
စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးတစ်ကိုယ်ရေးသုံး ပစ္စည်းအမျိုးမျိုးအား ကုန်စုံဆိုင်၊ စတိုးဆိုင်များ နှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။တံတားဦးမြို့ပေါ်ရှိ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်း အမျိုးမျိုးအားရောင်းချသည့်ဆိုင်များအားကွင်းဆင်းစစ်ဆေးရာတွင်ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုအများဆုံးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့စစ်ဆေး ရာတွင်ခွင့်ပြုချက်၊ ထုတ်လုပ်မှု ၊အမှတ်စဉ်နှင့်ထောက်ခံချက် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ကလေးတစ်ကိုယ်ရေးသုံးပစ္စည်းနှင့်စပ်လျဉ်း၍တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန်၊ကုန်အညွှန်းအမှတ် အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
