ကျောက်ပန်းတောင်းမြို့ရှိ ဆန်ဆိုင်များသို့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချစေရေးကွင်းဆင်း 

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ သန့် ဆန်ပွဲရုံသို့ ၅.၁၁.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ကျော်ကြား ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချ နေသော ဆန်အမျိုးအစားများမှာ အညားသားဆန်(၂၄)ပြည်တစ်အိတ်လျှင်(၇၃၀၀၀)ကျပ်၊ ကရင်မဆန်(၂၄)ပြည်တစ်အိတ်လျှင်(၆၈၀၀၀)ကျပ်၊ ရက် ၉၀ ဆန်(၂၄)ပြည်တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်၊ ဆင်းသုခ(၂၄)ပြည်တစ်အိတ်လျှင်(၇၈၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်လှလှဝင်းအား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိ စေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြား ခဲ့ပါသည်။

DOCA(မန္တလေး)