သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊       မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၁.၁၁.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်ဆေးရေးမှူး၏လုပ်ငန်းတာဝန်များအကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့်တာဝန် (၄)ချက်၊ အခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်(၁၁)ချက်၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၄) ကျင်းပပြုလုပ်

    နိုဝင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၄) ကိုကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စာသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်၊၊

    အဆိုပါအစည်းအဝေးတွင် ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန် လျှောက်ထားလာသည့် ကွင်းဆင်းစစ်ဆေးပြီးသောလုပ်ငန်း (၂၄)ခု အား မှတ်ပုံတင် ခွင့်ပြုရန်အတွက် ဆွေးနွေးခြင်း၊ သက်တမ်းတိုးစေ့ရောက်သော်လည်း သက်တမ်းတိုးမြှင့်ခြင်းမရှိသည့် ပုဂ္ဂလိကစက်မှု လုပ်ငန်း (၂၉)ခုတို့အား စက်မှုမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ရေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များမှလည်း လက်ရှိအသုံးပြုနေသော အင်ဂျင်များ တိုးချဲ့တပ်ဆင်နိုင်ရေးနှင့် လုပ်ငန်းအမည်ပေါက် ပြောင်းလဲနိုင်ရေးဆွေးနွေးခဲ့ပြီး အခမ်းအနားကို ညနေ (၁၅:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ မြို့မဈေးတာဝန်ခံရုံးခန်းတွင် စားသုံးသူအသိပညာပေးဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၂၁-၁၁-၂၀၂၄)ရက်နေ့ ၊ နေ့လယ် (၁၅:၃၀)နာရီတွင် ကျုံမငေးမြို့ရှိ မြို့မဈေး တာဝန်ခံရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင် (၁၀)ဦးအား Online SaIe ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော လုပ်ငန်းရှင်များအား  Online SaIe ဖြင့်ရောင်းချနေသူများအနေဖြင့်      မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online   Shopping   မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online   မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

                                                                                   

ဓါတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမှုနှင့် ပတ်သက်၍ ရွှေလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ဓါတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန် ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမှုနှင့် ပတ်သက်၍ ရွှေလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဓါတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့မှ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းဖြင့်စနစ်ဖြင့် ရောင်းချမည်ဆိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထား ရယူပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်သည့် အချက်အလက်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ရွှေလုပ်ငန်းရှင်များမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာဆိုင်ရာများမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနား အား နေ့လယ်(၁၂း၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း ရွေးချယ်ပွဲအခမ်းအနားကျင်းပပြုလုပ်

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း ရွေးချယ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ TRCCI အသင်းဥက္ကဋ္ဌ နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များမှ ဆန်စပါးကုန်သည်များ တက်ရောက်ခဲ့ပါ သည်။

    အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူးမှ မှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်း၊  TRCCI အသင်းဥက္ကဋ္ဌမှ ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်အလိုက် ဆန်စပါးကုန်သည်များမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ဆန်စပါးကုန်သည်များမှ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း EC၊ CEC များရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ရွေးချယ်ခံရသည့် တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ  အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ စန္ဒာမင်းဘထ္ထရီအရောင်းဆိုင်အား စစ်ဆေးခြင်း

       ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ(၂၇)ရက်နေ့ ၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေး အဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့်  ထားဝယ်မြို့ရှိ စန္ဒာမင်း ဘထ္ထရီရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘထ္ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက်စစ်များအား သွားရောက် စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ် ထုတ်ပြန်ချက်များနှင့် ကိုက်ညီမှုမရှိဘဲ တရားမဝင်တင်သွင်း သိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

      

 

ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာအခြေအနေများကိုကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ခြင်း

            ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းကြီးကြပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ခင်သီ(ဦးစီးအရာရှိ)၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူးဦးလှစိုး၊ ဒေါ်လဲ့လဲ့ဌေး(ဒုတိယဦးစီးမှူး)၊ ဒေါ်ယုယုလွင်(အငယ်တန်းစာရေး)၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်စုစုလှိုင် (ဦးစီးအရာရှိ)နှင့် ဒေါ်ဖလောရင့်စ်(ဦးစီးအရာရှိ) တို့ပူးပေါင်း၍ ၂၆.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၅၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေးစည်ပင်သာယာရေးရုံးမှ ဈေးတာဝန်ခံနှင့် သွားရောက်တွေ့ဆုံ၍ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် အခြေခံစားကုန်(၂၃)မျိုး၏ ဈေးနှုန်း(လက်လီ) ရောင်းချနေသည့် ဈေးနှုန်များမှန်ကန်မှုရှိစေရေး၊ ဈေးကွက်အတွင်းကုန်စည်ဝင်ရောက်မှု အခြေအနေတို့ကိုသိရှိနိုင်ရန် ကွင်းဆင်းစိစစ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင်အမှန်တကယ်ဖြစ်ပေါ်နေသည့်   အခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည်များကိုစီမံဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများကိုရရှိလာနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူရောင်းချမှုအား အသိပညာပေး ဟောပြောဆွေးနွေး

    ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းစွာဝယ်ယူနိုင်ရေးနှင့် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူရောင်းချခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိစေရန်ရည်ရွယ်၍ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာနှင့် အွန်လိုင်းဖြင့် စျေးဝယ်ယူမည်ဆိုပါက သတိထားဝယ်ယူသင့်သည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပါသည်။

    အသိပညာပေး ဟောပြောဆွေးနွေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက သတိထားသင့်သော အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း၊ အွန်လိုင်းဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အမှတ်(၁)ဈေးအတွင်းရှိကုန်စုံဆိုင်လုပ်ငန်းရှင်များအသိပညာပေးဟောပြောခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည်(၂၆-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်၊ အမှတ်(၁)ဈေး အတွင်းရှိကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

               ဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက  Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Smart Care Co., Ltd မှ ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ သွားရောက်စစ်ဆေးခြင်း

              အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  ၂၁.၁၁.၂၀၂၄ ရက်  နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၃၆)၊ သစ္စာလမ်း၊ တာမွေမြို့နယ်ရှိ Smart Care  Co., Ltd မှ ဆေးဝါးဖြန့်ချိမှုအခြေအနေများ သွားရောက်စစ်ဆေးရန် တာဝန်ခံဦးအောင်ကျော်စိုးနှင့် သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး ဈေးကွက်အတွင်းဖြန့်ချိမည့် ကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ မဖြစ်မနေဖော်ပြပါရှိရမှာဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ