သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀) ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

        ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance(၂၉၉၀)ကျပ်၊ 95 Octance(၃၁၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၀)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octance တွင်(၉၅)ကျပ်၊ 95 Octance တွင်(၈၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ ကြောင်း သိရှိရသည်။           

DOCA(မန္တလေး)

                            

စာသင်ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း

           ၁၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် အ.မ.က(၇) မရမ်းကုန်းမြို့နယ်သို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အမက(၇) မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈) ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ အလှကုန်များသုံးစွဲရာတွင်လည်း တစ်ခြားသူများသုံးစွဲသော အလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/ကျောင်းသူ ၁၁၀ ကျော်အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

        စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀)ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

      မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance(၃၀၀၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင်(၈၅)ကျပ်၊ ရိုးရိုး ဒီဇယ်တွင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စာသင်ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း

         ၁၃.၁၀.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန် မရမ်းကုန်းမြို့နယ် အ.လ.က(၆) နှင့် အလုံ မြို့နယ် အ.လ.က (၈) အလယ်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။        

             အလက(၆) အလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈) ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ဆေးဝါးများဝယ်ယူရာတွင် စပ်ဆေးများမသုံးစွဲရန်နှင့် ဆရာဝန်ညွှန် ကြားသောဆေးဝါးများအား ဝယ်ယူ သောက်သုံးစေရန်၊ အလှကုန်များသုံးစွဲရာတွင်လည်း တစ်ခြားသူများသုံးစွဲသော အလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/ကျောင်းသူ ၄၀၀ ကျော်အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စုပေါင်း၍ ပလပ်စတစ်အမှိုက်များကောက်ခြင်းဆောင်ရွက်

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အပတ်စဉ် စနေနေ့တိုင်း စုပေါင်းပလပ်စတစ်ကောက်ခြင်းကို (၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၀၆:၃၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအမှိုက်ကောက်ခြင်းအား Baganplastic Campaign အဖွဲ့သားများဦးဆောင်သော ပလပ်စတစ်ကမ်ပိန်းအဖွဲ့သားများသည် ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လျှပ်စစ်ရုံးရှေ့မှ စတင်ကာ မြင်းကပါကျေးရွာ တောင်ဘက် နဂါးရုံဘုရား၊ အပါယ်ရတနာဘုရား၊ စိမ်းညက်ညီအမဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိုးမင်းကြီးဘုရားမှသည် လမ်းဘေးဝဲယာတလျောက် ပလပ်စတစ်အမှိုက် ကောက်ခြင်းအား Baganplastic Campaign အဖွဲ့သားများနှင့်အတူ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ Balloon အဖွဲ့သားများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များရှိ အသင်းသား/အသင်းသူများ၊ ဟိုတယ်လုပ်ငန်း ရှင်များ၊ အသင်းသူ/အသင်းသားများပါဝင်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပလပ်စတစ်ကင်းရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

မြောက်ဥက္ကလာပမြို့နယ်၊ ၂၁/ရွှေပေါက်ကံမြို့သစ်ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၆း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြောက်ဥက္ကလာပမြို့ နယ်၊ (၂၁/ရွှေပေါက်ကံမြို့သစ်ရပ်ကွက်) ရပ်ကွက်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီသိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီးတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့၌ ဖုရားဖူးပြည်သူများနှင့်စည်းကားခဲ့

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် ခရီးသွားဘုရားဖူးပြည်သူများ တစ်သိန်းခွဲကျော်ခန့် လာရောက် ခဲ့ကြောင်း ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင် ထံမှ သိရသည်။

        သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာ ပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများ၊ သာသနိက အဆောက်အဦများ၊ အပန်းဖြေစခန်းတို့တွင် ပျော်ရွှင်စွာလည်ပတ်အပမ်းဖြေလျက်ရှိပါသည်။ ဘုရားဖူး ပြည်သူများသည် ဘုရားဈေးများတွင် ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များ၊ ပုဂံသုတေသန စာအုပ် များ၊ ပုဂံသမိုင်းရုပ်ပြစာအုပ်များ၊ ပုဂံဒေသထွက်ယွန်းပစ္စည်းအမျိုးမျိုး၊ မန်ကျည်းပလိတ်၊ မန်ကျည်း တော်ဖီ၊ ပုဂံဒေသထွက် ပုဂံရောက်အမှတ်တရအဝတ်အစားများ၊ ဒေသထွက်ထန်းလျက် စသည့်ထုတ် ကုန်များအား ဝယ်ယူမှုများပြားလျက်ရှိသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လေ့လာရေး ခရီးသွားများ၊ ဘုရားဖူးသူများဖြင့် များပြားလျက်ရှိနေကာ ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော် မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဒိဘုရား၊ ဗူးဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ စူဠာမဏိဘုရား၊ပြဿာဒ်ကြီးဘုရား၊ဓမ္မရာဇကဘုရား၊ မြစေတီဘုရား၊ မနုဟာ စသည့်ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားခဲ့ကြောင်းသိရသည်။  

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် MSME ထုတ်ကုန်များ၊ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပ

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် MSME ထုတ်ကုန်များ၊ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါပြပွဲနှင့်ဈေးရောင်းပွဲတော်အား ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)) ပြတိုက်ဝန်းအတွင်း၌ပြုလုပ်ခဲ့ရာ ညောင်ဦးခရိုင်ရှိ MSME ထုတ်ကုန်များဖြစ်သည့် ယွန်းထည်ပစ္စည်းအမျိုးမျိုး၊ ပုဂံရောက်အမှတ်တရ အထည်ချုပ်လုပ်ငန်းမှ အဝတ်အထည်များ၊ အာလူး ကြော်နှင့်အချိုရည်လုပ်ငန်း၊ အောင်ပါစေထန်းလျက်လုပ်ငန်းများမှ ထုတ်ကုန်များ၊ ပန်းပဲလုပ်ငန်း (မြန်မာ့ရိုးရာဓားအမျိုးမျိုး)၊ မြင်းနက်ပုန်းရည်ကြီးလုပ်ငန်း၊ ဆုလဒ်စားသောက်ကုန်လုပ်ငန်း၊ မန်ကျည်း တော်ဖီ၊ မန်ကျည်းပလိတ်ပြား၊ ပဲကြော်လုပ်ငန်း၊ ရွှေဥကြော်လုပ်ငန်းနှင့် အနော်ရထားဆီစက်လုပ်ငန်း စသည့်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။

          အဆိုပါပြပွဲအား အောက်တိုဘာလ(၃)ရက်နေ့မှ(၆)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနတို့မှ ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူးရုံး)နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄း၃၀)နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်၊ (၁၆)ရပ်ကွက်အတွင်း စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူ ဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှတာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီဖြန့် ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို မြောက်ဥက္ကလာပမြို့နယ်၊ (၁၆) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ