
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) သည် ၈.၁၂.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာအတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်ဝန်ဆောင်မှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ၊ ကုန်စည် / ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့်သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
