ဓါတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

                 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန နှင့် ဆက်စပ်ဌာနများဖြစ်သော ထွေအုပ်၊ စိုက်ပျိုးရေး၊ စည်ပင်၊ ပူးပေါင်း၍ ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းများအား ၃၀-၁၀-၂၀၂၅ ရက်နေ့  နံနက်(၀၉:၃၀) နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်သော ဓာတ်မြေ ဩဇာဆိုင်များ စစ်ဆေးရာတွင် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

              ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စား သုံးသူရေးဦးစီးဌာန မှ စစ်ဆေးရေားအရာရှိ ဦးအောင်ဇော်ဦး တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ဓာတ်မြေဩဇာ ရောင်းချသည့် ဆိုင်များဖြစ်သည့် ဓါတ်မြေဩဇာ တက်နေဝန်း၊ မိဘမေတ္တာ၊ မွန်းလိုက် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်စိုက်ပျိုးရေးပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များတွင် ယူရီးယား ဓာတ်မြေဩဇာ၊ တီစူပါ(သံကွင်း) ဓာတ်မြေဩဇာ၊ ပိုတက် ဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ၏ ရောင်းချသည့် ဈေးနှုန်းဈေးကွက်ကို မေးမြန်းခြင်း၊ သီးနှံစိုက်ပျိုးချိန် ဓါတ်မြေဩဇာတောင်သူရောင်းချမှု အခြေအနေများကို မေးမြန်းခြင်း၊ ဆိုင်အတွင်း ကျန်၇ှိသော ဓါတ်မြေဩဇာများကို ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်မှု ရှိမရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာခွင့်ပြုချက်ပါသော အမှတ်များကို စစ်ဆေးခြင်း၊ တာရားမဝင်ကုန်စည်များ ရောနှောရောင်းချမှု ရှိမရှိစစ်ဆေးခြင်း၊ လက်ရှိရောင်းချနေသော ဈေးနှုန်း မြှင့်တက်မှုရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)