
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် သမက်ပြေကျေးရွာရှိ ဒေါ်အေးမူ ပိုင်ဆိုင်သော ဆန်းသစ်ကျော် ဆန်စက်ရှိအလုပ်သမားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဆန်စက်အလုပ်သမား (၁၇)ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးအကြောင်း၊ ဓာတုဆေးဝါးများအကြောင်း၊ မြန်မာစာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက လုပ်ငန်းရှင်များပါ စားသုံးသူကိစ္စရပ်များနှင့် ပက်သက်၍ သိရှိလိုသည်များ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)
