
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Trusty Family Co.ltdအား နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ Olympic Hotel, National Swimming Pool Complex, U Wisara Road, Dagon tsp, Ygn ရှိ Trusty Family Co.ltd သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်ပေးရာတွင်လည်း အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေးနှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
