သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Mevius Original Blue ဆေးလိပ်အတုထုတ်ကုန်များများရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       ၁၈.၅.၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  Mevius Original Blue"အမှတ်တံဆိပ်ကိုရည်ညွှန်း၍ ထုတ်ကုန်အတုများဈေးကွက်အတွင်း တွေ့ရှိလာသည့်အတွက် ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတုအသုံးပြုမှုရှိ/မရှိကိုသာကေတမြို့နယ်ရှိ ကုန်မျိုးစုံဆိုင် (၃)ဆိုင်သို့ သက်ဆိုင်ရာဌာနများဖြင့်   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း Mevius Original Blue အမှတ်တံဆိပ် စစ်ဆေးခဲ့သည့်ဆိုင်များ၌ သက်ဆိုင်ရာကုမ္ပဏီများမှခွဲတမ်းအဖြစ်သာ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ ဆေးလိပ်အတုထုတ်ကုန်များနှင့် အခွန်တံဆိပ်အတုအသုံးပြုမှုများကိုလည်း မတွေ့ရှိရပါကြောင်းနှင့် အခြားစီးကရက်အမျိုးအစားများကိုသာ တွေ့ရှိရကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

     ထို့နောက်စားသုံးသူရေးရာဦးစီးဌာနမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ) က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  ပစ္စည်းများ၏ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)၌ပါရှိသည့်ကုန်အညွှန်းအမှတ် အသားများပြည်စုံစွာပါရှိခြင်းရှိ/ မရှိကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ မြို့မဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၂)ဦးတို့သည် (၁၅.၅.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့ မဈေးရှိ၊ ဈေးသူ၊ဈေးသား (၈)ဦးအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့အသိပညာပေးဟောပြောရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှား စွာဖော်ပြရမည့် အချက်များအကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ရယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါကလည်း တိုင်ကြားနိုင်ရန် CICCရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှု အခြေအနေများ၊ Call Center (1535)သို့ တိုက်ရိုက်ခေါ်ဆိုပြီး သိလိုသည်များ မေးမြန်းတိုင်ကြားနိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့နယ်၌ “စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show” ကျင်းပပြုလုပ်

   ၁.၅.၂ဝ၂၆ ရက်နေ့၊ နေ့လယ် (၁၃းဝဝ) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ “စစ်ဆေးရေးအရာရှိ ၏ လုပ်ငန်းတာဝန်များဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show” ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

    ဆွေးနွေးပွဲတွင် မော်လမြိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌‌ဒေါ်ခင်စန်းရီက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌာန်းထာသည့် စစ်ဆေးရေးအရာရှိ၏ အဓိပ္ပာယ် ဆိုသည်မှာ စားသုံးသူရေးရာဦးစီးဌာနက စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ကို  ဆိုလိုတာဖြစ်ကြောင်း၊ အခန်း(၆) ပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန် (၁၁) ချက် ဖြစ်သော ပြည်တွင်း၌ ထုတ်လုပ်သောကုန်စည်များ၊ ပြည်ပမှ တင်သွင်းသော ကုန်စည် များကို ဈေးကွက်မရောက်မီ(သို့) ဈေးကွက်ရောက်ပြီး ကုန်စည်များ ဘေးအန္တရာယ် ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များ ပါဝင်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးရန်(သို့) အသုံးပြုရန် သင့်/ မသင့်နှင့် ဘေးအန္တရာယ် ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရမှာ ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးသည် “ပြည်နယ်သားစတား” အမှတ်တံဆိပ် ပဲပြားထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     ၁၅.၅.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် “ပြည်နယ်သားစတား” အမှတ်တံဆိပ် ပဲပြားထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။

          ပြည်နယ်ဦးစီးမှူးက လုပ်ငန်းရှင်အား ကုန်အညွှန်းမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို ဖော်ပြရန်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

သထုံမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စည်သွပ်ဗူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

          ၁၃.၅.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သထုံမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စည်သွပ်ဗူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စည်သွပ်ဗူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စည်သွပ်ဗူးများကို ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းသော စည်သွပ်ဗူးများကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် “ခရေဝမ်း” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

             ၁၄.၅.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ “ခရေဝမ်း” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

             ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ  “ခရေဝမ်း” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ သောက်ရေသန့် ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။                                                                                                

                                                                                                  DOCA (မွန်)

မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

          ၁၃.၅.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ ပြည်သူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေ စတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကို လည်းကောင်း၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ CICC ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

တောင်တွင်းကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေလာရောက် ထုတ်ယူကြသော သီလအုပ်စုနှင့် မောင်းတိုင်(၂)ရပ်ကွက်တို့မှ မိုးစပါးစိုက်တောင်သူများအား အသိပညာပေးဆွေးနွေးခြင်း

 

          စာသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ သည် ကျေးလတ်နှင့်မြို့ပြပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ် ဒဏ်များအား သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များနှင့် ပတ်သက်၍ သိရှိ စေရန်၊ ဘေးအန္တရာယ်ကင်းသောအစားအသောက်နှင့် ကုန်စည်များအား ရွေးချယ်ဝယ်ယူအသုံးပြုတတ် စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ ဆောင်ရွက်ရာ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၅.၅.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေလာရောက် ထုတ်ယူကြသော သီလအုပ်စုနှင့် မောင်းတိုင်(၂)ရပ်ကွက်တို့မှ မိုးစပါးစိုက်တောင်သူ (၂၀၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး (၈)ချက်၊ လိုက်နာရမည့်တာဝန် (၄)ချက်၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ် ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ရန် နည်းလမ်းများအား ရှင်းလင်းချပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့ပေါ်ရှိ “ခန့်”သောက်ရေသန့် လုပ်ငန်းအား ကွင်းဆင်းအသိပညာပေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ရုံးမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူ ကို အလေးပေး၍ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးလာနိုင်စေရန်ရည်ရွယ်၍ တောင်တွင်းကြီး မြို့နယ်တာဝန်ခံသည် (၇.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသအတွင်း စားသောက်ကုန် ဖြန့်ဖြူးထုတ် လုပ်ရောင်းချလျက်ရှိသော “ခန့်” သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းဆွေးနွေးခဲ့ ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူတားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းသိရှိစေရန်နှင့် လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့် တကွ စားသုံးသူ ရေးရာဦးစီးဌာနသို့ တင်ပြလျှောက်ထားနိုင်ပြီး စိစစ်ပြန်ကြားပေးလျက်ရှိကြောင်း၊ ကုန်အညွှန်း အမှတ် အသားတွင် မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှုမရှိသေးလျှင် နမူနာပုံစံ များတင်ပြစေ၍ ကိုက်ညီမှု ရှိ/မရှိ စိစစ်ပေးမည်ဖြစ်ပြီး အကယ်၍ စျေးကွက်အတွင်း ရောင်းချ ရာတွင် ကုန်အညွှန်းအမှတ်အသားများ မပါရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပညာပေးဆွေးနွေးခဲ့ပါသည်။

          တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်ရှိ ခန့်သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းလေ့ လာရာတွင် ရေကို အဆင့်ဆင့်သန့်စင်ပြီးမှ မိမိလိုအပ်သောအနေအထားရှိမှသာ လီတာ(၂၀)ဗူးများတွင် ထည့်၍ မြို့နယ်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချကြောင်း၊ စျေးနှုန်းအနေဖြင့် (၂၀)လီတာ ဗူး(၁)ဗူးလျှင် (၁၅၀၀)ကျပ်စျေးနှုန်းဖြင့် ရောင်းချကြောင်း၊ စျေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ပေါ် ရပ်ကွက်များရှိ စတိုးဆိုင်နှင့်စျေးဆိုင်များသို့ ဖြန့်ဖြူးရောင်းချနေကြောင်း၊ အလုပ်သမားဦးရေ (၅)ဦးခန့် ရှိကြောင်း၊ လုပ်အားခ (၁)ဦးလျှင် (၁၅၀၀၀-၂၀၀၀၀)ကျပ်ပေးရကြောင်း၊ ရာသီဥတုအပေါ်မူတည်၍ (၁)ရက်လျှင် ရေသန့် (၂၀)လီတာဗူး (၃၀၀)ကျော်ထုတ်လုပ်နိုင်ကြောင်း၊ ရပ်ကွက်အတွင်းရှိပြည်သူများ အား အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

                ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်   ဝန်ထမ်း များသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍   (၁၄.၅.၂၀၂)ရက်နေ့ ၊နေ့လည်(၁:) နာရီက လပွတ္တာမြို့နယ် မြို့ပေါ်ရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါး ပြတ်လပ် မှုရှိ/မရှိ  ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

                                  ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူ   ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်၊ ကာလကြာရှည်သုံးစွဲနေ ရသည့် ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒါဏ်ကြေ လိမ်းဆေး အပါအဝင် ပုံမှန်သောက်သုံးနေသည့် ဆေးနှင့်ဆေးပစ္စည်းများ  ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး  ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူ ရောင်းချနေရပြီး၊ ဆေးအမျိုးအစားအလိုက် ၅% ထိသာ ဈေးနှုန်းအနည်းငယ် မြင့်တက်လျှက်ရှိကြောင်း ဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူနိုင်ကြောင်း သိရှိရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်း လွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏     အ မိန့်  ညွှန်ကြားချက်၊  ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေး စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။    

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ