သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသော999ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော 999ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးရပ်ကွက်ရှိ လက်လီ/ လက်ကား ရောင်းချနေသော 999ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင် ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

ညောင်တုန်းမြို့နယ် အတွင်းရှိ ဩဂုတ်လအတွင်း (တောင်သူ၊ စက်ပိုင်၊ကုန်သည်) စပါး/ကျန် သိုလှောင်ထားရှိမှု လက်ကျန်အခြေအနေများ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထား ရှိသူများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်အမှတ် ၈၂/၂၀၂၄ အရ စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန် အလိုငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှ myro တွင် မှတ်ပုံတင်ထားရှိပြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် ၇၅ လုံး သိုလှောင်ရုံ မှတ်ပုံတင်ပြီးဖြစ်ပါသည်။

    သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီး မအူပင်ရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ကုန်သည်များ မိမိတို့ သိုလှောင်ထားရှိရာ လုပ်ငန်းများတွင် စပါး/ဆန်လက်ကျန် စာရင်းများကို လစဉ် လဆန်း ၇ရက်နေ့တွင် myro ၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် အခြေအနေများ ဖြည့်သွင်းဆောင်ရွက်ရေးကို ကြပ်မတ်စစ်ဆေး စာရင်းကောက်ယူလျှက်ရှိပြီး လိုအပ်ပါက ဒေသန္တဆိုင်ရာ အဖွဲ့များဖြင့် မြေပြင် ကွင်းဆင်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး  ညောင်တုန်းမြို့နယ် စပါး  တင်း ၁၀၉၂၈၅ ၊ စက်ပိုင် တင်း ၈၄၁၇၆၉၊ ကုန်သည်တင်း ၂၄၅၀၀ တင်း၊ စုစုပေါင်း တင်း ၉၇၅၅၅၄ နှင့် ဆန် တောင်သူ အိတ် ၁၃၇၈၂၊ စက်ပိုင် ၆၀၅၈၃၈၊ ကုန်သည် အိတ် ၃၆၁၀၊ စုစုပေါင်းအိတ်အရေအတွက် ၆၂၃၂၃၀ ရှိကြောင်း မြို့နယ် အခြေခံစာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/လက်ကား ရောင်းချနေသောဒေါ်ခင်စန်းဌေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီ/လက်ကားရောင်းချနေသောဒေါ်ခင်စန်းဌေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်မြို့မဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဒေါ်ခင်စန်းဌေးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင် ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မျတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သို လှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်အမျိုးသားဈေးအတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဦး ကျော်သူရစိုး ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် မြောင်းမြမြို့နယ် အမျိုးသားဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးကျော်သူရစိုးဆန်ဆိုင်အား သတ်မှတ် ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ကူးတို့ဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသောဦးကျော်သူရစိုးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့် တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ကျားကွင်းကျေးရွာအခြေခံပညာမှုလတန်းကျောင်းတွင် ပြည်သူများအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံမှဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများ သည်(၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀)အချိန်တွင် မြောင်းမြမြို့နယ် ကျားကွင်းကျေးရွာ ၊အခြေခံပညာမူလတန်း ကျောင်းတွင် ပြည်သူများအား စားသုံးသူအကာအကွယ်ပေး ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

   ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ထုတ်ပြန်ထားသော စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mmတွင် လည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံ းသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံရေးစင်တာ CICC သို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး‌ ဟောပြောခဲ့ပြီး ထိုဟောပြောပွဲသို့  ပြည်သူစုစုပေါင်း(၁၂၆)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ၊မုန့်မျိုးစုံဆိုင်များတွင်အခြားထုတ်ပိုးမှုဖြင့် ရောင်းချနေသောပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများ သည်(၉.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁;၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ၊မုန့်မျိုးစုံဆိုင် များတွင်အခြားထုတ်ပိုးမှုဖြင့် ရောင်းချနေသော ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုး၊မုန့်မျိုးစုံဆိုင်များတွင် အခြားထုတ်ပိုးမှုဖြင့် ရောင်းချနေသော ပစ္စည်းများအား ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှုရှိ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ပေးရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုနါအညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာကြရန် ဈေးကွက်အတွင်းရောင်းချ နေသောကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည်စုံမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု များစဉ်ဆက်မပြတ်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၈;၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်း တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် ( ၉.၉.၂၂၀၂၅)ရက်နေ့၊ နံနက်(၈;၀၀)အချိန်တွင် ဝါးခယ်မမြို့နယ်၊ ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယဉ်အမှတ်9l-4723 )မော်ယဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၈)ပေပါ ဝါးခယ်မမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

     ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ် တို့ဖြင့်လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/ လက်လက္ကား ဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်း ရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံရုံးတွင်ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများ သည်(၉.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၅:၀၀)အချိန်တွင် အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင်ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ထုတ်ပြန်ထားသော စားသုံးသူအကာအကွယ် ပေးရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov. mm.website တွင် လည်း ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး‌ဟောပြောခဲ့ပြီး ထိုဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်‌၊ ဝါးခယ်မမြို့နယ် ဝါးခယ်မမြို့ပေါ်ရှိအိမ်ထောင်စုများအား ဆီဝယ်ခွင့်စာအုပ်ဖြင့် ရောင်းနေမှု အပေါ်ကွင်းဆင်းစိစစ်

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည် (၉.၉.၂၀၂၅)ရက်နေ့၊နံနက်(၉:၃၀)အချိန်တွင် ဝါးခယ်မမြို့ပေါ်ရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ဖြင့် ဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူပြည်သူမျာအား ရောင်းချပေးလျက်ရှိ သော စားအုန်းဆီများကို ဈေးနှုန်းမြင့်မှုရောင်းချမှုရှိမရှိ၊ အလေးချိန်ပြည်ဝမှန်ကန်စွာရောင်းချမှုရှိ မရှိ ကွင်းဆင်း ဆေးခဲ့ရာ ဈေးနှုန်း၊အလေးချိန်မှန်ကန်စွာရောင်းချပေးနေကြောင်းတွေ့ရှိရပြီး ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန်မပြည့်ဝ မှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ