
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ နေပြည်တော်၏ ညွှန်ကြားချက်အရ စျေးကွက်အတွင်း ဆေးလိပ်အတုထုတ်ကုန်များအား စျေးကွက်အတွင်း တွေ့ရှိ လာသည့်အတွက် သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရန် ညွှန်ကြားလာသဖြင့် ထားဝယ်မြို့တွင်းရှိ ကုန်တိုက်များနှင့် ကုန်စုံဆိုင်များအား ပြည်တွင်းအခွန်များဦးစီးဌာန အကောက်ခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း Myanmar Japan Tobacco Co. Ltd မှ တရားဝင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Mavius Original Blue အမှတ်တံဆိပ်အား တုပ၍ အစိုးရ အခွန်တံဆိပ်အတုအသုံးပြုထားသော တရားမဝင်ဆေးလိပ်အတုများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေး ခြင်းနှင့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်များ မပါရှိသော တရားမဝင် ကုန်စည်များ ရောင်းချမှုမရှိစေရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
