ညောင်ဦးမြို့ရှိ ဆေးဆိုင်များသို့ ကွင်းဆင်း

Powered by Drupal

                                စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်သွားစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သောနှုန်းထားများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

                                (၁၇.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ခရိုင်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ညောင်ဦးမြို့ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းများအား ကွင်းဆင်း ၍တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှု မရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်သော ဆေးဝါးများနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆေးဝါးများရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက်ဈေးနှုန်းပိုမိုသောအမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ဆေးဝါးလက်ကျန်အခြေအနေနှင့်ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)