HighLight News

Powered by Drupal

လှိုင်သာယာမြို့နယ်ရှိ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Ocean Super Center တွင် ရောင်းချနေသော အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမေထွား(အဆင့်မြင့်မြေပဲဆီ)၊ ဧရာဝတီ(မြေပဲဆီစစ်စစ် ပဲဆီသန့်)၊ အမေထွား(နှမ်းဆီ)၊ သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)၊ ငွေသဇင်မင်း(ရာနှုန်းပြည့် မြေပဲဆီ)၊ ဇမ္ဗူအေး(ရာနှုန်းပြည့်မြေပဲဆီ)စသော တံဆိပ်အမျိုးမျိုးဖြင့် (၅၀)ကျပ်သား၊ (၁)ပိဿာ၊ (၂) ပိဿာဘူးများဖြင့် ရောင်းချပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှည်းကူးမြို့နယ်၊ မြို့မဈေးသို့ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

          (၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ဈေးစည်ပင်မှ တာဝန်ရှိသူက ပူးပေါင်းပါဝင်လျက် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည်ဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည်ကြောင်းဖော်ပြချက်များနှင့် ပါဝင်မှုအလေးချိန်ကိုလည်း မြန်မာလိုရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် အချက်(၁၁) ချက်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၅၀) နာရီမီးနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)ရှိ Ocean Super Center မှ တာဝန်ရှိသူမှ မိမိတို့ Ocean တွင်ရှိသော အချိုရည်များမှာ 7 Go၊ Co Co၊ Vita၊ Zeno၊ Speed၊ M150 နှင့် Cara bao တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ရှိသူအား ကုန်အညွှန်းအမှတ်အသားမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခြင်း

             ၈.၁၁.၂၀၂၅ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ် KKK သုံးလုံးဆေးဆိုင်အား ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့်ဝန်ထမ်း(၂) ဦးတို့သည် ပန်းဘဲတန်းမြို့နယ်စည်ပင်မှ ရပ်ကွက်အပိုင်မှူး ဒေါ်သန္တာခိုင် (ဌာနခွဲစာရေး) တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ပန်းဘဲတန်းမြို့နယ် KKK သုံးလုံးဆေးဆိုင်တွင် ရောင်းချနေသော ဆရာဝန်ထောက်ခံချက်မရှိဘဲ သောက်သုံးနိုင်သော ဆေးဝါးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် ၎င်းဆေးဆိုင်တွင်ရောင်းချနေသော Royal D (ဓါတ်ဆား)၊ Kremils(အစာအိမ်ဆေး)၊ Len San၊ Decolgen၊ Fluza၊ Enervon C အစရှိသော ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

        ၈.၁၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် လှိုင်မြို့နယ် ရတနာမွန်ဈေးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းဈေးတို့တွင် ရောင်းချလျက်ရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို  ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်း(၂) ဦးနှင့် ဈေးမှတာဝန်ရှိသူတို့မှ ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးများတွင်ရောင်းချနေသော  အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိရပါသည်။ ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးမှ ၎င်းတို့ဈေးတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များတွင် စားသုံးသူများဘေးအန္တရာယ်မရှိစေရန်အတွက် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ အလေးချိန်အရွယ်အစားစသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းထားသည့် အသင့်သောက်အချိုရည်များကိုသာ ရောင်းချစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်

       ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍စားသုံးသူကာကွယ်ရေး အသိပညာပေး(Talk Show) ကို၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၆ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

        ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများနှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးခန့်စည်သူက မိမိတို့ဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအဓိကထား ဈေးကွက်စောင့်ကြည့်လျှက်ရှိကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၇) ကုန်စည်(သို့)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်ပြီးပုဒ်မခွဲများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူမိဘပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာမှုများရှိလာပါက တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသော CICC စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးCenter မှ တိုင်ကြားနိုင်သလို၊ ဖုန်းဆင်းကတ်မှတဆင့်တိုင်ကြားလိုသူများ အနေဖြင့်Call Center 1535 သို့ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ရွှေမြန်မာ”ငါးရံခြောက်ဖုတ်လုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

          ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းကာ (၆.၁၁.၂၀၂၅)နေ့ (၁၁:၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ “ရွှေမြန်မာ” ငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့သွားရောက်၍ ငါးရံ့ခြောက်ဖုတ် ထုတ်လုပ်ပုံအဆင့်ဆင့်၊အလုပ်သမားများအခြေအနေ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများနှင့်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထို့နောက်ထုတ်လုပ်သော ကုန်စည်များနှင့် ပတ်သတ်၍စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရးနှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်းကုန်စည်ထုတ်ပိုးထားမှု အပေါ်တွင်ထည့်သွင်း ဖော်ပြရန်လိုကြောင်းမြို့နယ်တာဝန်ခံက ပြောကြားခဲ့ခြင်းအပေါ် သတင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီများရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ၅ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၁) ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောစားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စားအုန်းဆီခွဲတမ်းရရှိသော  လက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ စားသုံးသူများထင်ယောင်ထင်မှား မဖြစ်စေရေးအတွက် ဈေးနှုန်းဆိုင်းဘုတ်များကို သတ်မှတ်ရည်ညွှန်းဈေးအလိုက်  မြင်သာထင်သာရှိသော နေရာများတွင် ချိတ်ဆွဲရောင်းချမှုရှိ/ မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၈)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့ အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

           စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ကုန်စုံဆိုင်များမှ ရောင်းချနေသော  ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များရောင်းချမှု မရှိစေရေးနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုး ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇-၁၁-၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၆)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

         စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စုံဆိုင်များဖြစ်သော ကုန်မျိုးစုံလက်ကား အရောင်းဆိုင်ကြီးများတွင်  ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံးပြုသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြို့နယ် ဈေးကွက် အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News