သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုး အရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး(ဦးစီးမှူး)ဦးစီး၍ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်း ၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုး အရောင်းဆိုင် များအား ထုတ်ကုံလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များဆောင်ရွက်ရာတွင် FDA ၏ ထောက်ခံ ချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများပါရှိပြီး တရားဝင်တင်သွင်းထားသော အသင့် သောက်ကော်ဖီနှင့် လက်ဖက်ရည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသော ကော်ဖီနှင့် လက်ဖက်ရည်များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဟိန်းလင်းထက် (ဌာနခွဲစာရေး)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ငရုတ်ခြောက်ရှည်၊ ကြက်သွန်နီ၊ ကြက်သား(CP)နှင့် မြေပဲတို့ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ ပါသည်။ ယင်းသို့ ငရုတ်ခြောက်ရှည်နှင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်ရခြင်းမှာ ပြည်မမှအဝင်နည်း သောကြောင့်လည်းကောင်း၊ ကြက်သား(CP)ဈေးနှုန်း မြင့်တက်ရခြင်းမှာ ဝယ်လိုအားများသောကြောင့် လည်းကောင်း၊ မြေပဲဈေးနှုန်း မြင့်တက်ရခြင်းမှာ ဒေသထွက်လက်ကျန်လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဝက်သားနှင့် ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းတို့ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ဝက်သားဈေးနှုန်း ကျဆင်းရခြင်းမှာ ဝက်စာဈေးနှုန်း ကျဆင်းသောကြောင့်လည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးနှုန်းကျဆင်းရခြင်းမှာ တရုတ် (ယွမ်) ငွေ ဈေးနှုန်းကျဆင်းသောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။

     ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက် ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စီးပွားရေးလုပ်ငန်းရှင် နှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) သည် ၄-၉-၂၀၂၅ရက်နေ့ ၁၄:၀၀နာရီအချိန်တွင် လွယ်မယ်ကျေးရွာ၊ ရေချိုအုပ်စု၊ ကလောမြို့နယ်ရှိ ဒေသထွက်ကုန် အိမ်တွင်းမှုအကြော်စုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် လုပ်ငန်းရှင်အား ထုတ်လုပ်သော ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် နှင့် သက် တမ်းကုန်ဆုံးချိန် ဖော်ပြချက်များကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြရမည့်အပြင် အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ကိုလည်း ပြည့်စုံစွာ ဖော်ပြပေးရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်ရှိ ဆုံဆီထုတ်လုပ်သူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(..၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၅) နာရီအချိန်တွင် ကြံခင်းမြို့၊ ဗိုလ်ချုပ်လမ်း၊ ရွှေတောင်စုရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆုံဆီလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေး  တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်၊ ဈေးကွက်မရောက်မီ ကြိတ်ခွဲထုတ်လုပ်လျက်ရှိသောဆီများတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ ကြိတ်ခွဲထုတ်လုပ်သော ကုန်ကြမ်းများ ရယူသောနေရာ၊ဒေသများကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များ အနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ် လုပ်ရန်၊ စားသုံးသူများ အသုံးပြုရန် သင့်လျော်သောဆီ များကိုသာရောင်းချရန်နှင့် သင့်တင့်မျှတ သော ဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေးရှင်းလင်းပြောကြားကာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လွိုင်လင်မြို့မဈေးရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၄.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင် များသို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

၁၀/တောင်(၁၂)ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၅.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃း၃၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီ ကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူး သည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ၁၀/တောင်(၁၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)စုအားမြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့ပြီး  Myanmar United Asia Service Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုင်းတုံမြို့ရှိ “IM-Net Fiber Internet” အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသို့ ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ () ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ IM-Net Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူ နစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် IM-Net Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအနေဖြင့် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးရာတွင် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူ များသိရှိစေရန် ဗွီနိုင်းပိုစတာများကပ်၍ ဆောင်ရွက်ထားရန်၊ အစဉ်မပြတ် ဆက်သွယ်၍ အကြောင်းကြားရန်ပြောကြားခဲ့ပြီး စာချုပ်စာတမ်းများထားရှိရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများအား ဝန်ဆောင်မှုပြည့်ဝစွာပေး၍ ဖြေရှင်းဆောင်ရွက်ရန် Call Center များထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်အတွင်း စားအုန်းဆီရောင်းချမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၅.၉.၂၀၂၅ ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင် ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် သိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်များတွင် အသင့်သောက်‌ကော်ဖီထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ဒေါ်တင်တင်အေး(ဒု-တိယဦးစီးမှူး) ဦးဆောင်သော စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ရေအေးကွင်းရပ်ကွက်ရှိ “ဇွန်စတိုး”ဆိုင်အား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ စတိုးဆိုင်များတွင် ရောင်းချနေသော အသင့်သောက်ကော်ဖီထုပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဌေး(ရုံးအုပ်) ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ ရောင်းချလျက်ရှိသောဆေးဆိုင်များတွင် ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာ ချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ  ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြင့်တင် ရောင်းချမှုရှိ/မရှိ၊ စပ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးများ ပြတ်လပ်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့်ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ