ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ One Stop Mart သို့ ဈေးကွက်အတွင်းရှိ ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် One Stop Mart မှတာဝန်ရှိသူအား စားသောက်ကုန်ပစ္စည်းများ၊ အသင့်သောက်အချိုရည်များ၊ အရန်သင့်အစားအစာများဖြစ်သော အသင့်စားမုန့်များ၊ ဘီစကစ်မုန့်များ၊ ကော်ဖီထုပ်များ၊ ပေါင်မုန့်ကိတ်မုန့်များ၊ ပဲနို့များ၊ စည်သွပ်ဘူးများ၊ အချိုမှုန့်များ၊ အာဟာရဖြည့် စွက်စာများဖြစ်သော နို့မှုန့်များ၊ အာဟာရဖော်စပ်စာများ၊ လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေးများ၊ ဆပ်ပြာအမျိုးမျိုး၊ ခေါင်းလျော်ရည်တို့အား ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)