သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သောက်ရေသန့်အမျိုးမျိုးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ လဲချားမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက် အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လဲချားမြို့ပေါ်ရှိ လွိုင်ခမ်းသောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားအရ ထည့်သွင်းပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ထည့်သွင်း ပေးရမည်ဖြစ်ကြောင်း၊ ယခုအချိန်၌ ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများ မဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့်ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်း များရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိ စောင့်ထိန်းဆောင်ရွက်နိုင်စေရန် ဆွေးနွေး ခဲ့ပါသည်။

DOCA(ရှမ်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မွတ္တား‌ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်ရှိ တိုင်းရင်းဆေးအမှတ်တံဆိပ်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များ ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ တိုင်းရင်းဆေးအမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက် ဆိုးကြိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုသို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများသာမကစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

EVER LOVE သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင် (ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ  မိုင်းဆတ်မြို့နယ်၊ ဝိန်းနေရပ်ကွက်ရှိ EVER LOVE သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် EVER LOVE သောက်ရေသန့်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချီသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်း စနစ်တကျ ရှိစေရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါ သည်။

DOCA(ရှမ်း)

မြိတ်မြို့၊ စျေးတန်းရပ်၊ အလက(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ စျေးတန်းရပ်ရှိ အလက(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွား ရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူများဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

          အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ နှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများ အကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာဆောင်ရွက်ရမည့်အချက် များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်သော နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ် ဆေးပေးခြင်နှင့် ရာသီပေါ်ရောဂါများ အကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

မြိတ်မြို့သို့ ရောက်ရှိလာသော ဆန်များရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို (.၁၀.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ MV အောင်တက်တိုးရေယာဉ်ဖြင့် ဆန်တန်(၅၀)၊ အိတ်ရေ (၀၀၀) သည် (၁.၁၀.၂၀၂၅) တွင် မြိတ်မြို့သို့ ရောက်ရှိ လာခဲ့ပါသည်။

          ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန် စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ (၁၀.၁၀.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 5S-9017 တွင် စားအုန်းဆီပေပါ(၄၈)ပေပါနှင့်  နှင့် Yadanarbon Global Network Distribution ကုမ္ပဏီမှ (၈.၁၀.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 7M-6723 တွင် စားအုန်းဆီ (၈)ပေပါ တို့ တင်ဆောင်လာသော မော်တော်ယာဥ်များသည် (၁၄.၁၀. ၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင်ဆီကိုယ်စားလှယ်ထံမှသိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန် ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးပြည့်စုံ (ဒု-ကြီးကြပ်ရေးမှူး)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ပေါ်ဆန်းဆန်၊ ချင်း(ဂျင်း)နှင့် ကြက်သား(ဒေသ)တို့ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ပေါ်ဆန်းဆန်ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ ချင်း(ဂျင်း)ဈေးနှုန်း မြင့်တက်ရခြင်းမှာ လက်ကျန်လျော့နည်းလာသောကြောင့်လည်းကောင်း၊ ကြက်သား(ဒေသ)ဈေးနှုန်း မြင့်တက်ရခြင်းမှာ ဝယ်လိုအားများသောကြောင့် ဖြစ်ပါသည်။ စားအုန်းဆီ၊ အာလူးနှင့် ပဲတောင့်ရှည်တို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ စားအုန်းဆီဈေးနှုန်း ကျဆင်း ရခြင်းမှာ ထိုင်း(ဘတ်)ငွေ ဈေးနှုန်းကျဆင်းခဲ့သောကြောင့်လည်းကောင်း၊ အာလူးနှင့်ပဲတောင့်ရှည် ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။

   ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက် ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ MSMES လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ‌ရေး တွေ့ဆုံဆွေးနွေးခြင်း

  ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အောက်တို ဘာလ(၉)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် အောင်ပန်းမြို့ရှိ ငွေလရောင်၊ ရွှေပန်ဒါ၊ ရွှေသရဖူ မုန့်လုပ်ငန်းများ မှ MSMES လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရှိရပါသည်။

          ခရိုင်ဦးစီးမှူးမှ MSMES လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များသည် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန်၊ ကုန်စည်အမှတ်တံဆိပ်နှင့် ကုန်အညွှန်းအမှတ်အသား မြန်မာဘာသာဖြင့် ‌ရေးသားဖော်ပြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ် များအကြောင်း နှင့်သတ်မှတ်ထားသော စံချိန်စံညွှန်းမှီအောင် ထုတ်လုပ်နိုင်ရေး တို့အား ဆွေးနွေးခဲ့ပြီး MSMES လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှု နှင့် စီးပွားရေးအရ တွက်ခြေကိုက်မှု အခြေအနေများအား အကြံပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“လပြည့်ဝန်း” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့၊ နံနက် (၁:၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)၊ ကျိုင်းကာကျေးရွာအတွင်းရှိ “လပြည့်ဝန်း” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “လပြည့်ဝန်း” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ