ကျောက်ပန်းတောင်းမြို့တွင် Online Sale လုပ်ငန်းနှင့်စပ်လျဉ်း၍အသိပညာပေးTalk Show ဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သိသင့်သိထိုက်သည့် ဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များအား နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ‌ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံသည် (၁၉.၁.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ Online Sale လုပ်ငန်းများမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေ ပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လိုသူသည် ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ် ကြောင်းနှင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ သတ်မှတ်ချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)