားရန်၊ စားအုန်းဆီရောင်းချဖြန့်ဖြူးနေမှုနှင့် နယ်အရောက် ရောင်းချရန်စျေးနှုန်း သတ်မှတ်ပေးထားပြီး သတ်မှတ်စျေးနှုန်းဖြင့် (၁၀)ရက် တစ်ကြိမ် ဝယ်ယူရရှိစေရေး ရှင်းလင်း ဆွေးနွေးပြီး စားသုံးသူအခွင့်အရေး နစ်နာမှုရှိပါက ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ.မ.က ရွှေဘိုတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

             (၇.၈.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရွှေဘိုတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၄၁) ဦးတို့အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောင်းကော်မတီအဖွဲ့များနှင့် အတူ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍  ကျောင်းအသိပညာပေးဟောပြောခဲ့ပါသည်။

            ထိုသို့ ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ လူငယ်နှင့် ရည်မှန်းချက် အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်၊ နန်းလုံးကြိုင် အ.လ.က ကျောင်း စားသုံးသူအသိပညာပေးဟောပြောခြင်း

           ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး သည် (၇.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အ.လ.က နန်းလုံးကြိုင်ကျောင်းတွင် ဆရာ/ ဆရာမ (၁၂) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၁၈) ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်နှင့် စားသုံးသူများ ရရှိနိုင်မည့် စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့်အချက်များ၊ စားသုံးသူများ ပစ္စည်းဝယ်ယူသုံးစွဲရာတွင် မည်သည်တို့ကိုကြည့်၍ ဝယ်ယူရမည်ကို ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက် လွယ်အောင် ရှင်းလင်းပြောကြား၍ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် စားသုံးသူအသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၃၁.၇.၂၀၂၅ ရက်နေ့ရက်နေ့တွင် ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ချောင်းဝဆိပ်ကမ်းနှင့် ထူး(KIP)ဆိပ်ကမ်း အား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များ အား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ MyRo မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တောင်သူများသိရှိနိုင်ရေး အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၈.၂၀၂၅) ရက် နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်သူ(၉၇)ဦးအား MyRo မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ သိုလှောင်ပါက အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်း ၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား တောင်သူများသိရှိနိုင်ရေး အသေးစိတ် အသိပညာ ပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၇.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြန်အောင် မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ဟင်းသီးဟင်းရွက် ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ