HighLight News

Powered by Drupal

လေးမျက်နှာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍ အသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည်(၂၀.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Communi-ty Centre) ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် စပ်လျည်း၍ စားသုံးသူရေးရာ အသိပညာပေးTalk Showအစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ  အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှုပြုလုပ်နေသော လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်တင်ထားခြင်းဖြင့် ရရှိနိုင်သည့်အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ရှင်းလင်းရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိ၏ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကြောင့် မဟုတ်လျင် စားသုံးသူ၏နစ်နာဆုံးရှုံးမှုသည်  တိုင်ကြားခံရပါက ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ငန်းနှင် ပတ်သက်၍ တရားဝင်အရေးဆိုတင်ပြပိုင်ခွင့်ရှိခြင်း၊ မိမိလုပ်ငန်း၏ နာမည်ကောင်းပြန်လည်ရရှိနိုင်သည့် အခွင့်အရေးရှိခြင်း စသည့် အကျိုးရလဒ်များရရှိပြီး၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရာတွင်လည်း သဘောတူညီချက်၊ တန်ဖိုးတို့နှင့်အညီ ငွေပေးချေမှုကိုလက်ခံရယူပိုင်ခွင့်ရှိခြင်း၊ အွန်လိုင်းစနစ်တွင်လည်း မှတ်ပုံတင်လက်မှတ်ပါအမည်ဖြင့် ရောင်းချခွင့်ရှိခြင်း စသည့် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများသို့ စားသုံးသူအသိပညာပေးဟောပြောခြင်း

          ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၁.၁.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင်  အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၂၂၁) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး၊ တိုင်းရင်းဆေးရုံအုပ်တို့မှလည်း ဌာနအလိုက် သိမှတ်ဖွယ်ရာများအား အသီးသီးဟောပြောခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဌာနမှ လက်ရှိတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများအား လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့ အမှတ်(၂) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

          ဈေးကွက်အတွင်းရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ကုန်ပစ္စည်းပေါ်တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတွင် စားသုံးသူပြည်သူများနားလည်စေရန် မြန်မာဘာသာစကားဖြင့်ဖော်ပြထားမှု၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအားရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား (၁၆.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး လက်ကျန်အခြေအနေများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တိုင်းဒေသကြီးရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနနှင့် မြို့နယ်ပူးပေါင်းအဖွဲ့များဖြစ်သော  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိ ဈေးအတွင်း ပဲပြားနှင့် မုန့်ဖက်များအား ဆိုးဆေးပါ/ မပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ စည်ပင်ဈေးများတွင် (၁၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပဲပြားနှင့် မုန့်ဖက်များတွင် ဓာတုဆေးများပါဝင်မှုရှိ/ မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဓာတုဆေး(ဖော်မလင်) များပါဝင်သော ပဲပြားများအား ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်တွင် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၁၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရေကြည်မြို့ရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေများဈေးကွက်တွင်းပြတ်လပ်ခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ လက်ကျန်နှင့်ဈေးနှုန်းဈေးကွက်အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် တာဝန်ခံရုံးနှင့်ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ ပြန်ဆက်ရုံး၌ Talk ShoWပွဲ ပြုလုပ်ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ပြန်ဆက်ရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူပြည်သူများ၏ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း နိုင်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက နီးစပ်ရာမြို့နယ်တာဝန်ခံရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ callcenter 1535 သို့  ခေါ်ဆို၍ဖြစ်စေ၊ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပဲစိုက်တောင်သူ၊ ပွဲရုံများကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုသည် (၂၀.၁.၂၀၂၅) ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် သာယာ  ဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းဌာနခွဲတာဝန်ခံ၊ ရုံးဝန်ထမ်းများနှင့် အတူကွင်းဆင်း၍ မတ်ပဲစိုက်တောင်သူများနှင့် ပဲပွဲရုံလုပ်ငန်းများအားတွေ့ဆုံကာ ရေလိုက်ပဲစိုက်ပျိုးထားရှိမှု၊ သွင်းအားစုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေများ၊ ပဲပွဲရုံများမှ ဝယ်ယူနေမှု၊ သယ်ယူပို့ဆောင်ခဝန်ဆောင်မှုများအား ၎င်းအခြားဒေသများနှင့်ကုမ္ပဏီများမှ တိုက်ရိုက်ဝယ်ယူမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမေးမြန်းခဲ့ပါကြောင်း သတင်းရရှိပါသသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိဆေးနှင့် ဆေးပစ္စည်း ဆိုင်များဖြစ်သောဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့်ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူး Light House ကော်ဖီလုပ်ငန်းရှင်နှင့်တွေ့ဆုံ

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေတာရှည်မြို့နယ် မြို့လှမြို့ရှိ Light House ကော်ဖီလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင် ဦးဇေယျာမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

            ခရိုင်ဦးစီးမှူးနှင့် Light House ကော်ဖီလုပ်ငန်းရှင်တို့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များထုတ်ကုန်ပြိုင်ပွဲတွင် Light House ကော်ဖီက ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု OROP ပါဝင်ယှဉ်ပြိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Light House ကော်ဖီကထုတ်လုပ်မည့် Coffee Scrubs အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးကြကြောင်းသိရသည်။

            တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်းတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News