သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် မြိတ်ခရိုင်ဆန်လုပ်ငန်း ရှင်များအသင်းသည် ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂-၂၀၂ ဘဏ္ဍာနှစ် ခွင့်ပြုဆန်များဖြစ် သော ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ (၂၅.၉.၂၀၂၅) ရက်နေ့တွင် သယ်ဆောင်လာသော MV စန္ဒီ(၁)ရေယာဉ်ဖြင့် ဆန်တန် (၃၅၀)၊ အိတ်ရေ (၇၀၀၀)နှင့်  (၂၅.၉.၂၀၂၅) ရက်နေ့တွင် သယ်ဆောင်လာသော MS ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန် (၁၄၀)၊ အိတ်ရေ (၂၈၀၀)၊ (၂၆.၉.၂၀၂၅) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ သယ်ဆောင်လာသော MV သန်းတိုးအောင်ရေယာဉ်ဖြင့် ဆန်တန် (၂၀၀)၊ အိတ်ရေ (၄၀၀၀)၊ (၅.၁၀.၂၀၂၅) ရက်နေ့တွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ သယ်ဆောင်လာသော MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန် (၄၇၅)၊ အိတ်ရေ (၉၅၀၀)တို့သည် (၅.၁၀ .၂၀၂၅)ရက်နေ့တွင်လည်းကောင်း ၊ (၁၈.၉.၂၀၂၅) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ သယ်ဆောင်လာသော MV ရွှေလမင်း (၃)ရေယာဉ်ဖြင့် ဆန်တန် (၉၀၀)၊ အိတ်ရေ (၁၈၀၀၀)သည် မြိတ်မြို့သို့ (.၁၀.၂၀၂) ရက်နေ့ တွင် သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆန်အိတ်သယ်ယူလာသောရေယာဉ်သည် မြိတ်မြို့သို့ (.၁၀.၂၀၂)ရက်နေ့ တွင် ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲ တပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၉.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ထူးဆိပ်ကမ်းနှင့် ဝါးတန်းဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ်၌ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း စားသုံးသူရေးရာဦးစီး ဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုး ရောင်းချသည့် ဈေးဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ ကောင်းမြတ်ချမ်းသာဈေးဆိုင်၊ အေးမေတ္တာဈေးဆိုင်၊ ကံကြီးမကျီးရပ်ကွက်ရှိ ထွန်းဝေဈေးဆိုင်တို့တွင် ရောင်းချသော Dumex ဒူမတ်(Dupro 1)( နို့စို့ကလေးဖော်စပ်စာ)၊  Dumex ဒူမတ်(Dupro 2)(ကလေးငယ်ဖော်စပ်စာ)၊ Gold Power (ကလေးဖြည့်စွက်အာဟာရမုန့်)၊ KACTOGEN (လက်တိုဂျင်) 2( ကလေးငယ် အတွက်ဖော်စပ်စာ)၊ Gaullac (ဂေါလက်) (ကလေးငယ်အတွက်ဖော်စပ်စာ)တို့တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိ/မရှိ၊ နို့စို့ကလေးနှင့်ကလေးငယ်ဖော်စပ်စာများအတွက် ထုတ် ပြန်ထားသော ညွှန်းကြားချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ကလေးငယ်များအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အားပေးသော နို့စို့ကလေးနှင့် ကလေးငယ်ဖော်စပ်စာများကို ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံပြီး ညွှန်ကြားချက်များနှင့် ကိုက်ညီသော ကလေးအာဟာရဖြည့်စွက်စာများကိုသာ ရောင်းချကြရန် ရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“တံတားဦးခရိုင်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်း”

               ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၃၀)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်ပူးပေါင်း၍ တံတားဦးခရိုင်ရှိ စားသုံးဆီ အရောင်းဆိုင်များသို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှသတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များ အနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ၊ထို သို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

                             

      

“ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို  အောက်တိုဘာလ (၉) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ တာဝန်ရှိသူများ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံစားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် မကျီးတန်းရပ်ကွက်ရှိ တော်ဝင်စတိုး၊ ဇာနည်ဆေးစတိုးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း /အပြင်ရှိ ဆေးဆိုင်များအား ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ် အသားပြည့်စုံစွာ ဖော်ပြပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဝယ်ယူစားသောက်အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသား တွင် ဖော်ပြရမည့်အချက်များ ပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန် ယခုဘဏ္ဍာနှစ်အတွင်း ဈေး ကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား(၁၀)မျိုးအား သတ်မှတ်ကာလများ အတိုင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“My RO တွင် ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန်စာရင်းများဖြည့်သွင်းနိုင်ရေးကွင်းဆင်းအသိပေး”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် စက်တင်ဘာလ (၃၀) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး တံတားဦးမြို့နယ်ရှိ ရွှေချိန်ခွင်ဆန်စက် သို့  မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin My RO)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀) နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင် သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါး သိုလှောင်မှုလုပ်ငန်းစဉ်များ၏  ကုန်ရ ၊ ကုန်ထုတ် ၊ ကုန်လက်ကျန် စာရင်းများအား လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့်လိုက်နာဆောင်ရွက်မှုမရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

“စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဝက်သား၊ အမဲသား၊ ဆိတ်သားဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး”

   စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဝက်သား၊ အမဲသား၊ ဆိတ်သားဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး မှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်း များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေးကြီး ဒေါ်သဲစုရီ၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဝက်သား၊ အမဲသား၊ ဆိတ်သား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဦးခင်မောင်ဝင်း ဝက်သား ဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင် များအား မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း အလေးချိန်ခွင်၊ ကတ္တား၊ မှန်ကန်စွာ ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချကြရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး နှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အလေးထားလိုက်နာဆောင်ရွက်သွားကြရန် စားသုံး သူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ရောင်းချလျက်ရှိသော ဝက်သား၊ အမဲ သား၊ ဆိတ်သားတို့၏ ဈေးနှုန်းများအား ဈေးဝယ်လာသူများထံ မေးမြန်းစုံစမ်း စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ရောနှောဆီအပါအဝင်အမှတ်တံဆိပ်ပြည်တွင်းထုတ်စားသုံးဆီများဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်းရှိ ကုန်ခြောက် ဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပြည်တွင်းထုတ် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန် ခံ ဦးအေးသွင်တို့သည် မြို့မရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ တာလမ်းသစ်ရပ်ကွက်၊ မကျီးတန်း ရပ်ကွက်နှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစးသောက်ကုန်ပစ္စည်း အမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးဆိုင်များ၌ စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များမှ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြရန်ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုညွှန်ကြား ချက်အမှတ်(၁/၂၀၂၁)အား ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပြီး သက်ဆိုင် ရာစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဟင်းသီးဟင်းရွက်( Vegetable Oil Cooking Oil) ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည်ဖြစ်သော်လည်း ယခုအချိန်အထိ ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်ခြင်းများ မရှိသည့်အတွက် စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ သော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏(၈/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါကဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက် လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်(၂၉-၉-၂၀၂၅)ရက်နေ့  နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်စုစုပေါင်း(၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

          မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲတာဝန်ခံအရာရှိ ဒေါ်မေသက်ထွန်းမှစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာ ဖြင့်ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံအရာရှိ ဦးမျိုးထွန်းမှထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးစားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည့် ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင် မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများမှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်ဆွေးနွေး ခဲ့ကြပြီး ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄:၁၅)နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ဦးသိန်း-ဒေါ်တင်ဝိုင်းဆန်ဆိုင်၌ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်များရောင်းချမှုရှိ/ မရှိကွင်းဆင်းခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)  ဦးဆောင်၍ ၄၅ လမ်းပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးသိန်း-ဒေါ်တင်ဝိုင်း ဆန် အရောင်းဆိုင်သို့ ၂၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်လက်လီ/ လက်ကားအရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ၇၄၇ဆန် (၂၄) ပြည်တစ်အိတ် လျှင်(၈၀၀၀၀)ကျပ်၊ ရက်(၉၀)ဆန် (၂၄)ပြည်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်နှင့် မနောသုခဆန် (၂၄)ပြည်တစ်အိတ်လျှင်(၇၉၀၀၀) ကျပ် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံ တင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ