ရွှေဘိုခရိုင် (၄/၂၀၂၆)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

Powered by Drupal

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၅)  ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၆ခုနှစ် ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၅) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂.၄.၂၀၂၆) ရက်နေ့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၆.၄.၂၀၂၆) ရက်နေ့တွင် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တောကုန်း (စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်) (..၂၀၂၅)ရက်နေ့တွင် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၂၀..၂၀၂၆)ရက်နေ့တွင် စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တို့ဖြင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်၊  ညွှန်ကြားချက်များကို  ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)