သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီခရိုင်လက်ပံတန်းမြို့၌လစဉ်ကြာသပတေးနေ့အသိပညာပေးTalk Show ကျင်းပခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ  လစဉ်ကျင်းပပြုလုပ် သော ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာပေး Talk Show ဟောပြော ပွဲများ ကျင်း ပပြုလုပ်ခဲ့ရာ နဝမအကြိမ် မြောက်ဟောပြောပွဲ ကို ( ၂၃.၁၀.၂၀၂၅ ) ရက်‌ နေ့ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်မှ အခန်း (၁၈) ပါဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများ သိရှိရန်နှင့် ကုန်အညွှန်းအမှတ်အသား အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊မိုးညို၊အုတ်ဖို၊ကြို့ပင်ကောက်မြို့နယ်များမှဝန်ထမ်းများနှင့် Zoom metting ဖြင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

   မြို့နယ်တာတန်ခံဦးအေးဇော်ထိုက်မှကွင်းဆင်းဆောင်ရွက်ရာတွင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ အကြောင်းများနှင့်ကုန်စည်နှင့်ပတ်ပတ်သက်၍ မဖြစ်မနေသိရှိရန် လိုအပ်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ထည့်သွင်းပြောကြားလေ့ ရှိကြောင်း၊ ခရိုင်ဦးစီးမှူးမှလည်း ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ နောက်ထပ်ဟောပြောမည့် အကြောင်းအရာများတွင် မိမိတို့ဒေသဆိုင်ရာအကြောင်းအရာများကို ထည့်သွင်းဆွေးနွေး ပြောကြား စေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံများမှအားနည်းချက် အားသာချက်များ ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ  ရပါသည်။

DOCA(ပဲခူး)

မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အသစ်ပြန်လည် ဖွဲ့စည်းနိုင်ရေးအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

     ၆.၁၁.၂၀၂၅ ရက်နေ့ ၁၄၀၀ ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ အသင်းသူ/အသင်းသားများက အမှုဆောင်သစ်များရွေးချယ်ရာတွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ရွေးချယ်နိုင်ရေး ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံများ MyRO တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

    ၆.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဈေးကြိုပွဲရုံအတွင်းရှိ ရှိန်းလတ်ဆန်ဆိုင်အား My RO တွင် သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သိုလှောင်ရုံတည်နေရာ၊ သိုလှောင်ရုံအတိုင်းအတာ၊ သိုလှောင်ရုံ၏ ဝင်ဆံ့ပမာဏ၊ လက်ရှိ ဆန်တစ်မျိုးချင်းအလိုက် သိုလှောင်ထားရှိမှု အခြေအနေများများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သိုလှောင်ရုံပိုင်ရှင်အား သိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း (၁) ရက်နေ့မှ (၇) ရက်အတွင်း ထည့်သွင်းရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ၆.၁၁.၂၀၂၅ ရက်နေ့တွင် မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မုဒုံမြို့နယ်ထွေ/အုပ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စားသုံးသူဦးဌာန၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် PM Oil၊  မင်းသန့်၊ မေတ္တာမာန်၊ ရာမာန် စက်သုံးဆီဆိုင်များအား စစ်ဆေးခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်  ပုံမှန်ရောင်းချ လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပူးပေါင်း အဖွဲ့မှ ဆီလက်ကျန်အခြေအနေအား  မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီသို့ နေ့စဉ် သတင်းပေးပို့ရန်၊ စက်သုံးဆီများအား ​ပေပါလိုက် ရောင်းချခြင်း မပြုရန်၊  စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တရားမဝင်စက်သုံးဆီများ ရောင်းချခြင်း၊ သယ်ဆောင်ခြင်းများ မပြုလုပ်ရန် စက်သုံး ဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

                                                                                                                 DOCA (မွန်)

ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ  ဆေးပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် ဦးဆောင်သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ် ထွေ/ အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ကိုအေးကြူဟန်+မအေးမြတ်သူ ဆေးပစ္စည်းနှင့်ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာ ဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/ မရှိ နှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်းရှိ/ မရှိ တို့အား လစဉ် လျာထားချက်များ သတ်မှတ်ထားသည်ထက် ကျော်လွန်အောင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်သည့် ကိုအေးကြူဟန်+ မအေးမြတ်သူ ဆေးပစ္စည်းနှင့်ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားသည်ကို တွေ့ရှိရပြီး သက်တမ်းလွန် ကုန်စည်များရောင်းချနေခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။  

         ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ထုန်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၅.၁၁.၂၀၂၅ ရက်နေ့တွင် မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စားသုံးသူဦးဌာန၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ နှင့်  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျော်စံ၊  အာရှမွန်၊ Always၊ အပါးချမ်း စက်သုံးဆီဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရှိရပြီး ပူးပေါင်းအဖွဲ့မှ ဆီလက်ကျန်အခြေအနေအား  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီသို့ နေ့စဉ် သတင်းပေးပို့ရန်၊ စက်သုံးဆီများအား ပေပါလိုက် ရောင်းချခြင်းမပြုရန်၊  စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် တရားမဝင် စက်သုံးဆီများ ရောင်းချခြင်း၊ သယ်ဆောင်ခြင်းများ မပြုလုပ်ရန် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

       DOCA (မွန်)

ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ စတိုးဆိုင်များတွင် ဆံပင်ပြုပြင်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

     ၆.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ဆံပင်ပြုပြင်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ စတိုးဆိုင်များတွင် ရောင်းချနေသော ဆံပင်ပြုပြင်ပစ္စည်း အမျိုးမျိုးအား ပြည်သူများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်း အမှတ်အသားတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် အချက်များ ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်းရှိ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် အလှကုန်ပစ္စည်းအမျိုးမျိုးအပါအဝင် အခြားဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်များ စစ်ဆေးမှု ပြုလုပ် စက်သုံးဆီလက်ကျန်နှင့် ရောင်းချမှုပုံမှန်ရှိ

      ၅.၁၁.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  (ဥက္ကဋ္ဌ)ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့မှ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံမှ ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။

     စစ်ဆေးမှုတွင် Denko စက်သုံးဆီဆိုင်နှင့် ထန်းနှစ်ပင်စက်သုံးဆီဆိုင်တို့အား ဆီလက် ကျန်ပမာဏများကို စိစစ်ရာ လက်ရှိတွင်ပုံမှန်အတိုင်းရောင်းချနေပြီး စက်သုံးဆီများလက်ကျန် ကျန်ရှိနေကြောင်း တွေ့ရှိရသည်။

     အဖွဲ့မှ ဆီဆိုင်များအား သတ်မှတ်ဈေးနှုန်းနှင့်အညီ ပုံမှန်အတိုင်း ရောင်းချရန်၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရန်၊ သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စက်သုံးဆီအရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်းများမှန်ကန်စွာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

                                                                                                                 DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၆.၁၀.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ အ.ထ.က (၃)၊ ကျောင်းမုန့်ဈေးတန်းရှိ‌‌ ဒေါ်ကြူကြူ (ကျောင်းမုန့်ဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဝဝ အမှတ်တံဆိပ်ပါ ချောကလက်Vs နို့အရသာတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး မုန့်ဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၆.၁၁.၂၀၂၅ ရက်နေ့၊ ၁၁း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ လမ်းပြကြယ် (စတိုး) သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ကိုက်ညီမှုရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OK အမှတ်တံဆိပ် ကြက်သားစည်သွပ်ဘူတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြ ချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်လုပ်ငန်းရှင်အား  ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ