အုတ်ဖိုမြို့တွင် မုန့်ရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သီတင်းကျွတ်ကာလသည် မုန့်ရောင်းချသည့်ဆိုင်များ အရောင်းအဝယ်သွက်သည့်အခါဖြစ်သဖြင့် ရောင်းချသည့်မုန့်များတွင် စားသုံးသူအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန်အတွက် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အတွင်း မုန့်ရောင်းချသည့် ဆိုင်များသို့ရှောင်တခင် ကွင်းဆင်းစစ်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မုန့်ရောင်းချသည့်ဆိုင်များသည် သက်တမ်းကျော်လွန်သည့်မုန့်များ ရောနှောရောင်းချခြင်းမပြုကြရန် မြန်မာစာကုန်အညွှန်းအမှတ်အသားပါမှသာ ရောင်းချကြရန် ကုန်အညွှန်းအမှတ်အသားပါ အရေအတွက်အတိုင်းရောင်းချကြရန် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို  အပြည့်အဝလိုက်နာကြပါရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)