သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ တွင် စတင်ပြဌာန်းခဲ့ပြီး စားသုံးသူကာကွယ်ရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုကြောင်း နှင့် စားသုံးသူ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူ၏ အခွင့်အရေး(၈) ချက်နှင့် တာဝန်(၄) ချက်ရှိကြောင်း၊ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် အခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုများအတွက် ကုစားမှုများ ရရှိနိုင်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံများ၏ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၁.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင်  မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်းအဖွဲ့တို့သည် မိတ္ထီလာမြို့ပေါ်ရှိပုဂ္ဂလိကဆေးရုံများဖြစ်သော Grand Htila အထွေထွေရောဂါကုဆေးရုံ၏ဆေးဆိုင်၊ မေတ္တာအေးအထွေထွေရောဂါကုဆေးရုံ၏ဆေးဆိုင်၊ သုခထီလာအထွေထွေရောဂါကုဆေးရုံ၏ဆေးဆိုင်၊ ဇော်အထွေထွေရောဂါကု ဆေးရုံ၏ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့မြို့နယ်တာဝန်ခံမှကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၀၀)ဖြင့် Coivid 19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်း များအား ဈေးကွက်အတွင်းဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းကို တားမြစ်ထားသည့်အမိန်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ကြရန် ၊ ဆေးဝါးများထားသိုရာတွင် စနစ်တကျရှိစေရန် ၊ အခန်းပူချိန်တိုင်းကိရိယာနှင့် လေအေးပေးစက်များထားရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

သာစည်မြို့နယ်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး ခေါင်းဆောင်သောအဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် သာစည်မြို့နယ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးကုန်စည်ဖြစ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ Khne, Nibban, Vov, Hanasawa, Sanook, Midea ကုမ္ပဏီများမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများသည် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူခရိုင်ဦးစီးမှူးရုံးတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်၊ ခရိုင်ဦးစီးမှူး၏ ညွှန်ကြားကြီးကြပ်မှုတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က ဆောင်းရာသီ စားဖိုဆောင်သီးနှံများ တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးထားကြောင်း သိရှိပါသည်။           စားဖိုဆောင်သီးနှံများကို ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ရာသီအလိုက် သီးနှံများ ဖြစ်သည့် ခရမ်းပင်၊ ချဉ်ပေါင်ပင်၊ ကင်းမုံပင်၊ ပဲတောင့်ရှည်ပင်၊ ဖရုံပင်၊ ဘူးပင် ငရုတ်ပင်  ဗိုလ်စားပဲပင် ၊ ခရမ်းချဉ်သီးပင်၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်နီပင်၊ ကိုက်လန်ပင်၊ မုံညှင်းပင်နှင့် ခဆော့သီးပင် များကို မြေအောက်ရေတင်စနစ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးထားရှိကာ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး သုံးစွဲခြင်း မရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းကာ လတ်လတ် ဆတ်ဆတ် ခူးဆွတ်စားသုံးရပြီး  ဝန်ထမ်း မိသားစုဝင်များ၏ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

“ ရွှေနန်းစံ ” ကိတ်ခြောက်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

  စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့ တာဝန်ခံ တို့သည်  ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ ရွာတုံကျေးရွာမုန့် ဇုန်ရှိ “ရွှေနန်းစံ” ကိတ်ခြောက်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈) အရကုန် အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ စီးပွားရေးလုပ် ငန်းရှင်များသိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ ရှယ်ကောင်း ” ကိတ်ခြောက်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

 စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့ တာဝန်ခံ တို့သည်  ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ “ရှယ်ကောင်း” ကိတ်ခြောက်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) အရကုန် အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း (၃) ဦး တို့ သည် (၁၆.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြိုရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှု မရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လျှပ်စစ်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးထွန်း (ဦးစီးအရာရှိ)၊ ဦးဆောင်သည့် စစ်ဆေးရေးအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပါဝင်သော အဖွဲ့တို့သည် ၁၂-၁၂-၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း  အရောင်းဆိုင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးအား ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ကြ ပါသည်။

    ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက် သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကာ ဆက်လက်၍လည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)

 

မန္တလေးတိုင်းဒေသကြီးမှ ဒီဇင်ဘာလတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ဦးစားပေးကုန်စည်သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား  ဘေးအန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားသည့် အခြေအနေများကိုထည့်သွင်းစဉ်းစားကာ ဦးစားပေးကုန်စည်(၁၀)မျိုးသတ်မှတ်၍ လအလိုက်ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်မည့် အစီအမံများအား မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့တင်ပြ၍ အတည်ပြုချက်ရယူပြီး ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ဦးစားပေးကုန်စည် အဖြစ်သတ်မှတ်ထားသောအိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုးအားမန္တလေးတိုင်းဒေသကြီးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ရမည့်တာဝန်နှင့်တားမြစ်ချက်များ  ၊စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)  တွင်ပါရှိရမည့်   ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးစားသုံးသူကာကွယ်ရေး  ဉပဒေပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိအိမ်သုံးလျှပ်စစ်ပစ္စည်းအမယ် စုစုပေါင်း(၃၃၇) မျိုးအားစောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်းစောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအား သတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များ ဝယ်ယူရာတွင်အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် မိတ္ထီလာမြို့နယ် ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းပေါ်ရှိ စက်သုံးဆီဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည် အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန် သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှုရှိသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ