သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံမြို့ အထက(၁) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

           မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အခြေခံပညာအထက်တန်းကျောင်း (အထက-၁)ရှိ ဧရာဝတီခန်းမ၌  စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများကို (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀၀ နာရီအချိန်တွင် ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲသို့ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၅)ဦး၊ အထက-၁  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ(၁၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၆၀) ဦးနှင့် ကျောင်းဈေးအရောင်းဆိုင်ရှင်(၂)ဦး တက်ရောက်ခဲ့သည်။

          ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  မြို့နယ်တာဝန်ခံ ဦးတင်ဇော်ထွေး(ဦးစီးမှူး)က ဟောပြောဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုဟောပြောဆွေးနွေးခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများအား ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှု့ကြသည့်အလေ့အကျင့်ကောင်းများရှိစေရန် ကုန်စည်နမူနာများဖြင့် ပြသဖတ်ကြားစေ၍ ဆုချီးမြှင့်မှုများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဦးစောသန်းအောင်(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူများထိခိုက်နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)၊ စားသုံးသူရေးရာ ဦးစီးဌာနအင်တာနက်စာမျက်နှာ၊ DOCA Myanmar Mobile Application ၊ စားသုံးသူရေးရာ ဦးစီးဌာနFacebookစာမျက်နှာများနှင့် ဌာန Website တွင် တိုင်ကြားနိုင်သည့် အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းမုန့်ဈေးတန်းရှိ ကုန်စည်များအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ် မြင်းကပါ အထက(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးမြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ် မြင်းကပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်မှ စာအုပ်စာပေများလေ့လာဖတ်ရှု့ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိစေရန် ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးမှူး)က ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန်၊ ဝယ်ယူရာတွင် စိစစ်ကြည့်ရှု့တတ်သည့် အလေ့အကျင့်များရရှိစေရန်လိုအပ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့်ပုံစံများ၊ စိစစ်သင့်သည့်အချက်များ သိကောင်းစရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာအရာထမ်းအမှုထမ်း(၄)ဦး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ(၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၃၆)ဦး၊ စုစု‌ပေါင်း(၁၄၅) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးမှူး)၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကျန်းမာရေးအဖွဲ့များသည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစားအသောက်များကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာ ပါရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား လျှောက်ထားစေရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာပါရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား လျှောက်ထားစေရေးအတွက် (၁၂.၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ညောင်ဦးမြို့နယ်ရှိ MSME လုပ်ငန်းများနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

           ဆွေးနွေးမှုတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က MSME လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၊ လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ လိုင်စင်များရှိရန်လိုအပ်သလို စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှုရှိ/ မရှိနှင့် မှန်ကန်မှုရှိ/ မရှိကို လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် လာရောက်စိစစ်တင်ပြလျှောက်ထားကြရန် လိုအပ်ပါကြောင်းနှင့် ရုံးဖွင့်ရက်များတွင် အချိန်မရွေးလာရောက်နိုင်ပါကြောင်းနှင့် ဖိတ်ခေါ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းတို့ကို အကျယ်တဝင့်ဟော ပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

            မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် (၇.၁.၂၀၂၅)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်၌ ကျောက်ပန်းတောင်းမြို့ ၊ လေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်မှ အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းမုန့်ဈေးတန်းရောင်းချသူများ သိသင့်သိထိုက်သည့်အကြောင်းအရာများကိုလည်းကောင်း၊ အစားအသောက်များတွင် ဆိုးဆေးပါဝင်မှု၊ ဆိုးဆေးအန္တရာယ်နှင့်ဆိုးဆေးကြောင့်ဖြစ်ပွားနိုင်သော ရောဂါများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးအကြောင်းသိကောင်းစရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း၊ ဆက်လက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကျောင်းမုန့်ဈေးတန်းများအားကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Capital Super Market ရှိဆန် အရောင်းဆိုင်များသို့ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကွင်းဆင်း ဆောင်ရွက်လျက်ရှိ

(၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန  ရန်ကုန် အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အငယ်တန်းစာရေး) နှင့် ဝန်ထမ်း(၁)ဦး ၊ အထူးစုံစမ်းရေးစစ်ဆေးရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပင်လုံလမ်း (၃၃) ရပ်ကွက် ၊မြောက်ဒဂုံမြို့နယ်ရှိ ဆန်ရောင်းချသည့် အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရပါ သည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို ပူးပေါင်းအဖွဲ့မှစစ်ဆေးခြင်းဖြစ်ပြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း(အငယ်တန်းစာရေး)က ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ဈေးကစားရန် အလို့ငှာ  ဆန်များကိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး စသည်တို့ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်မင်းရောင်ဈေးအတွင်းဆန်လက်လီ၊လက်ကား အရောင်းဆိုင်များသို့ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကွင်းဆင်း ဆောင်ရွက်လျက်ရှိ

(၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်း(၁)ဦး၊ အထူးစုံစမ်းရေးစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၂၄)၊ ဗိုလ်မင်းရောင်ဈေး (၄၂)ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်ရှိ ဆန်လက်လီ၊ လက်ကား ရောင်းချသည့် အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါ သည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို ပူးပေါင်းအဖွဲ့မှစစ်ဆေးခြင်းဖြစ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) က ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်အလို့ငှာ  ဆန်များကို လှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး စသည်တို့ကို စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်လက်လီ၊လက်ကား အရောင်းဆိုင်များသို့ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကွင်းဆင်း ဆောင်ရွက်လျက်ရှိ

(၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန  ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လက်ထောက်ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်း(၁)ဦး ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးကျော်မင်းလွင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းအောင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အမှတ် (၁၀၉၉)၊ ဦးလှဖေလမ်း (၃၄)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ ဆန်လက်လီ၊လက်ကား ရောင်းချ သည့် အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို ပူးပေါင်းအဖွဲ့မှစစ်ဆေးခြင်းဖြစ်ပြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြု ရန်နှင့် ဈေးကစားရန်အလို့ငှာ  ဆန်များကိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး စသည်တို့ကို စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေပြည်သာမြို့နယ်အတွင်းရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၁၀.၁.၂၀၂၅ ရက်နေ့ နံနက်(၉:၄၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ရွှေပြည်သာမြို့နယ်အတွင်းရှိ ချိုဇင်၊ စိန်လည်တိုင်၊ လှိုင်နွယ်ဦးအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၂၃/ခ)၊ ပဲခူးပန်းခြံမေယုလမ်း၊ (၆)ရပ်ကွက်ရှိ ချိုဇင် အလှကုန်ပစ္စည်းလုပ်ငန်း၊ အမှတ်(၁၉၃)၊ ကော့သောင်းလမ်း၊ (၁၀/၃၃)ရပ်ကွက်ရှိ စိန်လည်တိုင် လက်ဝတ်ရတနာပစ္စည်းများရောင်းချခြင်းလုပ်ငန်းနှင့် အမှတ်(၄၄၇)၊ ပိတောက်လမ်း၊ (၁၂)ရပ်ကွက်ရှိ လှိုင်နွယ်ဦး လူသုံးကုန်ပစ္စည်းရောင်းချနေသော နေရာများသို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များနှင့်ပြည့်စုံခြင်းရှိ/မရှိကို မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အင်းစိန်မြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့်နေရာသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၁.၂၀၂၅) နေ့လည်(၁၂:၀၀)နာရီအချိန်တွင် အမှတ်(၁၁၈၃)၊ သာယာအေး(၂)လမ်း၊ တောင်သူကုန်း၊ အင်းစိန် မြို့နယ်ရှိ ချမ်းမြေ့ဇော်အမည့်ဖြင့် အွန်လိုင်းရောင်းချမည့်အလှကုန်ပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ မှတ်ပုံတင်ထားသော ကုန်စည်နှင့်မြေပြင်တွင်ရှိသော ကုန်စည်များကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ရပ်ကွက်ထောက် ခံချက်၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန်း၏ Logo နှင့် မှတ်ပုံတင် ထားသော ကုန်စည်ကို မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီပါကြောင်း၊ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း အချက်အလက်များ ကိုက်ညီမှသာ အွန်လိုင်းစနစ်ဖြင့် ကုန်စည်ရောင်းချခွင့် ရရှိမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ချိုဝေလွင်လွင်အမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၁.၂၀၂၅) နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်ရှိ အလှကုန်ပစ္စည်း နှင့် လူသုံးကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော နေရာသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ပါသည်။

ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၆၄၂)၊ မင်းစေတီလမ်း၊ ရွာမအနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ ချိုဝေလွင်လွင်အမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသူ ဒေါ်ချိုဝေလွင်လွင်အား မြေပြင်စစ်ဆေးခြင်းအဆင့်ဆင့်တွင်ပါဝင်သော အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြ ပါရှိရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြမှုရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ