HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည်(၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်  Favourite Bakery Accessories Mart Online sale မှ ရောင်းချသည့် အီလက်ထရောနစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများအားအမှတ်(၂၇၆)၊ ပြည်သာယာလမ်း၊ တာမွေမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၂၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပြည်တွင်းဒေသထွက် ဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများကို သိရှိလိုက်နာဆောင်ရွက်ရန် ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန် အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် ဆန်လက်ကျန်အခြေအနေ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်အတွင်း ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     (၂၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) MyRo တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေဂရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့်စားအုန်းဆီများရောက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်မှော်ဘီမြို့နယ်ခွဲရုံး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇမ္ဗူကံထွန်းကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Online Sale လျှောက်ထားမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဘန့်ဘွေးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ “ကိုကို့ရဲ့ရိပ်မြုံ”လက်မှုပစ္စည်းများရောင်းချသည့် လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

       ထိုသို့စစ်ဆေးရာတွင်  Page Logo၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၎င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း စသည့် Online ဖြင့် မှတ်ပုံတင်သည့်အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ 

        ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေ‌ရေး ညှိနှိုင်းအစည်းအဝေးကို ဝါးတန်းကုန်စည်ဒိုင်၌ ၂၁.၁၁.၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဥက္ကဌနှင့် ကော်မတီဝင်များ၊ ရွှေဘိုလိုင်း၊ ဖျာပုံလိုင်း၊ ဒေးဒရဲလိုင်း၊ လပွတ္တာလိုင်း၊ မော်ကျွန်းလိုင်း၊ မြောင်းမြလိုင်း၊ ဘိုကလေးလိုင်းတို့မှ ဆန်အကျိုးဆောင်များနှင့် မော်တင်ကမ်းနားသိုလှောင်ရုံ တာဝန်ခံများ စုစုပေါင်း ၉၄ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဌ ဦးအောင်မြင့်က ရွှေဘိုဆန်ဈေးနှုန်း မမြင့်တက်စေရးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ မကြာခဏကျင်းပပြုလုပ်ခဲ့ကြောင်း ဧရာဝတီပေါ်ဆန်းဆန်ဈေးနှုန်းများကိုလည်း ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံဆန်စပါး  ကုန်သည်များအသင်းအနေဖြင့် စားသုံးသူပြည်သူများထံသို့ ဆန်များတိုက်ရိုက်ရောင်းချမည့် အစီအစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆန်ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က မိမိတို့ဌာနအနေဖြင့် ဆန်ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်နှင့် ပူးပေါင်းဆောာင်ရွက်လျက်ရှိပါကြောင်း၊ ဆန်သည် အရေးကြီးကုန်စည်တွင်ပါဝင်သည့်အတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် ဆန်များဈေးကွက်အတွင်းသို့ရောက်ရှိစေရေး ဖြန့်ဖြူး‌ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦးနှင့် ဝါးတန်းဆန်ကုန်စည်ဒိုင်ဥက္ကဌ ဦးကျော်ကိုဆန်းတို့က ဆက်လက်ဆွေးနွေးပြောကြားခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးနှင့် ဆန်ရောင်းဝယ်မှုများအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

       ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်ရောင်းဝယ်မှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဥက္ကဌ၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဥက္ကဌ၊ ဆန်ပွဲရုံကဏ္ဍ၊ ဆန်လက်လီဆိုင်ကဏ္ဍနှင့် ဆန်အကျိုးဆောင်ကဏ္ဍမှ ဧည့်သည်တော်များ စုစုပေါင်း ၂၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ပပို့ကုန် ဧည့်မထဆန်ကြမ်းအုပ်စုမှာ ဈေးနှုန်းများကျဆင်းနေသဖြင့် ဈေးနှုန်းတိုးမြှင့်စေရန် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် လစဉ်ပို့ကုန်ရည်မှန်းချက်ပြည့်မီစေရန် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ‌ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်းကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ကျော်လွန်မရောင်းချရန်နှင့် သိုလှောင်ရောင်းခြင်းမပြုရန်လိုအပ်ပါကြောင်း၊ ကုန်စည်ဒိုင်မှလည်း ရောင်းသင့်သည့် ဈေးနှုန်းထက်မကျော်စေရန်အတွက် ထိန်းကြောင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  လမ်းပန်းဆက်သွယ်ရေးကုန်ကျစရိတ်၊ စိုက်ပျိုးစရိတ်နှင့် ကုန်ကျစရိတ်များကို အနီးစပ်ဆုံးတွက်ချက်ပြီး သင့်တင့်မျှတသောဈေးနှုန်းဖြစ်စေရန်အတွက် ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကုန်စည်ဒိုင်များမှ ဈေးနှုန်း/ ဈေးကွက် ထုတ်ပြန်လုပ်ဆောင်သင့်ပါကြောင်းနှင့် အသင်းချုပ်မှလည်း အရန်ဆန်ထုတ်ရောင်းပေးမည့်အစီအစဉ်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ ထို့နောက် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဌ ဦးအောင်မြင့်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဥက္ကဌ ဦးကျော်ဦး၊ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်) ဥက္ကဌ ဦးကျော်ကိုဆန်း၊ ရွှေဘိုလိုင်းခေါင်းဆောင် ဦးမျိုးဝင်းခိုင်၊ ဖျာပုံလိုင်းခေါင်းဆောင် ဦးအောင်ကြည်စိုး၊ လပွတ္တာလိုင်းခေါင်းဆောင် ဦးကျော်မျိုးထွန်း၊ ဘိုကလေးလိုင်းခေါင်းဆောင် ဦးအောင်မျိုးမင်း၊ ပွဲရုံကဏ္ဍမှ ဦးဝင်းနိုင်၊ လက်လီကဏ္ဍမှ ဦးမင်းသူနှင့် တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးပြည့်ဖြိုးသူတို့က ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

        (၂၁.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ သွားရောက်၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ် စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီနှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားအုန်းဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် တစ်လလျှင် တစ်အိမ်ထောင်စုစားအုန်းဆီ ရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးသူပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်း ချသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ (၂၁.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၈)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကားကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီထုတ်ကိုယ်စားလှယ်မှ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ရောင်းချရာတွင်လည်း စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံစာအုပ်များထားရှိခြင်း၊ ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင်စု(၅၀)ကျပ် သား ရောင်းချပြီး တစ်လလျှင် (၄)ကြိမ်ဖြင့် (၂)ပိဿာရရှိကြောင်း အမှတ်(၁၈)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Crystal Paradise Co.,Ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

          (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်(၇၈)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်တာဝန်ခံ ဦးအာကာမင်းအား ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြောနေ့တိုင်း (PPRD)စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းနှင့် အညီ ပုံမှန်အတိုင်းရောင်းချရန်၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရန်၊ စက်သုံးဆီအရည်အသွေး အလေးချိန်၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News