သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ အားသာချက်/အားနည်းချက်များအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၆.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀) အချိန် တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍အားသာချက်/အားနည်းချက်များအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ် လျဉ်း၍သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်း ဖြစ်ကြောင်း၊အွန်လိုင်း မှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲ ဖော်ပြထားပြီး၊ အားသာချက်မှာ အွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ရာတွင် ကိုယ်တိုင်သွား ရောက်ဝယ် ယူရန်မလိုဘဲအင်တာနက်ရရှိသည့်မည်သည့် နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်ကို အွန်လိုင်းဆိုင်များ မှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူသူများ၏ သုံးသပ်ချက်များ၊ သတ်မှတ်ချက် များအားဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်းကြောင့် အချိန်မကုန်စေဘဲ အလွယ်တကူဝယ်ယူရရှိနိုင် ကြောင်းရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ အွန်လိုင်းဈေးဝယ်ယူခြင်း၏အားနည်းချက်အနေဖြင့်ပို့ဆောင် သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန်ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ်ချက်ရှိခြင်း၊ အစားထိုးလဲလှယ် မှုများ၏ လုပ်ငန်းစဉ် ရှုပ်ထွေးမှုရှိနိုင်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည် ဖော်ပြခြင်း၊ ငွေပေးချေမှုဆိုင်ရာအချက်များချိုးဖောက်ခံရနိုင်ခြင်း၊ တရားမဝင်သောအွန်လိုင်းများမှ လိမ် လည်မှုခံရနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စာ အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၆.၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချ သော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံ ချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထား သော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခု ထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်စားသုံးသူများစိတ်ကျေ နပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စတိုးဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊‌ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို (၁.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၂း၀၀)အချိန်တွင် မင်္ဂလာအိုင်စီတီ ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေးနှင့်သင်တန်း အိမ်အမှတ်(၃၁၅၈၈)ဧရာဝတီ(၂၀)လမ်း ဂန္ဓာမာ၅)လမ်း ထောင့်၊ဝဏ္ဏဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်သို့ သွားရောက်၍ စစ်‌ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပက်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

 

     

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊‌ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိကို (၄.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၂း၀၀) အချိန်တွင် မြတ်အွန်လိုင်းရှော့ လူသုံးကုန်ပစ္စည်းများရောင်းချရေးလုပ်ငန်း  အမှတ်(B/4)စည်ပင်အိမ်ရာ၊ ရာဇသင်္ဂဟလမ်း၊ ပုဗ္ဗသီရိ မြို့နယ်၊နေပြည်တော်သို့ သွားရောက်၍ စစ်‌ဆေးခဲ့ကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါအခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပက်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ ‌မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို (၁.၂.၂၀၂၅)ရက်နေ့၊ နေ့လည်(၂း၀၀)အချိန်တွင် အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်များအား  အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် အမှတ်(၂၁၉၅၂)၊ နွယ်သာကီ(၄)လမ်း ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိခရိုင်၊ နေပြည်တော်သို့ သွားရောက်၍ စစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါအခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပက်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

 

ကန့်ဘလူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက် နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့မရဲစခန်းနှင့် မီးသတ်ဦး စီးဌာန စသည့်ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား ကွင်းဆင်း၍ စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီဆိုင်များအနေဖြင့် တရားမဝင် စက်သုံးဆီများရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ် ရန်နှင့် စက်သုံးဆီများလွယ်ကူစွာဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကိုပုံမှန်ဖွင့်လှစ် ရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

မအူပင်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာ ဟောပြောခြင်း

၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၄:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်း မအူပင်ခရိုင် အစိုးရနည်းပညာ အထက်တန်း ကျောင်းတွင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်း တို့ကို ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးအား ဟောပြောဆွေးနွေးခဲ့ပါသည်။

ဟောပြောဆွေးနွေးရာ မအူပင်ခရိုင်မှ ဦးအောင်ဇော်ဦးက အဖွင့်စကားပြော ကြားပြီးနောက် ဒေါ်သဇင်ဦး ဒု-ဦးစီးမှူးက  အွန်လိုင်းစနစ်ဖြင့်ရောင်းချသူ(Online Sales)များ မှတ်ပုံတင်ရန်အတွက် အမိန့်ကြော်ငြာစာပါ အချက်အလက်များကို ရှင်းလင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရန် နည်း လမ်းများ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင် မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales)၊ လုပ်ငန်းမှတ်ပုံတင်(အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန် အချက်များစသည်တို့ကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခြင်း၊ အွန်လိုင်းဖြင့် ကုန်စည်ဝယ်ယူမှုနှင့် စားသုံးသူ ထိခိုက်နစ်နာမှုကိစ္စရပ်များ ဖြစ်ပေါ်နေ၍ ဥပဒေဖြင့် ကာကွယ်ဆောင်ရွက် လျက်ရှိပြီး အွန်လိုင်း ပလက်ဖောင်းတွင် ဖြစ်ပေါ်နေမှုများကို ထိန်းကြောင်းခြင်းဖြစ်ကြောင်း၊ Consumer Call Center 1535သို့ သိလိုသည်များ မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကိုလည်းကောင်း ရှင်းလင်းခဲ့သည်။

ဆက်လက်၍ မည်သူမဆို အွန်လိုင်း (Online)စနစ်မှ တစ်ဆင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်လိုပါက အွန်လိုင်း (Online) စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင် လက်မှတ် လျှောက်ထား ရရှိပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး လက်မှတ်ကို အွန်လိုင်း (Online) စနစ်မှ ‌စတင်လျှောက်ထားရမည် ဖြစ်ရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အွန်လိုင်း (Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ အခွင့်အာဏာ အပ်နှင်းခြင်းခံရသည့် ကုန်သွယ်ရေးဦးစီးဌာန၏ Website ဖြစ်သော www.ecomreg.gov.mm တွင်ဝင်‌ရောက်၍ လျှောက်ထား ရမည်ဖြစ်ကြောင်း၊ www.ecomreg.gov.mm တွင် မှတ်ပုံတင်ရမည့် အဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းအမျိုးအစား အလိုက် မှတ်ပုံတင်ကြေး  ကုမ္ပဏီ (သို့) အဖွဲ့အစည်း မှတ်ပုံတင်ကြေး ၇၀၀၀၀ကျပ်၊ ကုမ္ပဏီ (သို့) အဖွဲ့အစည်း များမှ  MSMEs ဆိုင်ရာအသိအမှတ်ပြု အထောက်အထားပါရှိပါက မှတ်ပုံတင်ကြေး ၅၀၀၀၀ကျပ်သာ ကျသင့် ပြီး၊ လူပုဂ္ဂိူလ် တစ်ဦးချင်း အတွက် မှတ်ပုံတင်ကြေး ၃၀၀၀၀ကျပ် ကျသင့်ကြောင်း သတ်မှတ်ချက်များကို လိုက်နာမှု မရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)အရ အနည်းဆုံး ထောင်ဒဏ် (၆)လမှ (၃)နှစ် အထိ ချမှတ်နိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်သူ ကျောင်းသား/ ကျောင်းသူ (၅)ဦးမှ သိရှိလိုသည်များမေးမြန်းသဖြင့် ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)        

ဓနုဖြူတောင်ပိုင်း ကျောင်းမုန့်ဈေးတန်းတွင် စားသုံးရန် အသင့်မည့် အစားအစာများ ရောင်းချမှု မရှိစေရန် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း

 ၅.၂.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂ : ၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ  ဦးခိုင်လွမ်းမိုးက ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချခြင်း မရှိစေရေး၊ ကျောင်းသား ကျောင်းသူများအား အရောင်ဆိုးဆေး ပါဝင်သော မုန့်များ စားသောက်ခြင်း မရှိစေရေးအတွက် ဈေးဆိုင်ပိုင်ရှင်တို့အား အသိပညာပေး ရှင်းလင်းခြင်း၊ မုန့်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် အမှတ်တံဆိပ် များပြည့်စုံစွာပါရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆိုးဆေးပါသောမုန့်များ၊ မသန့်ရှင်းသောအစားအသောက်များ၊ သက်တမ်းလွန် သောမုန့်များကိုမရောင်းချရန် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)        

ဟင်္သာတမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ဈေးတာဝန်ခံများ နှင့် ဈေးရောင်းချနေသည့် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များထံသို့ စားသုံးသူ အသိပညာပေး လုပ်ငန်းများကို လျာထားချက်များထား၍ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော် နှင့်  ခေါင်းဆောင်သော အဖွဲ့သည် (၄.၂.၂၀၂၅) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ဈေးတာဝန်ခံများ နှင့် ဈေးရောင်းချနေသည့် ဆိုင်ရှင် စုစုပေါင်းဦးရေ (၃၅) ဦးတို့အား စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုများ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြေညာချက်ဖြင့် သတ်မှတ်ထားသည့် အရေးကြီး ကုန်စည် နှင့် အရေးကြီးဝန်ဆောင်မှုများ၊ Online Sale မှတ်ပုံတင်ခြင်း နှင့် ပတ် သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်နေရသည့် တာဝန်များအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ကုန်စည်ဒိုင်အတွင်းရှိ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူ များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

(၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဇလွန်မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦး နှင့်  ခေါင်းဆောင်သောအဖွဲ့သည် ဇလွန်မြို့နယ်၊ လမ်းမ တော်ရပ်ကွက်၊ ဒူးယားလမ်းရှိ ဇလွန်ကုန်စည်ဒိုင်အတွင်း၌ ကုန်စည်ဒိုင်လုပ်ငန်းရှင်များ နှင့် စားသုံးသူပြည်သူ (၄၅)ဦးခန့်အား စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန် ဝတ္တရားများ၊ စားသုံးသူအခွင့်အရေးများ နှင့် စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ စားသုံးသူ တို့၏ တာဝန်နှင့်ဝတ္တရား၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ ပြဌာန်းချက်များ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနမှ ကြေညာထားသည့် အရေးကြီး ကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှုများ၊ အရေးကြီးဝန်ဆောင်မှု Online Sale မှတ်ပုံတင်ခြင်း နှင့် စားသုံးသူ ရေးရာဦးစီးဌာန တို့၏ ဆောင်ရွက်မှုများကိုလည်း အသိပညာပေး ဟောပြော ဆွေးနွေး ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ