သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ်ရှိ Panda Lay အွန်လိုင်းဖြင့်ရောင်းချသည့်အရောင်းဆိုင်သို့ OnlineSalesနှင့်ပတ်သတ်၍စားသုံးသူရေးရာဦးစီးဌာနမှမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦး သည် မအူပင်မြို့နယ်ရှိ Panda Lay အွန်လိုင်းဖြင့် ရောင်းချသည့် အရောင်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက် များကို မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင်ကွင်းဆင်း စစ်ဆေး တွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါစစ်ဆေး ချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်မြို့နယ်ရှိ ဒေါ်သူဇာဝင်း အွန်လိုင်းဖြင့်ရောင်းချသည့်အရောင်းဆိုင်သို့ OnlineSalesနှင့်ပတ်သတ်၍စားသုံးသူရေးရာဦးစီးဌာနမှမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၃.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦး သည် မအူပင်မြို့နယ်ရှိ ဒေါ်သူဇာဝင်း အွန်လိုင်းအရောင်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက် များကို မြေပြင် ကွင်းဆင်းစစ်ဆေးမှု များ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင် ကွင်းဆင်း စစ်ဆေး တွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေးပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟိန်းနဒီ Online ရောင်းဝယ်ရေးလုပ်ငန်းသို့ အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

            ရန်ကုန်တိုင်းဒသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြား ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂၃) မင်္ဂလာလမ်း၊ (၁၃)ရက်ကွက်ရှိ ဟိန်းနဒီ Online   ရောင်းဝယ်ရေးလုပ်ငန်း သို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးတင်မိုးအောင်၊ သင်္ဃန်းကျွန်းခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး လှသိန်း+၅ ၊   အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ ခရိုင်မှူးဦးလှစိုး+၁၊     မြောက်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်မှူး ဦးအောင်တင်စိုး + ၁ ၊  အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဝင်းဇော် (၅)+၁၊  မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မိုးအိစံ + ၁ ၊ (၁၃) ရပ်ကွက်ဥက္ကဌ ဦးသန်းလိူင်တို့ပါဝင်လျက် ဖော်ပြပါလိပ်စာနေရာသို့ (၁၁.၂.၂၀၂၅)ရက်နေ့၊ ညနေ( ၁၅း၀၀)  အချိန်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         စစ်ဆေးတွေ့ရှိချက်များအရ ဖော်ပြပါနေအိမ်အတွင်း ဘေထုပ်အဝတ်အထည်မျိုးစုံ (40kg)၊  ထုပ်များကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါဘေထုပ်များမှာ တရားဝင်တင်သွင်းထား ခြင်းမဟုတ်ကြောင်း သက်ဆိုင်ရာအကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိခဲ့သောကြောင့် တရားမဝင်ကုန်ပစ္စည်းများအဖြစ် သိမ်းဆည်း၍ အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုပ်လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအစည်းအဝေးတက်ရောက်ခြင်း

          ၁၁.၂.၂၀၂၅ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)သို့ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)မှ အစည်းအဝေးပွဲတက် ရောက်ခဲ့ကြောင်းသိရှိ ရပါသည်။

         အစည်းအဝေးပွဲတွင် ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေး/လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များနှင့် လစဉ်ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းဆောင်တာ ကိစ္စရပ်များအပါအဝင် မြို့နယ် အတွင်း ဖွင့်လှစ်ရောင်းချလျှက်ရှိသော စားအုန်းဆီခွဲတမ်းများ ရောင်းချမှုအခြေအနေနှင့် ရက်ကွက်/ ဈေးများရှိ ဆန်ဆိုင်များမှ အများပြည်သူများထံ သင့်တင့်မျှတ သည့် ဆန်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ကြပ်မတ်ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့့်် ဆီကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးပေးခဲ့ကြ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအစည်းအဝေးတက်ရောက်ခြင်း

            ၁၁.၂.၂၀၂၅ ရက်နေ့တွင် သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ ဌာနပေါင်းစုံလုပ််ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) သို့ စားသုံးသူရေးရာဦးစီးဌာန အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံမှ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ)မှ အစည်းအဝေးပွဲတက် ရောက်ခဲ့ကြောင်းသိရှိ ရပါသည်။

           အစည်းအဝေးပွဲတွင် ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပဆောင်ရွက်မည့်ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လစဉ်ဆောင်ရွက် လျှက်ရှိသော လုပ်ငန်းဆောင်တာ ကိစ္စရပ်အပါအဝင် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျှက်ရှိသော စားအုန်းဆီ ခွဲတမ်းများ ရောင်းချမှုအခြေအနေနှင့် City Mark ရှိဆန်များနှင့် ရက်ကွက်/ဈေးများရှိ ဆန်ဆိုင်များမှ အများပြည် သူများထံ သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအားဆွေးနွေးခဲ့ကြ ကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဆီကိုယ်စားလှယ်များမှ အပြန်အလှန်ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင် ဉက္ကဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ရွှေဘိုမြို့နယ်တာဝန်ခံသည် (၁၃.၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ ဉက္ကဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုမြို့နယ်တာဝန်ခံက ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် အရောင်းအဝယ်ဖြစ်သည့် ပဲ၊ နှမ်းများကို နိုင်ငံခြားသို့ တိုက်ရိုက်တင်ပို့ခြင်းရှိ/မရှိမေးမြန်းရာ ရွှေဘိုမြို့မှ နိုင်ငံခြားသို့ တိုက်ရိုက်ချိတ်ဆက်တင်ပို့ခြင်းမရှိဘဲ တစ်ဆင့်ဝယ်ယူသူများကသာ တင်ပို့လျက်ရှိကြောင်းနှင့် လက်ရှိတွင် ပဲစဉ်းငုံ(နီ)နှင့် ပဲစဉ်းငုံဖြူများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည့်အတွက် အရောင်းအဝယ်ဖြစ်သည့် သီးနှံများ၏ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်သည့်တင်း/တန် စာရင်းများ‌အား စာရင်းကောက်ယူခဲ့ကြောင်း သတင်ရရှိပါသည်။

DOCA(စစ်ကိုင်း)

ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအစည်းအဝေးတက်ရောက်ခြင်း

               ၁၀.၂.၂၀၂၅ ရက်နေ့တွင် ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ ဌာန ပေါင်းစုံလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) သို့ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံမှ ဦးဝင်းနိုင်(ဦးစီးအရာရှိ)မှ အစည်းအဝေးပွဲတက် ရောက်ခဲ့ကြောင်းသိရှိရပါသည်။

            အစည်းအဝေးပွဲတွင် ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပဆောင်ရွက်မည့်ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လစဉ်ဆောင်ရွက် လျှက်ရှိသော လုပ်ငန်းဆောင်တာကိစ္စရပ်အပါအဝင် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျှက်ရှိသော City Mark ရှိဆန်များနှင့် ရက်ကွက်/ဈေးများရှိ ဆန်ဆိုင်များမှ အများပြည် သူများထံ သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းအတိုင်းရောင်းချနိုင်ရန် ကြပ်မတ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သက်ဆိုင်ရာဌာနများမှ ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းများအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့် ဆေးပစ္စည်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကား ခြင်းရှိ/မရှိ နှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့အား ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များကို  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော မိတ်ဖက်ဌာန များနှင့် ပူးပေါင်း၍(၁၃.၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း လက်ကားအရောင်းဆိုင်များသို့သွားရောက်ကာ စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ကော့သောင်းမြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော စျေးနှုန်းများဖြင့်သာရောင်းချလျက်ရှိပြီး ဆေးဝါးများပြတ်လပ်မှုမရှိပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ တိုင်းရင်းဆေးဝါး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

             ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအ၊ မြို့ နယ်တိုင်းရင်းဆေးပညာဦးစီးဌာန တို့ပူးပေါင်းအဖွဲ့တို့သည် ကော့သောင်းမြို့ပေါ်ရှိ တိုင်းရင်းဆေး ဝါးအရောင်းဆိုင်(၇)ဆိုင်တို့အား တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ကြေငြာထားသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆေးဆိုင်လုပ်ငန်းရှင်များအား တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များအားသွားရောက်စစ်ဆေးခြင်း

           တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် (၁၃.၂.၂၀၂၅) ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကော့သောင်းမြို့နယ်အတွင်းရှိ လက်လီ/လက်ကားဆန်အရောင်းဆိုင်(၅)ဆိုင်အား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများရောင်းချရန်၊ ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ