သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့ အထက(၂)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို စက်တင်ဘာလ ၁၂ရက်နံနက် ၁၀:၀၀နာရီက အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။

     အခမ်းအနားတွင် အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းက အမှာစကားပြော ကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က လူငယ်စကား ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

    ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား၊ကျောင်းသူ ငါးဦးတို့က လူငယ်နှင့်ဇာတိမာန်၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အနုပညာ ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောကျောင်းသား၊ကျောင်း သူများ၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးပြီး သုတရသစာအုပ်စာစောင်များ၊ အသိပညာ ပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ပလတ်စတစ်အိတ် အသုံးပြုမှုလျော့ချစေရေး စက္ကူအိတ်များ အခမဲ့ ဖြန့်ဝေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်(ကြွပ်ကြွပ်အိတ်)လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေး အတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်များအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေခြင်းများကို စက်တင်ဘာလ ၁၂ ရက်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြို့မဈေးတာဝန်ရှိသူများက ဈေးရောင်းဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ စက္ကူအိတ်များအခမဲ့ဖြန့်ဝေပေးကာ ပလတ်စတစ်အိတ်အသုံးပြုမှုလျော့ချ ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“ဇော်” ကိတ်မုန့်ငန်းရှင်နှင့် တွေ့ဆုံ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ “ဇော်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည် များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရတနာသိန်း အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၄၀၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သား နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန် ပြည့်မှီစွာ ရောင်းချပေးရန်၊ မိမိရရှိသော ခွဲတမ်းရရှိသည့်အတိုင်း အားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်းများ ၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း နှင့်စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“ဆု”မုန့်မျိုးစုံငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၉.၂၀၂၅) ရက်နေ့တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ “ဆုအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည် များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်သူများဝယ်ယူပြီးသော သွင်းအားစုများအား အရောင်းဆိုင်များသို့ ပြန်လည်ရောင်းချမှုများ မရှိစေရေး ကွင်းဆင်းကြပ်မတ် ဆောင်ရွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မုံရွာရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း () ဦးတို့သည် (၁၅..၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ သွားရောက်၍ တောင်သူများဝယ်ယူပြီးသော သွင်းအားစုများအား အရောင်းဆိုင်များသို့ ပြည်ရောင်းချမှုများ မရှိစေရေးကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် တောင်သူများလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စီမံကိန်းဆောင်ရွက်ရာတွင် တောင်သူများ ဝယ်ယူပြီးသော သွင်းအားစုများအား အရောင်းဆိုင်များ တွင် ပြန်လည်ရောင်းချခြင်းများ ရှိ/မရှိ၊ မြေဩဇာဈေးနှုန်းများနှင့်ပတ်သတ်၍ ဈေးနှုန်းများ မှန်ကန်မှုရှိ/မရှိ၊ တောင်သူ များဝယ်ယူပြီးသော သွင်းအားစုများသည် မိမိတို့ အသုံးပြုရန် အတွက် သာဖြစ်သည့်အတွက် ပြန်လည်ရောင်းချခြင်းများ မရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့   ရေသန့်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရို်ငဦးစီးမှူး ရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင်  ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ မုံရွာမြို့၊ အလယ်ရပ်ကွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သောက်ရေသန့်အမျိုးမျိုး ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို အလယ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော သောက်ရေသန့်အမျိုးမျိုး ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြော ကြားခဲ့ပြီး လက်ကမ်း စာစောင် များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ပြင်ဦးလွင်မြို့ရှိ အိမ်ရှင်မ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

            ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၀)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ အိမ်ရှင်မ စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချ ရာတွင်ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့်ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့်ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“Pre Market ကွင်းဆင်းဆောင်ရွက်”

        ပြင်ဦးလွင်မြို့နယ်၊ စားသုံးသူ‌ရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး(ဦးစီးအရာရှိ)သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အတူ (၁၁-၉-၂၀၂၅)ရက်နေ့၌ ထုံးဘိုကျေးရွာတွင် လီဆူးရွာအမည်ဖြင့် ကော်ဖီလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်ခင်လေးနွယ်နှင့်တွေ့ဆုံ၍ ကော်ဖီထုတ်လုပ်မှု၊ ကုန်ကြမ်းရရှိမှု၊ 3 in 1 အထုပ် ပါကင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်မျာလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက  Online Registration  လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက  ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ    အသေးစား   မှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်ရှိ တောသူမအမှတ်တံဆိပ် အလှကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ”

         ကျောက်ဆည်မြို့နယ်၊ အင်းကုန်းကျေးရွာရှိ တောသူမအမှတ်တံဆိပ် အလှကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပတ်သက်၍ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဦးဇော်မင်းလတ် (ဦးစီးအရာရှိ)က ပြောကြားရာတွင် တောသူမအမှတ်တံဆိပ် အလှကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်မျာလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ