သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၈;၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်း တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ ပါသည်။

       ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဦးတင်စိုးနိုင်(ဦးစီးမှူး) နှင့် ဦးဝင်းသွင်(ရုံးအုပ်) တို့သည်(၁၂..၂၀၂၅)ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းအကျိုးတော်ဆောင် စုစုပေါင်း(၁၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲ၌ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသား များ၊ သတိပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အစားအသောက်များ‌ရောင်းချရာ တွင်သန့်သန့်ရှင်းရှင်းရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးရန်မသင့်သောအစားအစာများကိုရောင်း ချရန်မသင့်ကြောင်းနှင့်  စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်၍ဖြစ်စေ၊ www. doca. gov.mm website မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း အဆိုပါတိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာန မှလက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

DOCA(ပြည်ထောင်စုနယ်မြေ)

ဖျာပုံမြို့၊ (၅)ရပ်ကွက်၊ အောင်သစ္စာ(၄)လမ်း “စွဲမြဲ”ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းအား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နေ့လည်(၁:၀၀) နာရီအချိန်တွင် အသေးစား၊ အလတ်စား၊အငယ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ၊ ထုတ်ကုန်များပိုမို ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြပါသည်။

    အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့၊ (၁၅)ရပ်ကွက်၊ အောင်သစ္စာ(၄)လမ်းရှိ “စွဲမြဲ” အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်နေသော ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းတွင် စားသုံးသူကာကွယ်ရေးဉပဒေ ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်တွင် ကိုက်ညီမှုရှိ/ မရှိ ဒုခရိုင်ဦးစီးမှူးက စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး၊ သန့်ရှင်းသက်ရပ်မှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအား လိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဦးဝင်းသွင်(ရုံးအုပ်) နှင့် ဦးတင်စိုးနိုင်(ဦးစီးမှူး) တို့သည်(၁၀.. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ အမှတ်(၁၆)အခြေခံပညာအထက်တန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များနှင့်ဆရာ၊ ဆရာမစုစုပေါင်း(၉၂)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများဝယ်ယူရောင်းချ ရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်၍ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း အဆိုပါတိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ လက်ခံဖြေရှင်းဆောင်ရွက်ပေး လျက်ရှိကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   

DOCA(ပြည်ထောင်စုနယ်မြေ)

စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၈.၉.၂၀၂၅) ၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့ ၊ တပေတမော့ ကျေးရွာရှိ စက်သုံးဆီဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် တပေတမာ့ ကျေးရွာရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော 92 ၊ 95 Disel ၊ PHSD စသည့် စက်သုံးဆီဈေးနှုန်းကို ကွင်းဆင်းစိစစ်ခဲ့ရာ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချနေကြောင်း  ဈေးကွက်စောင့်ကြည့် စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းများသွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဦးတင်စိုးနိုင်(ဦးစီးမှူး)၊ ဦးဝင်းသွင်(ရုံးအုပ်)နှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၀..၂၀၂၅)  ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ (၁၂..၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ တို့ရှိ ကျောင်းမုန့် ဈေးတန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းရောင်းချသူ များအား သန့်ရှင်းလတ်ဆတ်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ကုန်ပစ္စည်း များကိုရောင်းချစေရေး၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသော မုန့်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာရောင်းချရန်၊ ကျောင်းသား/ ကျောင်းသူများ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ ရေးနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများမရှိစေရေး စသည့်အကြောင်းအရာများကို ရှင်းလင်းမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

ကျိုက်လတ်မြို့ရှိ ကုန်စုံဆိုင်များတွင် ဘူးဆီများကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော ဘူးဆီများအား FDA ထောက်ခံချက် ပါဝင်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြပါ သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးနှင့် မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိပြီး FDA ထောက်ခံချက် အမှတ်များပါဝင်မှုရှိသည်ကိုလည်း တွေ့ရှိရပါသည်။ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ မပါဝင်သော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ “ရွှေဒေါင်း” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ၊ ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ ဒေါ်ကျင်သန်းပိုင်“ရွှေဒေါင်း” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဆန်စက်ပိုင်ရှင်အသင်း၊ ဆန်/စပါး လုပ်ငန်းရှင်အသင်း၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပေါ်ဆန်းစပါးထားသိုမှု၊ လက်ကျန်အခြေအနေများကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြ ပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်ပတ်နေ မှုအခြေအနေ၊ လုပ်သားအင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ၊ တွက်ခြေ ကိုက်မှု အခြေ အနေ၊ ဆန်/စပါး လက်ကျန် အခြေအနေနှင့် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေး ပြည့်မှီရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် Wilmar ပေါင်းဆန်စက်ရုံတွင် (MI TS) အဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်သည် စပါးအား အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ ဆန်/စပါး တင်ပို့ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် Wilmar ပေါင်းဆန်စက်ရုံသို့ ပို့ကုန်လိုင်စင် လျှောက်ထားရန်နှင့် ဆန်နှင့် ဆန်ထွက်ပစ္စည်း သိုလှောင်ထားရှိမှု အခြေအနေနှင့် ပိုင်ပုံလွှာ တင်စီစစ်ဆေးမှု အခြေအနေကို ကုန်သွယ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သိုလှောင်ရုံ တာဝန်ခံ (MI Ts) စစ်ဆေးရေးမှူး အဖွဲ့က စစ်ဆေးခဲ့ပါသည်။

     သိုလှောင်ရုံသည် FDI ကုမ္ပဏီ ဖြစ်ပြီး ကုမ္ပဏီပိုင် သိုလှောင်ရုံ အတွင်း၌ စစ်ဆေးခဲ့ပါကြောင်း စစ်ဆေးရာတွင် ပေါင်းဆန်ကုန်ချော (၅) မတ် ဆန် (၆၃.၅%) ၊ RC (၄၄၅) နှင့် (၇၀၀) တန်တို့ကို ပိုင်ပုံလွှာ ထပ်စီမှုတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) နှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ() ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုး မွေးမြူရေးကို အောင်မြင်စွာစိုက်ပျိုးဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပဆန် ဈေးနှုန်းပေါ် မူတည်ပြီး ပြည်တွင်းစပါးဈေးနှုန်းများသည် တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပေါ်ဆန်းဆန် အများဆုံးစိုက်ပျိုးသည့်တိုင်းဒေသကြီးဖြစ်ပြီး  ပြည်ပ ဈေးကွက် သို့တင်ပို့ရာတွင် ထုတ်ပိုးမှု ကောင်းကောင်းဖြင့်  အရည်အသွေးရှိသည့် ဆန်များကို ရွေးချယ်တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ စပါးဈေးနှုန်းသင့်တင့်မျှတစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။

    ထို့နောက်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ က   တိုင်းဒေသကြီးအတွင်း Rice Export Zone ဖော်ဆောင်မည့်ကိစ္စ၊ ပေါ်ဆန်းမွှေး ဆန်ပြည်ပတင်ပို့မှုကိစ္စ၊ ဆန်စက်လုပ်ငန်းနှင့် ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းအခြေအနေများ နှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌမှ (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် အလှူငွေ ပေးအပ်မှုကို လက်ခံ ရယူခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက်ထွက်ရှိသည့် ပေါ်ဆန်းဆန်မျိုးများနှင့် ချက်ပြုတ်ထားသည့် ထမင်းနမူနာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ