ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဘေသေးလှကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီစာအုပ်ဖြန့်ဝေပေးခြင်းပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် ငပုတောမြို့နယ် ဘေသေးလှကျေးရွာတွင် ကျေးရွာရှိစားသုံးသူ ပြည်သူများအား ဆီဝယ်ယူရန်အတွက် ဆီစာအုပ်များဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး ဆီစာအုပ်ဖြန့်ဝေရာတွင် ဆီစာအုပ်ပြုလုပ်သောလူမှလွဲ၍ အခြားလူများ ဝယ်ယူခြင်းမပြုရန်၊ ဆီဝယ်ယူခွင့်ပြုထားသည့်ကာလအတွင်း သတ်မှတ်ပမာဏကိုသာ ဝယ်ယူရရှိရန်၊ ဝယ်ယူရရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ သုံးစွဲရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည် ရောင်းချခြင်းမပြုကြရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ်ထုတ်ပေးထား သည့်နေရာသို့ သတင်း ပို့တင်ပြရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်း မပြုကြရန် မိမိလက်ဝယ်တွင်သာထားရှိကြရန် ရှင်းလင်းပြောကြားပြီး ဘေသေးလှကျေးရွာတွင် စုစုပေါင်း ဆီစာအုပ်(၁၀၀)အုပ် ဖြန့်ဝေပြီးဖြစ်ပါသည်။

(DOCA) ဧရာဝတီ