ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုနှစ်၌ မလေးရှား၏ စားအုန်းဆီကြမ်းထုတ်လုပ်မှု တန်ချိန် ၁၉.၅ သန်းကို ကျော်လွန်နိုင်

     မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁၉.၃ သန်းသာရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၉.၅ သန်းအထိရှိမည်ဟု ခန့်မှန်းထားပြီး ထုတ်လုပ်မှုတိုးတက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း The Edge Malaysia သတင်းဌာနက နိုဝင်ဘာ လ ၂၁ ရက်နေ့တွင် ဖော်ပြထားသည်။

     မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) မှ ဥက္ကဋ္ဌ Datuk Mohamad Helmy Othman Basha က ယခုနှစ်သည် နှစ်ကုန်ကာလ မရောက်ရှိသေးသော်လည်း လက်ရှိခန့်မှန်းချက်များအရ နှစ်လိုဖွယ်ရာ စျေးနှုန်းဖြစ်ပေါ်မှုနှင့်အတူ နိုင်ငံအတွင်း စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် မြင့်မား ဖွယ်ရှိကြောင်း ထောက်ပြပြောဆိုပါသည်။

     လက်ရှိအချိန်အထိ စားအုန်းဆီဈေးနှုန်းများသည် ယခင်နှစ်ကထက် ပိုမြင့်မားလျက်ရှိသည်။ လက်ရှိ စားအုန်းဆီထုတ်လုပ်မှုနှင့် ဈေးနှုန်းများအရ မလေးရှား၏ ပို့ကုန်သည်လည်း ပိုမိုမြင့်မား နိုင်သည်ဟု နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ စားအုန်းဆီလုပ်ငန်း ကာကွယ်ရေးညီလာခံ (ICOPP) အခမ်းအနားအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် MPOB ဥက္ကဋ္ဌ Mohamad Helmy က သတင်းထောက်များအား ပြောကြားခဲ့သည်။

     နှစ်ပတ်လည် အစီရင်ခံစာနှင့် ရှေ့လာမည့် အလားအလာသုံးသပ်ခြင်းတို့ကို ဆွေးနွေး ဆောင် ရွက်သည့် ညီလာခံကာလအတွင်း တစ်နှစ်တာ ကိန်းဂဏန်းအချက်အလက်များ ရရှိသည်နှင့် တစ်ပြိုင်နက် နောက်ဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ဒေတာအချက်အလက်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

     စားအုန်းဆီလုပ်ငန်းသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်သော်လည်း မလေးရှား၏ စားအုန်းဆီကြမ်းထုတ်လုပ်မှုအနေဖြင့် ယခုနှစ်တွင် မြင့်တက်လာမည်ဟု Mohamad Helmy က မှတ်ချက်ပြုထားသည်။ စားအုန်းဆီလုပ်ငန်းတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများတွင် အပျက်အစီး အများဆုံးဖြစ်ပေါ်ခြင်း၊ ပိုးမွှားများ၊ ရောဂါများ၊ ပေါင်းပင်များဝင်ရောက်ခြင်းတို့ကြောင့် နဂိုအတိုင်း ပြန်လည်ကောင်းမွန်မှု မရှိတော့ခြင်း၊ မြေဆီလွှာကျန်းမာရေးကျဆင်းခြင်းနှင့် ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများလာခြင်းတို့ ပါဝင်သည်။ အဆိုပါ စိန်ခေါ်မှုများအပေါ် စီမံခန့်ခွဲမှု မပြုလုပ်ပါက ယခုခြိမ်းခြောက်မှုများက ဆယ်စုနှစ်များစွာတိုးတက်မှုကို ထိခိုက်စေပြီး ရေရှည်တည်တံ့မှုကိုပါ ထိခိုက်စေပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။

     အဓိကစိုးရိမ်ရသည့်အချက်မှာ ဂါနိုဒါးမား ဘိုနိုက်စ်မှို (Ganoderma Boninense) ကြောင့် ဆီအုန်းပင်စည်ပုပ်ခြင်း ဖြစ်ပေါ်လျက် အရွက်ပြောက်အကွက်များနှင့် အဏုဇီဝပိုးမွှားရောဂါ ကျရောက်လာပြီး ဆီအုန်းထုတ်လုပ်မှုစွမ်းအားကို ဆက်လက်ထိခိုက်စေခြင်းဖြစ်ကြောင်း၊ ပိုးမွှားများနှင့် စပ်လျဉ်း၍ သစ်ခိုးကောင်ပိုးမွှား (bagworm) သည် ဆီအုန်းစိုက်ခင်းများတွင် တွေ့ရှိရသည့် အရေး ပါသော အရွက်စားပိုးမွှားများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ထိန်းချုပ်နိုင်မှုမရှိပါက ဆိုးရွားစွာ ဆီအုန်းအရွက်ကြွေကျခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းတို့ဖြစ်စေကြောင်း သိရှိရသည်။

     လက်ရှိအချိန်တွင် ဆီအုန်းပင်စည်ပုပ်ခြင်းနှင့် သစ်ခိုးကောင်ပိုးမွှား (bagworm) ကျရောက် ခြင်းတို့သည် မလေးရှားနိုင်ငံ၏ ဆီအုန်းကဏ္ဍအတွက် အဆိုးရွားဆုံး ပိုးမွှားနှင့် ရောဂါအန္တရာယ် ခြိမ်းခြောက်မှု နှစ်ခုဖြစ်နေခဲ့ကြောင်း The Edge Malaysia သတင်းဌာန၏ ဖော်ပြချက်ကို တင်ပြလိုက်ရပါသည်။

Source: The Edge Malaysia, 21 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

စပါးဈေးကွက်ဝင်ရောက်မှု လွယ်ကူရေး အထူးလုပ်ငန်းအဖွဲ့ ကမ္ဘောဒီးယားအစိုးရ တာဝန်ပေး

    ကမ္ဘောဒီးယားနိုင်ငံ၌ စိုက်ပျိုးရေးဝန်ကြီးဌာနသည် စပါးရိတ်သိမ်းချိန်တွင်  လယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့်  စျေးကွက်ရှာဖွေရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နှင့် ဝယ်ယူစုဆောင်းမှု အမြင့်မားဆုံးကာလ၌ အရောင်းအဝယ်နှေးကွေး ပိတ်ဆို့မှုဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ အထူးလုပ်ငန်းအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။

   အဆိုပါ အထူးလုပ်ငန်းအဖွဲ့တွင် စိုက်ပျိုးရေး အထွေထွေညွှန်ကြားမှု ဦးစီးဌာနနှင့် ဆန်စပါး ဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ပြီး ဈေးနှုန်းများ ဆက်လက်ကောင်းမွန်မှု မရှိသည့် အခြေအနေမျိုးတွင် ပင် စပါးဝယ်ယူရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်းလျက် အဖြေရှာဖွေ ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းအဖွဲ့၏ ဦးစားပေးလုပ်ဆောင်မည့်အချက်မှာ တောင်သူတိုင်းသည် လုပ်ငန်းလည်ပတ်နိုင်မည့် စျေးကွက်လမ်းကြောင်းတစ်ခုကိုသိရှိလျက် စပါးရောင်းချနိုင်မှုရှိစေရေး အာမခံချက်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားသည်။

    အပတ်စဉ် ရိတ်သိမ်းမှုပမာဏကို ခန့်မှန်းရန်နှင့် ရိတ်သိမ်းပြီး စပါးများ ဝယ်ယူနိုင်စွမ်းရှိသည့် ဆန်စက်များနှင့် ကုန်သည်များကို ချက်ချင်းဖော်ထုတ် ဆောင်ရွက်ရန် ဝန်ကြီးဌာနက လုပ်ငန်းအဖွဲ့ အား ညွှန်ကြားထားသည်။ ထိုသို့ ညွှန်ကြားမှုတွင် လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် ဆန်စက်များကို တည်နေရာသတ်မှတ်ခြင်း၊ ဝယ်သူများနှင့် ရောင်းချသူများ တစ်နေရာတည်းတွင် တွေ့ဆုံပြီး ရောင်းဝယ်ဖောက်ကားနိုင်စေရန် ခရိုင်တစ်ခုချင်းစီ (ကျေးရွာဧရိယာ) ၌ စုရပ်နေရာများ သတ်မှတ်ခြင်းတို့ ပါဝင်သည်။

    ဤကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုကို အထောက်အပံ့ပြုနိုင်ရေးအတွက် ဝန်ကြီးဌာနသည် ဆန် စက်များ၏ အမည်၊ ဖုန်းနံပါတ်များနှင့် တည်နေရာများကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ထား သည်။ သို့မှသာ တောင်သူများ အနေဖြင့် အလားအလာရှိသော ဝယ်လက်များထံ လျင်မြန်စွာ ဆက် သွယ်နိုင်စေမည် ဖြစ်သည်။

    ကုမ္ပဏီ ၃၃ ခုနှင့် ဆန်စက်များမှ နိုင်ငံတစ်ဝန်းရှိ တောင်သူများထံမှ စပါးတန်ချိန် ၁၆၇၉၀ ခန့်ကို နိုဝင်ဘာလ ၁၃ ရက်နေ့၌ စုပေါင်းဝယ်ယူခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ အစိုးရသည် ဆန်ဈေးနှုန်း တည်ငြိမ်ရေးကို မကြာမီက လုပ်ဆောင်ခဲ့အပြီးတွင် ဈေးကွက် အတက် အကျ ပြောင်းလဲမှုများကြောင့် ဝင်ငွေသိသာစွာ ကျဆင်းခဲ့သည်ဟု လယ်သမားများက အစီရင်ခံ တင်ပြခဲ့ပြီးနောက် အဆိုပါစီမံချက်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်ကို ဖြေရှင်းနိုင်ရေး  တောင်သူလယ်သမားများထံမှ စပါးကို သင့်လျော်သောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် အစိုးရက ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၄၀ ကို ခွင့်ပြုပေးခဲ့သည်။

    စိုက်ပျိုးရေးဝန်ကြီးဌာနသည် အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး လက်ရှိ စပါးရိတ်သိမ်းရာသီအတွင်း အချိန်မီ စုဆောင်းပြီး စျေးကွက်သို့ မျှတစွာ ဝင်ရောက်နိုင်စေရန် ပြည်နယ် အာဏာပိုင်များနှင့် ဆန်စက်များမှ ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Khmer Times, 14 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံသို့ ၁၀ လအတွင်း ပုစွန်တင်ပို့မှုမှ ဝင်‌ငွေ ဒေါ်လာ ၁.၁ ဘီလီယံ ဗီယက်နမ်ရရှိ

    ဗီယက်နမ်နိုင်ငံ၏ ယခုနှစ် ပထမ ၁၀ လအတွင်း ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ ပုစွန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁.၁ ဘီလီယံရရှိခဲ့ရာ တိုးတက်မှု ၆၄ ရာခိုင်နှုန်းဖြင့် တင်ပို့သော ဈေးကွက် အားလုံးအနက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

    ဗီယက်နမ်အနေဖြင့် အောက်တိုဘာလ တစ်လတည်းမှာပင် တန်ဖိုးဒေါ်လာသန်း ၁၄၀  ဖြင့် ၎င်းဈေးကွက်သို့ ပုစွန်တင်ပို့မှု အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း ဗီယက်နမ် ပင်လယ်ရေထွက်ကုန် တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏ နောက်ဆုံးထုတ် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အဆိုပါ လ၌ ပုစွန်တင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ ‌ဒေါ်လာ ၄၉၈ သန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ အဓိက ဈေးကွက်များ၏ ဝယ်လိုအားများပြားခြင်းနှင့် လုပ်ငန်းရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ယခုတင်ပို့မှုသည် လစဉ်တင်ပို့မှုများအနက် အများဆုံးဖြစ်ခဲ့သည်။

     ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ပုစွန်တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် ဒေါ်လာ ၃.၉ ဘီလီယံ ရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ အောက်တိုဘာလတွင် ပုစွန်အရှင်များ၊ လတ်ဆတ်ပုစွန်များနှင့် အေးခဲပုစွန်များ ဝယ်လိုအားမြင့်မားသော တရုတ်နိုင်ငံသို့ တင်ပို့မှု သိသာစွာမြင့်တက်မှုနှင့်အတူ ပုစွန်ဖြူ တင်ပို့မှုက အများအပြားပါဝင်ခဲ့သည်။

   ပစိတ်ဖိတ်ဒေသဖြတ်ကျော် မိတ်ဖက်ဆောင်ရွက်ရေးဆိုင်ရာ ဘက်စုံတိုးတက်မှု သဘောတူညီချက်အောက်တွင် ဂျပန်၊ ကနေဒါနှင့် ဩစတြေးလျတို့မှ ဝယ်ယူမှုဆက်လက်ရှိနေပြီး ဈေးကွက် အတွင်းသို့ ‌တန်ဖိုးဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ၃၃ ရာခိုင်နှုန်း  တိုးတက်လျက် တင်ပို့နိုင်ခဲ့ကြောင်း၊ အီကွေဒေါနှင့် အိန္ဒိယတို့မှ ဈေးကွက်ယှဉ်ပြိုင်မှုပြင်းထန်လျက်ရှိသော်လည်း ဝယ်လိုအားများပြားနေမှုအရ အမေရိကန်ဈေးကွက်သို့ ပုစွန်တန်ဖိုး ဒေါ်လာ ၇၀၂ သန်း တင်ပို့လျက် ၉ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့ကြောင်း၊ ပုစွန်ဖြူတင်ပို့မှု တန်ဖိုးသည် ဒေါ်လာ ၂.၅ ဘီလီယံရှိခဲ့ပြီး စုစုပေါင်း တင်ပို့ မှု၌ ၆၅ ရာခိုင်နှုန်းနီးပါးရှိခဲ့ကြောင်း၊ ဈေးကွက်အသီးသီးမှ ဝယ်လိုအား ကောင်းမွန်မှုနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်စွမ်းရှိခြင်းတို့ကြောင့် ယင်းပုစွန်အမျိုးအစား တင်ပို့မှုသည် လျင်မြန်စွာ မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ အစဉ်အလာအရ ဝယ်ယူမှုရှိသည့် ဂျပန်နိုင်ငံနှင့် ပုစွန်ကျား အကောင်ကြီး ဝယ်လိုအား များပြားသည့် တရုတ်နိုင်ငံတို့ကဲ့သို့သော ဈေးကွက်များသို့ ပုစွန်ကျားတင်ပို့မှုသည် ဒေါ်လာ ၃၈၅ သန်းရှိခဲ့ပြီး အခြားအေးခဲပုစွန်တင်ပို့မှုသည် စုစုပေါင်း ဒေါ်လာ ၉၉၁ သန်းရှိကြောင်း သိရှိရပါသည်။

Source : Vietnam Plus, 24/11/2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၌ နှစ်လအတွင်း ပြောင်းဈေးနှုန်းများ မြင့်တက်လာ

      တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သီးနှံများ၏ တစ်စိတ်တစ်‌ဒေသမှာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့အပြီး ဝယ်လက်များအနေဖြင့် အရည်အသွေးကောင်းမွန်သည့် ကုန်စည် များ ဝယ်ယူရရှိရေး အလျင်စလို လုပ်ဆောင်ခဲ့ကြသဖြင့် ပြောင်းဈေးနှုန်းများသည် နှစ်လကျော် ကာလအတွင်း အမြင့်ဆုံးနှုန်းထားသို့ မြင့်တက်ရောက်ရှိလာကြောင်း သိရှိရသည်။ မွေးမြူရေးအစာ ထုတ်လုပ်သူများနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများထံမှ ဝယ်လိုအား ခိုင်မာခြင်းကလည်း ပြည် တွင်း ပြောင်းဈေးနှုန်းများ အသစ်တစ်ဖန် မြင့်တက်မှုကို တွန်းအားပေးလျက်ရှိသည်။

      Dalian ကြိုတင်အရောင်းဈေးကွက်တွင် ပြောင်းသီးနှံဈေးနှုန်းများသည် ၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး စက်တင်ဘာလနောက်ပိုင်း၌ အမြင့်ဆုံးအဖြစ်ရောက်ရှိခဲ့သည်။ Guolian Futures ကုမ္ပဏီ၏အဆိုအရ နိုင်ငံမြောက်ပိုင်းတွင် မိုးအလွန်အကျွံရွာသွန်းမှုကြောင့် သီးနှံများထိခိုက်ပျက်စီး ခဲ့ပြီးနောက် မွေးမြူရေးအစာစက်ရုံများနှင့် ဝက်မွေးမြူရေးလုပ်ငန်းများသည် တရုတ်ပြည်တွင်း၌ ပြောင်း ထိပ်တန်းထုတ်လုပ်ရာဒေသဖြစ်သော အရှေ့မြောက်ဘက်ဒေသ ပြည်နယ်များမှ အသစ် ရိတ်သိမ်းထွက်ပေါ်လာမည့် သီးနှံကို ဝယ်ယူရရှိနိုင်ရေး ကြိုးပမ်းလာကြကြောင်း သိရှိရသည်။

      တရုတ်နိုင်ငံ၏ အဓိကအရေးပါသော သီးနှံသုံးမျိုးအနက် ပြောင်းသည် တစ်ခုအပါအဝင် ဖြစ် ပြီး မကြာသေးမီကာလများ၌ ယခုနှစ် သီးနှံရာသီတွင် ပြောင်းစံချိန်တင်ထွက်ရှိမည်ဟု အာဏာပိုင် များက ခန့်မှန်းထားခဲ့ကြသည်။ သို့သော် မကြာခင်က ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် ရာသီဥတုက မသေချာမရေရာမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ပြောင်းထုတ်လုပ်မှု စုစုပေါင်းအနက် ၃၀ ရာခိုင်နှုန်း ပါဝင်လျက်ရှိသော မြောက်ပိုင်းဒေသ ပြည်နယ်များတွင် မိုးများ ပြင်းထန်စွာရွာသွန်းခဲ့ခြင်းက သီးနှံ ရိတ်သိမ်းခြင်းလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

     ပြောင်းစိုက်ပျိုးသည့် တောင်သူများ အနေဖြင့် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ခြေကို မျှော်မှန်းပြီး ဈေးကွက်သို့ ရောင်းချရန် နှောင့်နှေးနေဖွယ်ရှိသည်ဟု လေ့လာဆန်းစစ်သူများက ပြော ဆိုလျက်ရှိသည်။ ထို့အပြင် ရထားပို့ဆောင်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုရှိပြီး ပြောင်းသီးနှံ ထုတ်လုပ်သော မြောက်ပိုင်းဇုန်နယ်မြေမှ သုံးစွဲမှုပြုသည့် တောင်ပိုင်းဇုန်နယ်မြေများသို့ သယ်ယူပို့ ဆောင်မှုကို အဟန့်အတားပြုလျက်ရှိရာ ဈေးနှုန်းထပ်မံမြင့်တက်မည့် ဖိအားများရှိနေသည်ဟု Guangda Futures ကုမ္ပဏီက အစီရင်ခံ တင်ပြထားသည်။

     Dalian ကုန်စည်စတော့အိတ်ချိန်း၌ ဈေးကွက်ပိတ်ချိန်တွင် ပြောင်းသီးနှံ ကြိုတင်အရောင်း ဈေးနှုန်းသည် တစ်တန်လျှင် ယွမ်ငွေ ၂၂၂၀ (၃၁၂ ဒေါ်လာ) နှုန်းသို့ ရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း အတက်ဘက်သို့ ဦးတည်နေခြင်းကို ပိုမိုတွန်းအားပေးခဲ့ကြောင်း UkrAgroConsult သတင်းဝက်ဘ် ဆိုက်က နိုဝင်ဘာ ၂၄ ရက်နေ့၌ ဖော်ပြခဲ့သည်။

 Source: UkrAgroConsult, 24 November 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်ကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးရန် ထိုင်းနှင့်တရုတ် နှစ်နိုင်ငံဝန်ကြီးချုပ်များ တွေ့ဆုံမည်

      ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ Anutin Charnvirakul  သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ကျင်းပမည့် မဲခေါင်-လန်ချန်းဖိုရမ်တွင် ဆန်တန်ချိန် ၅ သိန်းရောင်းချမည့် ဆန်ကုန်သွယ်မှု သဘောတူညီချက် (MOU) ကို လက်မှတ်ရေးထိုးရန် တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံလိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

       မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပနေစဉ်အတွင်း အဆိုပါ ဆန်ကုန်သွယ်မှု သဘောတူညီချက် (MOU) ကို တရားဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို  ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက် ရှိပြီး MOU ကို အစီအစဉ်အတိုင်း လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားကြောင်း Mr. Sihasak က ရှင်းလင်းပြောကြားခဲ့သည်။

      ဆန်ကုန်သွယ်မှုသည် ဆွေးနွေးပွဲများ၏ ဗဟိုအချက်အဖြစ် ပါဝင်သော်လည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြားခေါင်းစဉ်များကိုလည်း တင်ပြဆွေးနွေးနိုင်သည်ဟု ၎င်းက ဆို သည်။ ဆွေးနွေးရန် ဖြစ်နိုင်ခြေရှိသည့် အခြားနယ်ပယ်များနှင့် ပတ်သက်၍ လက်ရှိညှိနှိုင်းဆဲ ဖြစ် ကြောင်း Mr. Sihasak က ထပ်မံပြောကြားခဲ့သည်။

      ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianwei က ဆန်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ လက်ရှိကာလ၌ ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆွေးနွေးလျက်ရှိ သည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့ အစောပိုင်းတွင် မီဒီယာများအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

Source: The Nation Thailand, November 25, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် အပြုသဘောဆောင်သောအချက်များဖြင့် တည်ငြိမ်သောတိုးတက်မှုလမ်းကြောင်းကို ပြသနေ

    ကမ္ဘာလုံးဆိုင်ရာ အရှိန်အဟုန်ပြင်းနေသော်လည်း အပြုသဘောဆောင်သည့်အချက်များ စုဆောင်းထားသောကြောင့် တရုတ်၏စီးပွားရေးသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ၅.၂ ရာခိုင်နှုန်း တိုးလာသဖြင့် GDP သည် တစ်နှစ်ထက်တစ်နှစ် တည်ငြိမ်နေပါသည်။

    ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း တရုတ်နိုင်ငံ၏ GDP သည် ၂၀၂၀ ခုနှစ်တွင် ယွမ် ၁၀၃.၅ ထရီလီယံမှ ၂၀၂၄ ခုနှစ်တွင် ယွမ် ၁၃၄.၉ ထရီလီယံအထိ မြင့်တက် လာပြီး နှစ်စဉ် ပျမ်းမျှ တစ်နှစ်တိုးနှုန်းမှာ ၅.၅ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ပျမ်းမျှကာလတူကာလထက် 3.9 ရာခိုင်နှုန်းထက် သိသိသာသာ မြင့်မားလာသည်။

    ၂၀၂၁-၂၀၂၅ ကာလတစ်လျှောက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးခဲ့ပြီး ၎င်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားဖြစ်လာကာ အဓိကစီးပွားရေး၏ ခံနိုင်ရည်ရှိမှုနှင့် တက်ကြွမှုကို အပြည့်အဝပြသခဲ့ သည်။

Source:viet plus                                                     

DOCA(ပြည်ထောင်စုနယ်မြေ)

အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် သမ္မတရှီ၏ ဆောင်းပါး ထုတ်ပြန်မည်

     ဒေသအခြေအနေများနှင့် ကိုက်ညီသော အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ဆောင်းပါးတစ်ပုဒ်ကို နိုဝင်ဘာ ၁၆ ရက်၌ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီ ရေးသားထားသော အဆိုပါ ဆောင်းပါးအား CPC ဗဟိုကော်မတီ၏ အထင်ကရ မဂ္ဂဇင်းဖြစ်သည့် Qiushi ဂျာနယ်၏ ယခုနှစ်အတွင်း ၂၂ ကြိမ်မြောက် ထုတ်ဝေသော စာစောင်၌ ဖော်ပြသွား မည်ဖြစ်သည်။

    ထိုဆောင်းပါးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ ရှီ မိန့်ကြား့သည့် အရေးကြီး မှတ်ချက်စကား စုစည်းကောက်နုတ်ချက်များအပေါ် အခြေခံရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။

     အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များကို အဓိကအားဖြင့် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင် တွန်းအား ပေးလျက်ရှိကာ ယင်းကုန်ထုတ်စွမ်းအားသစ်များမှာ အဆင့်မြင့်နည်းပညာ၊ စွမ်းဆောင်ရည်မြင့်မားမှု၊ အရည်အသွေးမြင့်မားမှု စသည့် စရိုက်လက္ခဏာများကို ဖော်ကျူးလျက်ရှိ ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွေးအမြင်သစ်နှင့် ကိုက်ညီသော အဆင့်မြင့် ကုန်ထုတ်စွမ်းအားပုံစံ တစ်မျိုးပင်ဖြစ်ကြောင်း ထိုဆောင်းပါး၌ ရေးသားဖော်ပြထားသည်။

    သိပ္ပံနှင့်နည်းပညာ တီထွင်ဆန်းသစ်မှုနှင့် စက်မှုလုပ်ငန်း တီထွင်ဆန်းသစ်မှုတို့မှာ အရည် အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံလမ်း ကြောင်းများ ပင်ဖြစ်ကြောင်း၊ ယင်းတို့အား တစ်သားတည်းပေါင်းစည်းရာတွင် ပလက်ဖောင်းများတည်ဆောက် ခြင်း၊ ယန္တရားနှင့်စနစ်များ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းနှင့် ဆန်းသစ်တီထွင်မှုနယ်ပယ်တွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၏ အခန်းကဏ္ဍ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခြင်းတို့ကို လိုအပ်လျက်ရှိကြောင်း ယင်းဆောင်းပါး၌ ဖော်ပြထားသည်။

   ထို့ပြင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသော အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများကို ယတိပြတ်ဖယ်ရှားရန်၊ အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များကို ပိုမိုကောင်းမွန်စွာ ချိန်ညှိနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရန် အဆိုပါ ဆောင်းပါး၌ တိုက်တွန်းထားသည်။

    ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း ဒေသအခြေအနေများနှင့် ကိုက်ညီသော အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် မဟာဗျူဟာပိုင်းအရ ပိုမိုအလေးထားလုပ်ဆောင်မှုများကို လိုအပ်ကြောင်း၊ ဒေသများအနေနှင့်လည်း စက်မှုကုန်ထုတ်လုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးစံနမူနာများနှင့် ဖွံ့ဖြိုးတိုးတက်ရေး မောင်းနှင်အားများကို ယင်းတို့၏ အရင်းအမြစ် ပံ့ပိုးမှု၊ လုပ်ငန်းအခြေခံအုတ်မြစ်၊ သိပ္ပံနည်းကျ သုတေသနလုပ်ဆောင်မှု အခြေအနေများနှင့် အခြားသော အရင်းခံအကြောင်းရင်းများအပေါ် မူတည်၍ ထိထိရောက်ရောက် အဆင့်မြှင့်တင်သွားရန် တိုက်တွန်းထားကြောင်း သိရသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

 

ရုရှားနိုင်ငံနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် သန္နိဋ္ဌာန်မှာ တစ်သမတ်တည်းရှိဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် ပြောကြား

    ရုရှားနိုင်ငံနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် တရုတ် နိုင်ငံ၏ သန္နိဋ္ဌာန်နှင့် ရပ်တည်ချက်တို့မှာ အစဉ်သဖြင့် တစ်သမတ်တည်းရှိနေကြောင်း တရုတ်နိုင်ငံ ဝန်ကြီး ချုပ် လီချန်က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။ရုရှား နိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် ၌ ရုရှားသမ္မတ ဗလာတီမာ ပူတင်နှင့် တွေ့ဆုံစဉ် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစွာ ဝန်ကြီးချုပ်လီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ လှိုက်လှဲပျူငှာသော နှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းပို့သမှုများကို သမ္မတပူတင်အား ထပ်ဆင့်စကားလက်ဆောင်ပါးခဲ့သည်။ နှစ်နိုင်ငံခေါင်း ဆောင်နှစ်ဦး၏ မဟာဗျူဟာကျကျ လမ်းညွှန်မှုအောက်တွင် ခေတ်သစ်ကာလ တရုတ်-ရုရှား ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်မှုအား အဆင့်မြင့်အလွှာ၌ ဆက်လက်ထိန်းထားနိုင် ခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။

      သမ္မတရှီနှင့် သမ္မတပူတင်တို့သည် ယခုနှစ်ဆန်းပိုင်းမှစ၍ နှစ်ကြိမ်တွေ့ဆုံခဲ့ကာ တရုတ်-ရုရှား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် လမ်းညွှန်မှုပေးခဲ့သည်ဟု လီက ဆိုသည်။နိုင်ငံတကာရေးရာ အခြေအနေ မတည်ငြိမ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ထာဝရချစ်ကြည်ရင်းနှီးမှုရှိရေးဟူသော မူလရည်မှန်းချက်ကို အစဉ်တစိုက်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ဟန်ချက်ညီညီ ချိတ်ဆက်မှု ကို တိုးမြှင့်ရေး၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိရေး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှင့် ပြန်လည်အားသစ်လောင်းမှုကို ပိုမိုထိရောက်ကောင်းမွန်စွာ အကျိုးပြုနိုင်ရန်အလို့ငှာ ပိုမိုလက်တွေ့ကျ သော ရလဒ်များ ဖြစ်ထွန်းရေးအတွက် ရုရှားနိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း လီက ထပ်လောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ရေရှည်တည်တံ့ရေးအတွက် တစ်ဆင့်တိုးမြှင့်တင်ရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသော တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်များကို စုစည်းခိုင်မာအောင် ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်၍ နှစ်ဖက်အနေဖြင့် တရုတ်-ရုရှား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးအထိမ်းအမှတ် အခမ်းအနား သစ်များကို အတူတကွ လက်ခံကျင်းပရန်၊ ပြည်သူများ အကျိုးရှိစေရေးအတွက် ဗီဇာကင်းလွတ် ခွင့်ပြု ခြင်းကဲ့သို့ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် မူဝါဒများကို ထိထိရောက်ရောက်ကျင့်သုံးရန်၊ အပြန် အလှန် နားလည်မှုနှင့် နှစ်နိုင်ငံပြည်သူအချင်းချင်း ပိုမိုနီးကပ်သော ဆက်ဆံရေးကို ပိုမိုထိရောက် ကောင်း မွန်စွာ မြှင့်တင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးတွင် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိရေးဟူသော အခြေခံ အုတ်မြစ်ကို ခိုင်မာစွာတည်ဆောက်ကြရန်လည်း လီက တိုက်တွန်းခဲ့သည်။ထို့အတူ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်းထိပ်သီးအစည်းအဝေး ရလဒ်များကို အကောင်အထည်ဖော်ကာ ရှန်ဟိုင်းစိတ်ဓာတ်ကို လက်ဆင့်ကမ်းထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ လက်တွေ့ ကျင့်သုံး ရေး စံနမူနာတစ်ခုကို ချမှတ်ရေးအတွက် ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ SCO အဖွဲ့ဝင်နိုင်ငံများ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေးကာ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်မှုများ ပြုလုပ် ရန်အတွက် ရုရှားနိုင်ငံနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် တရုတ် နိုင်ငံက ဆန္ဒရှိကြောင်း လီက ပြောကြားခဲ့သည်။ 

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

တရုတ်၊ အာဆီယံသည် လွတ်လပ်သောကုန်သွယ်မှုကို အဆင့်မြှင့်တင်ရန်နှင့် ကမ္ဘာကို ပိုမိုသေချာမှု ဆောင်ကြဉ်းရန်

      ငါးနှစ်ဆက်တိုက် အချင်းချင်း၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံ နှင့် အာဆီယံတို့သည် ပြင်ပမရေရာမှုများ မြင့်တက်နေချိန်တွင် အောင်မြင်မှုများ အများအပြား ရခဲ့သည်။

    ကုန်သွယ်ရေးအပြင် တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းခြင်းသို့ ချဲ့ထွင်ခဲ့သည်။ကြီးမားသော အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှုမှနေ့စဉ် ခရီးသွားလာမှုနှင့် စားသုံးမှုအထိ၊ တရုတ်နှင့် အာဆီယံပြည်သူများအကြား ပိုမိုနီးကပ်စွာ ဖလှယ်မှုများသည် ယုံကြည်မှု၊ နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကို ရရှိခဲ့ပါသည်။

     ယခုနှစ်အတွင်း နှစ်ဘက်စလုံးသည် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အားကောင်းစေမည့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ ၃.၀ အဆင့်မြှင့်တင်ရေး ပရိုတိုကောကို တရားဝင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

     ငါးနှစ်ဆက်တိုက် အချင်းချင်း၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခြင်းကြောင့် တရုတ်နှင့် အာဆီယံတို့သည် ပြင်ပမရေရာမှုများ မြင့်တက်နေချိန်တွင် အောင်မြင်မှုများ အများအပြားရခဲ့သည်။ ပထမသုံးလပတ်တွင် အာဆီယံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု စုစုပေါင်းသည် ယွမ် ၅.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၈၅ ဘီလီယံခန့်) ရှိပြီး တရုတ်-အာဆီယံ ကုန်စည်ပြပွဲကဲ့သို့သော ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နှစ်စဉ် ၉.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

    အောင်မြင်မှုအသစ်များသည် အာဆီယံ ၂၀၄၅ ကျွန်ုပ်တို့၏မျှဝေထားသောအနာဂတ်နှင့် ၎င်း၏မဟာဗျူဟာစီမံကိန်းများနှင့် အလွန်ကိုက်ညီသော တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ချက်အစီအစဉ်ကို ချမှတ်လိုက်သည်နှင့် တိုက်ဆိုင်ပါသည်။ အစမှတ်အသစ်တွင် ရပ်တည်နေသည့်အတွက် ဒေသတွင်း အခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ်နှင့် စိမ်းလန်းသော အသွင်ကူးပြောင်းမှု၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့မှုနှင့် လူအချင်းချင်း ဖလှယ်မှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်လာကာ ဒေသတွင်း ပိုမိုနက်ရှိုင်းသော ပေါင်းစည်းမှုအတွက် ဆောင်ရွက်လျက်ရှိသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ

 

 

သွင်းကုန်ကုန်စည်ပြပွဲတွင် ပြသထားသည့် မျှဝေမှု၊ ပါဝင်မှုတို့သည် ကမ္ဘာလုံးဆိုင်ရာ အနာဂတ်တွင် သေချာမှုရှိလာ

     ယခုနှစ် သွင်းကုန်ကုန်စည်ပြပွဲသည် တစ်နှစ်လျှင် ရည်ရွယ်ထားသည့် သဘောတူညီချက် များတွင် အမေရိကန်ဒေါ်လာ ၈၃.၄၉ ဘီလီယံ စံချိန်တင်ရရှိခဲ့ပြီး ယခင်ထုတ်ဝေမှုထက် ၄.၄ ရာခိုင် နှုန်း တိုးလာပြီး အမြင့်ဆုံးအသစ်ကို ရောက်ရှိလာခဲ့သည်။

    ခြောက်ရက်ကြာ အခမ်းအနားတွင် ကမ္ဘာလုံးဆိုင်ရာ ပွဲဦးထွက်ပွဲ ၂၀၁ ကြိမ်၊ အာရှပရီမီယာ ၆၅ ကြိမ်နှင့် တရုတ်နိုင်ငံထုတ် ၁၉၅ ကြိမ်အပါအဝင် ထုတ်ကုန်အသစ်၊ နည်းပညာနှင့် ဝန်ဆောင်မှု ပေါင်း ၄၆၁ ခုကို ပြသထားပြီး၊ ဇီဝဆေးဝါး၊ နည်းပညာပစ္စည်းများနှင့် အစိမ်းရောင်နှင့် ကာဗွန်နည်း သောနည်းပညာကဲ့သို့သော စက်မှုလုပ်ငန်းများကို လွှမ်းခြုံထားသည်။

    တရုတ်နိုင်ငံသည် ၁၆ နှစ်ဆက်တိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး သွင်းကုန်ဈေးကွက်ဖြစ်ခဲ့ပြီး ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၁၅ ထရီလီယံ ရှိသည်။

     ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) - အဋ္ဌမအကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲ (CIIE) သည် တနင်္လာနေ့တွင် တံခါးများ ပိတ်လိုက်ချိန်တွင် ပြပွဲခန်းမများ၏ ရှုပ်ယှက်ခတ်မှုများ ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး တင်သွင်းသူဖြစ် သည့် တရုတ်နိုင်ငံသည် မျှဝေခြင်းနှင့် ပေါင်းစည်းရန် ကတိကဝတ်ပြုထားဆဲဖြစ်သည်။

       "CIIE သည် ကမ္ဘာသို့ သေချာမှုနှင့် အပြုသဘောဆောင်သော စွမ်းအင်များကို ထိုးသွင်း ပေးနေသည့် တရုတ်နိုင်ငံ၏ စီးပွားရေး၏ ရှင်သန်တက်ကြွမှုကို သက်သေပြခဲ့သည်" ဟု CIIE ဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Wu Zhengping က ပြောကြားခဲ့သည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

 

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ