ကျိုက်မရောမြို့နယ်တို့တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၇.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ရှိ မြို့မစျေးအတွင်းရှိ ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အရန်သင့်အစားအစာအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ အရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)