HighLight News

Powered by Drupal

မြိတ်မြို့ပေါ်ရှိ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆  ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်း‌ကျောင်း၌ ဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေးဦးစားပေး” ဆောင်ပုဒ်နှင့်အညီ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သော အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ (သို့မဟုတ်) အထောက်အထားရယူခွင့်၊ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့် စသည့်စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ အွန်လိုင်းရောင်းချမှုများနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အသင့်သောက်ကော်ဖီအမျိုးမျိုးနှင့် အသင့်စားမုန့်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာနနှင့် ဓနုဖြူမြို့နယ်  (စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ပူးပေါင်းအဖွဲ့များသည် ဈေးကွက်အတွင်းရှိ အသင့်သောက်ကော်ဖီနှင့် အသင့်စားမုန့်မျိုးစုံတို့ကို ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု၊ သက်တမ်းလွန်မှုနှင့် စားသုံးရန်မသင့်သော အစားအစာများ ရောင်းချခြင်းမပြုရန် ၂-၇-၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးမှူး ဦးဝင်းမင်းစိုးနှင့် တာဝန်ရှိသူများက ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့ ကွင်းဆင်း၍ ရောင်းချနေသော အသင့်သောက်ကော်ဖီထုတ်များတွင်  မြန်မာဘာသာဖြင့် ဖော်ပြရမည့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်သူ၏ အမည်နှင့် လိပ်စာများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးရန် သက်တမ်းလွန်သွားသော ကော်ဖီထုပ်နှင့် မုန့်များကို ဈေးကွက်အတွင်း ရောနှောရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊  သက်တမ်းကုန်ဆုံးနေသော (သို့မဟုတ်) မှိုတက်/ ပျက်စီးနေသော ကော်ဖီထုပ်များ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ အသင့်စားမုန့်များတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီသောမုန့်များကို စားသုံးနိုင်ရေး အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ၊ တားမြစ်ထားသော ပါဝင်ပစ္စည်းများပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် အသိပညာပေးခြင်း၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စား အစားအစာများရောင်းချမှု ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ရမည့် အချက်အလက်များ၊ ကိုက်ညီသောမုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များအကြောင်းတို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရုံးတောကျေးရွာ၌ မြို့နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲတွင် ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၃.၇.၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကုန်ညွှန်းအမှတ်အသားနှင့် ပက်သက်၍ စားသုံးသူရေးရာဦးစီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ သင်တန်းသူ/ သင်တန်းသား (၄၀) ဦးအားဟောပြောရာ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုတ်ပိုး မှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် (သို့မဟုတ်) အမှတ်အသားကို ဆိုလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ စားသုံးသူများ ကုန်ပစ္စည်းကိုကြည့်ရုံဖြင့် အလွယ်တကူသိရှိနားလည်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေပြဌာန်း၍ ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်များကို ဥပဒေများဖြင့် သတ်မှတ်ထားသော ကုန်ပစ္စည်းအပေါ် (သို့မဟုတ်) ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ဖော်ပြထားသည့် အချက်အလက် (သို့မဟုတ်) အမှတ်အသားဖြင့်ဖော်ပြရန် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၀ပြည်နှစ် မတ်လ ၁၆ရက်နေမှ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များ စတင်အာဏာတည်ကြောင်းကိုလည်းကောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း ပုဒ်မ ၄၁ ၅အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ (၈)ချက်ကို ဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းခြင်း၊ ကုန်အညွှန်အမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးရေးအရာရှိမှ စစ်ဆေးဆောင်ရွက် စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ညွှန်ကြားချက်များထုတ်ပြန်ထားပြီး (၂/၂၀၁၉)၊ (၁/၂၀၂၀) (၁/၂၀၂၁) တို့၏ သတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်များမှ မိမိထုတ်ကုန်များအပေါ် တားမြစ်ချက် ပုဒ်မ ၆၇၊ ၆၈ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ လိုက်နာခြင်းမရှိ ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်နှစ်နှစ်ထက်မပိုသော၊ ငွေကျပ် သိန်း ၂၀၀ထက်မပိုသော ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်ပြီး ပုဒ်မ ၇၉အရ ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ကြောင်းသတ်မှတ်ထားရှိကြောင်းကို ရှင်းလင်းပြီး သင်တန်းသားများက သိလိုသည်များမေးမြန်းမှုကို တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကိုယ်ဝန်ဆောင်မိခင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် မြို့နယ်လူမှုဝန်ထမ်းရုံးတွင် မြို့နယ်လူမှုဝန်ထမ်း၊ မြို့နယ်မိခင်နှင့်ခလေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့ပူးပေါင်းပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်၍ (၃.၇.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်တာဝန်ခံ ဒေါ်ချိုမီဇင်မှ ကိုယ်ဝန်ဆောင်မိခင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပြုလုပ်ရာတွင် "ဝန်ဆောင်မှုကဏ္ဍ (Services)" အကြောင်း ကိုယ်ဝန်ဆောင်မိခင်များ သိရှိနိုင်စေရန် ဝန်ဆောင်မှုကဏ္ဍဆိုသည်မှာ ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုလိုကြောင်း၊ ဆေးရုံ၊ ဆေးခန်း ဝန်ဆောင်မှုဓာတ်ခွဲခန်း စစ်ဆေးမှု ဆေးဆိုင်ဝန်ဆောင်မှု၊ ဘဏ်ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ ကိုယ်ဝန်ဆောင်မိခင်များ သိထားသင့်သောအချက်များ၊ ဝန်ဆောင်မှုမရယူမီ ဝန်ဆောင်ခနှုန်းထားကို ကြိုတင်မေးမြန်းရန်လိုအပ်ကြောင်း၊ လိုင်စင်ရဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်ကိုသာ ရွေးချယ်ရန်ကိုလည်းကောင်း၊ ဝန်ဆောင်မှုအသေးစိတ်ကို နားလည်အောင်မေးမြန်းနိုင်ရန်၊ ဝန်ဆောင်မှုရယူနေစဉ် ဆရာဝန်၏ ရှင်းလင်းချက်ကို သေချာနားထောင်ပါ။ မရှင်းလင်းသည့်အချက်များကို မေးမြန်းခွင့်ရှိပါသည်။ ငွေပေးချေမှုအတွက် ပြေစာ (Receipt) ကို တောင်းယူပါ။ ဝန်ဆောင်မှုရယူပြီးနောက် ဆေးမှတ်တမ်း၊ စစ်ဆေးမှုရလဒ်များကို သိမ်းဆည်းထားပါ။ သတ်မှတ်ထားသည့် နောက်ဆက်တွဲပြသချိန်ကို လိုက်နာရန်ကိုလည်းကောင်း၊ စားသုံးသူ၏အခွင့်အရေး ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုရရှိခွင့် မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်သိရှိခွင့် လွတ်လပ်စွာရွေးချယ်ခွင့် နစ်နာမှုဖြစ်ပါက တိုင်ကြားခွင့်နှင့် နစ်နာကြေးတောင်းခံခွင့် စားသုံးသူ၏ တာဝန် ဝန်ဆောင်မှုမရယူမီ သတင်းအချက် အလက်ကို စစ်ဆေးရန် ညွှန်ကြားချက်များကို လိုက်နာရန် ပြေစာနှင့် မှတ်တမ်းများကို သိမ်းဆည်းထားရန် မမှန်ကန်သော ဝန်ဆောင်မှုများကို သက်ဆိုင်ရာဌာနသို့ တိုင်ကြားရန်ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာမည့် ကလေး၏ ကျန်းမာရေးကို ကာကွယ်ရန်အတွက် ဘေးကင်းပြီး အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများကို ရွေးချယ်အသုံးပြုခြင်းသည် စားသုံးသူတစ်ဦး၏ အခွင့်အရေး တစ်ခုဖြစ်ကြောင်းကို ကိုယ်ဝန်ဆောင်မိခင်များ သိရှိနိုင်စေရန် ရှင်းလင်းဟောပြော ဆွေးနွေးပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် နှင့် အဖွဲ့အစည်းတာဝန်ရှိသူ ၃၀ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စာရေးကုန် အ.မ.က စာသင်ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံရုံးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး (မအူပင်ခရိုင်) ဒုခရိုင်ဦးစီးမှူးသည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမတို့ဖြင့်ပူးပေါင်း၍ စာရေးကုန်း အ.မ.က ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍  စာရေးကုန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံတွင် ကုန်အညွှန်းအမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ရောင်းချသော မုန့်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက် ကုန်များကိုမရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်းရှိ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊  မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ပူးပေါင်း၍ မအူပင်မြို့နယ်ါအတွင်းရှိ စားသောက်ဆိုင်များသို့ (၂.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန် တွင် ဝန်ဆောင်မှုကဏ္ဍ ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသောက်ဆိုင်များသို့ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးလုပ်ငန်းများသည် သုံးစွဲသူများအတွက် ဘေးကင်းလုံခြုံသော အစားအသောက်ဝန်ဆောင်မှု ရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး ဆိုင်များတွင် သတ်မှတ်ထားသော လုပ်ငန်းလမ်းညွှန်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စားသောက်ဆိုင်ဝန်ဆောင်မှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ အစားအသောက်ချက်ပြုတ်ရာအခန့်များ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ထားရှိမှုရှိ/ မရှိ၊ စားဖိုဆောင် စွန်ပစ်အမှိုက်ပုံးများခွဲခြားဆောင်ရွက်ထားခြင်းရှိမရှိ၊ စားသုံးသူများ ဈေးနှုန်းကို ကြိုတင်အသိပေး ကြေငြာထားမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ စားသုံးသူများအတွက် အခွန်အခပါအဝင် ကြိုတင်သတင်းအချက်အလက် ကြေငြာဆောင်ရွက်ထားရှိမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သော ဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်းရှိ/ မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့် ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှုရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက်အလက် ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများစားသုံးရန်(သို့) အသုံးပြုရန်သင့်/ မသင့်စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 “ ဒလမြို့နယ်ကမာကဆစ်ဈေး၌ ရောင်းချလျက်ရှိသော စားသုံးဆီဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဇူလိုင်လ(၇)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသည့် စားသုံးဆီဘူးဆီ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာယီဈေးတာဝန်ခံ ဦးဇော်မင်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းနှင့် ဝန်ထမ်းများသည် ဒလမြို့နယ် ကမာကဆစ်ဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီဘူးဆီအမျိုးမျိုးတို့တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်အလက်များ ပါဝင်မှုရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်မှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ် စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော စားသုံးဆီဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသည့် စားသုံးဆီဘူးဆီအမျိုး မျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာယီဈေးတာဝန်ခံ ဦးကောင်းထက်ကိုကိုနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းနှင့် ဝန်ထမ်းများသည် တွံတေးမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီ ဘူးဆီအမျိုးမျိုးတို့တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် အချက်အလက်များ ပါဝင်မှုရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်မှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်၏ စက်မှုကုန်ထုတ်လုပ်မှု အမြင့်မားဆုံး တိုးတက်လာ

         ဗီယက်နမ်နိုင်ငံ၏ ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက် (ဇန်နဝါရီမှ ဇွန်လအထိ) စက်မှုထုတ်လုပ်မှု ညွှန်းကိန်း (Index of Industrial Production) သည် ယခင်နှစ်ကာလတူထက် ၁၀.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း အဆိုပါကာလများအနက် အမြင့်မားဆုံး တိုးတက်မှု နှုန်းဖြစ်ကြောင်း ဗီယက်နမ်အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် VnEconomy က ဇူလိုင်လ ၃ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

         စက်မှုကဏ္ဍတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်မွမ်းမံမှုကဏ္ဍ (Manufacturing and processing sector) သည် ၁၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း တိုးတက်မှုနှုန်းတွင် ၈.၉ ရာခိုင်နှုန်းအထိ ပါဝင်ပံ့ပိုးပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

          ထို့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ရေပေးဝေခြင်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကဏ္ဍများ ပိုမိုအားကောင်းလာခြင်းကလည်း ယခုကဲ့သို့ ကောင်းမွန်သောရလဒ်များ ရရှိစေရန် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဖြည့်စွက်ဖော်ပြထားသည်။ အစီရင်ခံစာအရ ဗီယက်နမ် တစ်နိုင်ငံလုံးရှိ ဒေသကြီး ၃၄ ခုလုံးတွင် စက်မှုကုန်ထုတ်လုပ်မှုများ အသီးသီးတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဘူးသွပ်ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည်  ၄.၇.၂၀၂၆ ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊  ရေကျော် City Mart ရှိ ဘူးသွပ်ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာပြည့်စုံစွာ ပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရေကျော် City Mart တွင် ရောင်းချနေသော ဘူးသွပ်ဆီအမှတ်တံဆိပ်များမှာ ငွေသဇင်မင်း (ရာနှုန်းပြည့်မြေပဲဆီသန့်)၊ ရွှေ(ပဲဆီသန့်)၊ ကောင်းမှကောင်း (မြေပဲဆီ)၊ သူကြီးကတော် (မြေပဲဆီ)၊ မေဇင်(မြေပဲဆီ)၊ ဇဗ္ဗူအေး(ရာနှုန်းပြည့်မြေပဲ ဆီစစ်စစ်)၊ Peanut Oil (မြေပဲဆီ)၊ အမေထွား (မြေပဲဆီ) များမှာ ဥပဒေပါအခန်း(၁၈)တွင် ဖော်ပြထားသောကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  ထိုနောက် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) က စားသုံးဆီအမှတ်တံဆိပ်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်မပြည့်စုံသောကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News