တိုင်းဒေသကြီးဦးစီးမှူးမှ MyROမှတ်ပုံတင်စနစ်လာရောက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ MyROမှတ်ပုံတင်စနစ် လာရောက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်စနစ် MyRO သိုလှောင်ရုံမှတ်ပုံတင် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များနှင့် လျှောက်ထားပုံအဆင့်ဆင့်များ၊ သိုလှောင်ရုံမှတ်ပုံ တင်လျှောက်ထားဆောင်ရွက်ပြီးလျှင် သိုလှောင်ရုံလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခြင်း၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)