HighLight News

Powered by Drupal

ပန်းတနော်မြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          (၂၀.၁.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော ဘိလပ်မြေအိတ် လက်ကျန်အခြေအနေနှင့် ရောင်းချမှု ဈေးနှုန်းအခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက်မှ ဦးအောင်ကိုနိုင် ဘိလပ်မြေ အရောင်းဆိုင်၊ အောင်ပွင့်သစ်ဆန်းဘိလပ်မြေအရောင်းဆိုင်၊ အနောက်ပိုင်း ရပ်ကွက်ရှိ အောင်သပြေ၊ မင်းဆွေဦး  ဘိလပ်မြေ လက်လီ/လက်ကား အရောင်းဆိုင်(၄)ဆိုင်မှ ဘိလပ်မြေ ရောင်းချမှုအခြေအနေ ဆိုင်ရှိဘိလပ်မြေလက်ကျန်စာရင်း ဘိလပ်မြေဝယ်ယူရရှိမှုနှင့် ရောင်းချမှု ဈေးနှုန်းအခြေအနေကို ဆိုင်ရှင်များအား မေးမြန်းစစ်ဆေးခဲ့သည်။

          ဘိလပ်မြေအရောင်းဆိုင်များတွင် ကြံနီ  နှင့် ALPHA နှစ်မျိုးသာရောင်းချပြီး အောင်ကိုနိုင်ဆိုင်မှ ကြံနီဈေးနှုန်ူး ယခင်ဈေး ငွေကျပ် ၁၆၅၀၀/- ယခုရောင်းချဈေး ၁၉၅၀၀/-၊  Alpha ယခင် ဈေးနှုန်း ငွေကျပ် ၁၈၀၀၀/-ယခုဈေး ၂၀၀၀၀/- ဖြင့် ရောင်းချကြောင်း၊ အောင်ပွင်သစ်ဆိုင်လည်း ဈေးနှုန်းတူညီပြီး အောင်သပြေဆိုင်မှ ALPHA ယခင်ဈေး ၁၇၀၀၀/-ယခုဈေး ၂၀၀၀၀/- မင်းဆွေဦး ဆိုင်မှ ALPHA ယခင်ဈေး ၁၇၅၀၀/-ယခုဈေး ၂၀၀၀၀/- ကြံနီ ယခင်ဈေး ၁၆၅၀၀/- ယခုဈေး ၁၉၅၀၀/-ဖြင့် ရောင်းချနေပြီး၊ ယခင်ဈေးနှင့် နှိုင်းယှဥ်ပါက (၂၀၀၀-၂၅၀၀-၃၀၀၀)ကျပ် အနည်းငယ် ဈေးတက်နေကြောင်း တွေ့ ရှိရသည်။ ရန်ကုန်မှ မှာယူရောင်းချပြီး ပစ္စည်းမှာယူတွင် လိုသလောက် မရ၍  ပွင့်လင်းရာသီ ဆောက်လုပ်ရေးကာလတွင်  ဝယ်ယူသူများပြားလာပြီး အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိ သဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ် ရန်ကုန်ပင်ရင်းဆိုင်များမှ ဈေးနှုန်းမြင့်ခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ အထက(ခွဲ)ဝါးရခိုင်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၁၇.၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် အထက(ခွဲ) ဝါးရခိုင်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် အိမ်မဲမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေးသည့် စားအုန်းဆီကားများ ရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂၁.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ မြတ် Myat  Ay  Kam Co,Ltd  မှထုတ်ယူခဲ့သော စားအုန်းဆီ (၂၅)ပေပါသည် အိမ်မဲမြို့နယ်သို့ ရောက်ရှိမှုအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန။ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်အပါအဝင် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချ ပေးမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသော လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၁၇.၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသော  လုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံ ရောင်းချသော လုပ်ငန််းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများ ကိုသာရောင်းချကြရန်  စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသော  စီးပွားရေးလုပ်ငန်းရှင်(၁၅)ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင် နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၁၇.၁.၂၀၂၅)ရက်နေ့ ညနေ(၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စက်မှုလုပ်ငန်းသုံး ဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီ ထုတ်ယူရရှိရေးပေါင်းစပ်ညှိနိုင်းရေးအဖွဲ့မှ ခွဲဝေပေးသော စားအုန်းဆီများ အား လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်လုပ်ငန်းတွင် အသုံးပြုကြရန်နှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများမပြုလုပ်ကြရန် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းအချိန်မှီငွေပေးသွင်းမှု ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးမြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြိုနယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၀.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ကြံခင်း မြို့မဈေး၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက  ကုန်စုံဆိုင်လုပ်ငန်းရှင်များ အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း( ၁၀ ) ပုဒ်မ (၂၁)တွင် ဖော်ပြထားသော စီးပွားရေး လုပ်ငန်းရှင်  ၏တာဝန်များ အခန်း(၁၈) ပုဒ်မ(၄၁)၊ (၄၂)၊ (၄၃)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာအချက်များကို ကုန်စည်ထုတ်လုပ်ရောင်းချသူ  လုပ်ငန်ရှင်များနှင့် တစ်ဆင့်ပြန် လည်ရောင်းချသူလုပ်ငန်းရှင်များသိရှိ လိုက်နာကြရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာ သူများမှလည်းယခုကဲ့သို့စားသုံးသူကာကွယ် ရေးဥပဒေမှ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက် များအား သိရှိခွင့်ရသည့်အတွက် ကုန်စည်များ ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်းရေးသားရမည်ကို အထူး အလေး ထားလိုက်နာသွားမည်ဖြစ်ကြောင်း၊ တစ်ဆင့် ပြန်လည်ရောင်းချသည့် ကုန်စည်များ တွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိမှသာ ပြန်လည်ရောင်းချသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး  နေ့လယ် (၁၄:၃၀) နာရီအချိန်တွင်  ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်ဦးစီးမှူးသည်(၂၀.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးTalkShowအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက  စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူ ကာကွယ်ရေးဥပ‌ဒပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လဉ်း၍ အားမခံချက်ပေးခြင်းများအကြောင်း အကျယ်တဝင့် ရှင်းလင်းခဲ့ပြီး၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေသော Online ရောင်းဝယ်မှုလုပ်ငန်းများအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ဆိုင်နှင့်ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ Consumer Call Centre 1535 သို့ စားသုံးသူပြည်သူများအနေဖြင့် အရေးဆို တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ ကွင်းကောက်မြောက်ရပ်ကွက်ရှိ အောင်လင်းထက်ဆန်စက် လုပ်ငန်းရှင် ဦးသန့်စင်ဦးနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာ ချက်ပါ ဆန်ဈေးနှုန်းများနှင့် အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈးကွက်ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပ များသို့ ဆန်များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်နှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်ရုံးမှအငယ်တန်းစာရေးသည် (၁၇.၁.၂၀၂၅)ရက်နေ့  နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်နှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးမှ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားရာတွင် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်များတွင် ဦးစီးဌာနအနေဖြင့် လျှောက်လွှာပုံစံပါ အချက်အလက်နှင့် ပူးတွဲတင်ပြသည့် အထောက်အထားများကို စိစစ်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ညှိနှိုင်း၍ မြေပြင်အခြေအနေစစ်ဆေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များရောင်းချမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော သို့မဟုတ် ကန့်သတ်ထားသော သို့မဟုတ် ဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းသောကိစ္စရပ်များ၊ အများပြည်သူ၏ လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိ‌ခြင်း၊ စားသုံးသူအတွက် ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်မရှိကြောင်းယူဆနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဖြစ်ခြင်း၊ ဈေးကွက်အတွင်း ရောင်းချရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ခွင့်မပြုခြင်း၊ တားမြစ်ခြင်း၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာပုံစံ၌ အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းမှုမရှိခြင်း၊ ပူးတွဲတင်ပြရမည့် အထောက်အထားများနှင့် စပ်လျဉ်း၍ ထိမ်ချန်ခြင်း၊ လိမ်လည်၍ တင်ပြခြင်းများ တွေ့ရှိပါက ဦးစီးဌာနအနေဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ကြောင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားသူထံ အကြောင်းကြားခြင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခံရပါက လိုအပ်ချက်များပြန်လည်ပြင်ဆင်၍ ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာနသို့ ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း  အသိပညာပေး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်တာဝန်ခံမှ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၀.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဌေးဝင်းဈေးရှိ၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အားစားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ်ရောင်းချပေးရန်၊ ဆီ ရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိရန်၊ ဆီရောင်းချရာတွင်လည်း သတ်မှတ်ရည်ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်း ဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် တာဝန် ခံမှ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား အချက်အလက် ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် ၊ မြန်မာဘာ သာဖြင့်ပြည့်စုံစွာရိုက်နှိပ် ဖော်ပြထားသော ကုန်ပစ္စည်းများကိုရွေးချယ်၍ ရောင်းချရန် ဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ အချက်(၈)ချက်အား သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးကုန်စုံဆိုင်လုပ်ငန်းရှင် များဘက်ကလည်းသိလိုသည့် အချက်များအားမေးမြန်းပြီးအပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News