ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

      ၈.၁၁.၂၀၂၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းကျော်လွန်မှု မရှိစေရေး၊ သက်တမ်းတိုးနိုင်ရေး၊ ကုန်ရကုန်ထုတ်၊ လက်ကျန်စာရင်းများ၊ လစဥ်စာရင်းသွင်းနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စပါးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံ၍ ဆန်စပါးသိုလှောင်ရုံများ တစ်နှစ်တစ်ကြိမ် သက်တမ်းပုံမှန်တိုးရန်၊ အွန်လိုင်းမှတစ်ဆင့် ကုန်ရ/ကုန်ထုတ်၊ လက်ကျန်စာရင်းများ၊ ပုံမှန်ရေးသွင်းနိုင်ရေး၊ ဈေးကစားရန် ရည်ရွယ်၍ ဆန်စပါးများသိုလှောင်ထားရှိမှုမရှိစေရေး၊ ဆန်စပါးစျေးနှုန်း တည်ငြိမ်ရေး၊ ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        DOCA (မွန်)