
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ၅-၁၂-၂၀၂၅ ရက်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန မှ ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ တို့ ပူးပေါင်း၍ မအူပင်မြို့နယ်အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆိုင်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မအူပင်မြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေး ရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား နိုဝင်ဘာလ ထုတ်ပြန်ပေးသည့် ဈေးဖြင့်ရောင်းချမှု ရှိမရှိနှင့် ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင် ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်အိတ်များကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိ ဘဲကြာရှည်စွာ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း၊ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေး၏ ဒေသတွင်း ကုန်စည်နှင့် အခြားဒေသထွက်ဆန်များကို (၅%) (၈%)ထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရောင်းချနေသော ဆန်အမျိုးအစားအလိုက် နိုဝင်ဘာ လ သတ်မှတ်ရည်ညွှန်းဈေးနှင့် ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
DOCA(ဧရာဝတီ)
