
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံသည် ၂၃.၂.၂၀၂၆ ရက်နေ့၊ နေ့လည်(၁၄:၀၀)အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ‘‘ဆုထူးပန်’’ အမှတ်တံဆိပ် အာလူးကြော်နှင့်အကြော်စုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက် တွေ့ဆုံရာ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ဒု-ခရိုင်ဦးစီးမှူးနှင့်တာဌာခွဲတာဝန်ခံတို့မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိ ထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဈေးကွက်များအတွင်း ကုန်စည်များ၊ ကုန်စည်ထုတ်လုပ်သောနေရာများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်နေသည့်အတွက်သော်လည်း ကောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်းများကို နေရာစုံ၊ နည်းလမ်းပေါင်းစုံဖြင့် အသိပညာများပေးသည့်အတွက်သော်လည်းကောင်း စားသုံးသူများအပြင် လုပ်ငန်းရှင်များပါ သိရှိလိုက်နာမှုများရှိလာ ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
