
၆.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်၊ ရှမ်းရွာလေးကျေးရွာ အ.လ.က (ခွဲ) ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသင့်စား အစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ် ဝယ်ယူ စားသုံးကြရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံး ရက်စွဲများ အားသေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄) ဦးနှင့်အတူ ကျောင်းသား၊ ကျောင်းသူ (၅၂) ဦး စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
