ညောင်ဦးမြို့၊ မဏိစည်သူဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မဏိစည်သူဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကုန်စည်အမျိုးမျိုးအား စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

           အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကုန်စည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေး ခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာန များမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များနှင့် ကိုက်ညီသောကုန်စည်များကိုသာ ထုတ်လုပ်ဖြန့် ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ညွှန်ကြားချက်များအညီရောင်းချကြရန် ဆွေးနွေးပြောကြား၍အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှကုန်စည်တစ်ချို့အားဈေးကွက်နမူနာကောက်ယူခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)