မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်ဆီအသင်းများ၏      ဖွဲ့စည်းပုံအခြေခံ အသင်းအဖွဲ့စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သတ်၍ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

Powered by Drupal

             ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၃ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်ဆီအသင်းများ၏ ၂၀၂၆-၂၀၂၈ ခုနှစ် အလုပ်အမှုဆောင်များအား အသစ်ပြန်လည်တင်မြှောက်နိုင်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံ အသင်းအဖွဲ့စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သတ်၍ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၉:၃၀)နာရီ အချိန်တွင် စတင်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အဖွင့်မှာ စကား ပြောကြားခဲ့ပါသည်။  အခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များ၊ လက်ကားကိုယ်စားလှယ်များနှင့် ဆီစက်လုပ်ငန်းရှင်များ စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တာဝန်ရှိသူက အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများအား အသေးစိတ် ဖတ်ကြားရှင်းလင်းခဲ့ပြီး ၂၀၂၆-၂၀၂၈ ခုနှစ် အလုပ်အမှုဆောင်များအား အသစ်ပြန်လည်တင်မြှောက် နိုင်ရေးအတွက် ဆန္ဒပြုလွှာများအား ဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)