သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လယ် (၁၅:၁၅) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီး ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းဖွဲ့စည်းခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အခြေခံစားသောက်ကုန်များရောင်းချ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက် (၇း၀၀)အချိန်တွင် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန့်မာ့စီးပွား‌ရေးဘဏ်ရှေ့တွင် အခြေခံစားသောက်ကုန်များ ‌ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ အခြေခံ စားကုန်များရောင်းချရာတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ချဉ်ပေါင်ရွက်၊ ဆား စသည်တို့ပါဝင်ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့တွင် Mytel internet ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ဖြင့် ၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ Mytel အိမ်သုံးဖိုင်ဘာ အင်တာ နက် လုပ်ငန်းသို့ အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ် အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မှီသော အင်တာနက်ဝန်ဆောင်မှု များရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူများသိရှိစေရန် လက်ကမ်းကြော်ငြာများနှင့် ရုံးတွင် ဗီနှိုင်းဆိုင်းဘုတ်များကပ်၍ ဆောင်ရွက်ထားရန်၊ တယ်လီဖုန်းဖြင့်ဆက်သွယ်၍ လိုအပ်သည်များအကြောင်းကြားရန်ပြောကြားခဲ့ပြီး စာချုပ်စာတန်းများထားရှိမှုနှင့် ဖြစ်လာသော ပြဿနာများအား ဖြေရှင်ဆောင်ရွက်ရန် call center များ ထားရှိမှုအခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Dar Dar Collections Online Sale အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       (၁၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံ တင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို အဝတ်အထည်နှင့်အထည် အလိပ်များအား အမှတ် (၈၄၃)၊ မာန်ပြေ(၂)လမ်း (အနောက်)၊ ၂တောင်ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက် များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ် ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ပါ သည်။

DOCA (ရန်ကုန်)

 

မြိတ်မြို့ရှိ သုခသောက်ရေသန့်လုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

     (၂၂.၉.၂၀၂၅)ရက်၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ လမင်း ရပ်၊ ရေပုန်းကျေးရွာအုပ်စု၊ မြိတ်မြို့ရှိ သုခ သောက်ရေသန့်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (၀.၃၅)လီတာ၊ (၀.၆)လီတာ၊ (၁)လီတာနှင့် (၂၀)လီ တာဘူးများရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအားစစ်ဆေးခဲ့ပြီး သောက်ရေသန့်ဘူးများတွင် ဖော်ပြရန်လိုအပ်သောအချက်အလက်များအား အသိပညာပေးခြင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များကို လိုက်နာဆောင်ရွက်ရန်နှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Luxe K Online Sale အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၁၅.၉.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် Luxe K Online Saleမှ ဖန်စီပစ္စည်းများအား မင်းရဲကျော်စွာအိမ်ရာ၊ အခန်း (၂၀၂)၊ တာမွေမြို့နယ်သို့ သွားရောက် ၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အလှကုန်ပစ္စည်းများအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန် မှု ရှိ/မရှိကို(၁၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် အလှကုန်ပစ္စည်းများအား အမှတ် (၅၃၃)၊ ဗိုလ်မင်းရောင်လမ်း၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ၊e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက် လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ဟင်္သာတခရိုင်ဦးစီးမှူးမှ မြန်အောင်မြို့နယ် အင်ပင်မြို့ရှိ စားအုန်းဆီလက်လီကိုယ်စားလှယ်ဆိုင်၌ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီဖြန့်ဖြူးမှုအားကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူး၊ မြန်အောင်မြို့နယ် ဦးစီးမှူးတို့သည် (၁၅..၂၀၂၅)ရက်နေ့၊ နေ့လည် (၁၄:၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ စားအုန်းဆီလက်လီကိုယ်စား လှယ်ဆိုင်၌ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား အင်ပင်မြို့ရှိ  ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများ ထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ် မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အဝတ်အထည်နှင့် အထည်အလိပ်များ Online  မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၅.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  အမှတ်(၆၂)၊ ခတ္တာလမ်း၊ (၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့သို့သွားရောက်၍ အဝတ်အထည်နှင့်အထည်အလိပ်များ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိကိုစစ်ဆေးပြီးမှသာOnline Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါ သည်။

DOCA (ရန်ကုန်)

ဟင်္သာတခရိုင်ဦးစီးမှူးမှ အင်္ဂပူမြို့နယ် ထူးကြီးမြို့ရှိ ကျေးရွာအုပ်စုများတွင် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် (၁၅.၉.၂၀၂၅) ရက်နေ့ နေ့လည်(၁၅:၀၀) နာရီအချိန် တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့ရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်း ချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူး ရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခြင်းနှင့် စားအုန်းဆီ ဖြန့်ဖြူး ရောင်း ချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ