M/S BAY LINE SHIPPING PTE, LTD (SINGAPORE) ကုမ္မဏီပိုင် LYNX SATU အမည်ရှိ စက်သုံးဆီတင်သင်္ဘောရောက်ရှိ

Powered by Drupal

     ၂.၁၂.၂၀၂၅ ရက်နေ့ ၁၆:၃၀ အချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္မဏီပိုင် LYNX SATU အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် နိုင်လင်းထွန်းပါ မြန်မာနိုင်ငံသား သင်္ဘောသား ၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၆ ဦး၊ မလေးရှားနိုင်ငံသား သင်္ဘောသား ၄ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် 92 ဓာတ်ဆီ ၂၅၀၃.၃၅၆ မထ္ထရစ်တန်၊ ဒီဇယ်(ရိုးရိုး) ၃၃၅၆.၂၆၅ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။

    အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။   

DOCA (မွန်)