သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်ဈေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့၊ နံနက် (၁၀၄၅) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည် ကျိုင်းတုံမြို့၊ ..က () ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးအရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေး ရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆတ် သည့် ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ဆိတ်နှစ်ကောင်အမှတ်တံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့၊ နံနက် (၁၀:၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်  ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း    ကျိုင်းတုံမြို့၊ ယန်းကျိန်အုပ်စု၊ နောင်တန်ကျေးရွာရှိ ဆိတ်နှစ်ကောင်အမှတ်တံဆိပ်ဂျုံခေါက်ဆွဲ လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ဆိတ်နှစ်ကောင်အမှတ်တံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရ ပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (16.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်  ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန်ဆန်အိတ် အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး  talk showကျင်းပခြင်း

   ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍(၂၁-၁၀-၂၀၂၅)ရက်နေ့နံနက်၁၁နာရီအချိန်တွင် လူထုဗဟို ပြုဌာန၌စားသုံးသူအခွင့်ရေးများနှင့်တိုင်ကြားနိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး  talk showပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ  talk show ကိုစားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်နိုင် နှင့်ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဖြိုးဖြိုးကြွယ်တို့က စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ စားသုံးသူများရရှိခံစားနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူအခွင့်အ‌ရေးဆုံးရှုံးမှုဖြစ်ပေါ် ခြင်းနှင့်နှစ်နာမှုများရှိခဲ့လျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး  talk show ပြူလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပျော်ဘွယ်မြို့နယ် စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်း ချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ/ မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေး နှင့် စက်သုံးဆီများပြတ်လပ်မှု ရှိ/မရှိ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပျော်ဘွယ် မြို့နယ်ရှိ Petro K၊ Boc၊ Power Full စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

                ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျှက်ရှိရာ သတ်မှတ်ဈေးနှုန်းများ ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင် ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊  တရားမဝင်စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူးကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

“ဦးငင်းပန့်”ဆန်စက်နှင့် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြန်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီတွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ ကောင်းရုံးလမ်း၊ လားရှိုးကြီးဈေးမြောက်ဘက်ရှိ “ဦးငင်းပန့်”ဆန်စက်နှင့် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံ၍ ဆန်ကြိတ်ခွဲ ထုတ်ပေးမှုနှင့် ဆန်လက်လီလက်ကားရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ “ဦးငင်းပန့်” ဆန်စက်တွင် ဒေသဆန်အမျိုးအစားများကို စုံစုံလင်လင် ကြိတ်ခွဲပေးလျက်ရှိပြီး ကြိတ်ခွဲခ ဆန်တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်နှင့် သန့်စင်ခ (၅၀၀၀)ကျပ်ဖြင့် ဆန်ကြိတ်ခွဲသန့်စင်ခ အပြီးအစီး တစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ကျသင့်ကောက် ခံကြောင်း သိရှိရပါသည်။ တစ်နာရီလျှင် အိတ်(၅၀)နှုန်းဖြင့် တစ်ရက်လျှင် ခြောက်နာရီ ၊ အိတ်ပေါင်း (၃၀၀)နှုန်းဖြင့် နေ့စဉ် ကြိတ်ခွဲပေးလျက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် “ဦးငင်းပန့်” ဆန်စက်တွင် ဒေသဆန်များဖြစ်သော ၈၈၁(ရှမ်းဆန်)၊ ၂၅ပိဿာ(၂၀ ပြည်) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်နှင့် ၅၀၂(ရှမ်းဆန်) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်နှုန်းတို့ဖြင့်လည်း လက်လီလက်ကား ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် ၎င်းဆန်စက်လုပ်ငန်းရှင်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရန်၊ ဈေးကစားရန် ရည်ရွယ်၍  သိုလှောင်ထားခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyROတွင် ဆက်လက်မှတ်ပုံတင် သက်တမ်းတိုး လုပ်ငန်းများ ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“ကျောက်ဆည်မြို့၊ မုန့်ပေါင်းကျေးရွာ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

             ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာအောက်တိုဘာလ(၂၁)ရက်နေ့တွင် ကျောက်ဆည်မြို့ ၊ မုန့်ပေါင်း ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး၊ ဒေါ်သက်နှင်းထွေး (ဒု-ဦးစီးမှူး)မှ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ နှင့်စားသုံးသူများနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့် အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီးတက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

“  ကျောက်ဆည်မြို့ရှိ ဇော်မိတ်ဆေးဆိုင်အားကွင်းဆင်းစစ်ဆေး”

              ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ တိုင်းရင်းဆေးအမျိုးမျိုးအား ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ကျောက်ဆည်မြို့ရှိ ‌ဇော်မိတ် ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအပေါ်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ၊ တိုင်းရင်းဆေး အမျိုးမျိုးများအပေါ် စျေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/ မရှိ ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်သော ဆေးဝါးများရောင်းချမှု ရှိ/မရှိ ၊ သောက်ဆေးအမျိုးမျိုး ၊ လိမ်းဆေး အမျိုးမျိုးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်များဖြစ်သည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင်သတိပေးချက် စသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်းများ ရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါ သည်။    

DOCA (မန္တလေး)

Online စနစ်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့၊ နေ့လည် (၁၄:၀၀) အချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်၍  ကျိုင်းတုံမြို့၊ အ.ထ.က(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းကာရပ်အတွင်းရှိ Online စနစ်ဖြင့် အထည် အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ် ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ရွာငံမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၅)ရက်နေ့တွင် ရွာငံမြို့ပေါ်ရှိ ဆင်ဖြူ ဆန်ဆိုင်အား ပြည်တွင်းစား ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင် ရောင်းချနေမှု များ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/မရှိနှင့် ဆန်သိုလှောင်မှု အခြေအနေ လက်ကျန် ဆန်အိတ်များ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ