၂၀၂၆ ခုနှစ် မတ်လတွင် အစိုးရက ဝါဂွမ်းသွင်းကုန်အပေါ် အချိုးကျ ပြောင်းလဲကောက်ခံ သော အကောက်ခွန်နှုန်းထားနှင့် ကုန်သွယ်မှုအတွက် တန်ချိန် ၃၀၀,၀၀၀ ခွဲတမ်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၆ ခုနှစ်အတွက် စုစုပေါင်း အကောက်ခွန်ခွဲတမ်းသည် ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၀၀,၀၀၀ တိုးလာပြီး ပြည်တွင်း အထည်အလိပ်လုပ်ငန်းများ၏ ကုန်ကြမ်း တန်ဖိုး မြှင့်တက်မှုဒဏ်ကို သက်သာစေရန် ခွဲတမ်းထုတ်ပြန်သည့်အချိန်ကို (၅) လခန့် စော၍ ရွှေ့ပြောင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ ၂၀၂၆ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံ အနေဖြင့် ဝါဂွမ်းတန်ချိန် ၁.၈ သန်းခန့် တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူထက် ၁၃၈% တိုးတက် လာပြီး လအလိုက်အနေဖြင့် ၆% တိုးလာခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ တရုတ်နိုင်ငံ၏ ဝါဂွမ်းသွင်းကုန် စုစုပေါင်းသည် တန်ချိန် ၅.၅ သန်းသို့ ရောက်ရှိခဲ့ရာ ယခင်နှစ်ကာလတူထက် ၆၂% တိုးတက်ခဲ့သည်။ မတ်လ အတွင်း ဝါဂွမ်း သွင်းကုန်ပမာဏသည် ယခင်နှစ်ကာလတူထက် ၂ ဆကျော် တိုးလာခဲ့ပြီး အဆိုပါ အခြေအနေက ရက်ကန်းစက်ရုံများအတွက် ကုန်ကျစရိတ်သက်သာသော ကုန်ကြမ်းများ အရေးတကြီး လိုအပ်နေသည့် အခြေအနေကို ပေါ်လွင်စေသည်။ လာမည့်ကာလများတွင် လက်ရှိ ပြည်တွင်းဝါဂွမ်းဈေးနှုန်းများသည် ဈေးနှုန်းမြင့်မားသော အခြေအနေတွင်ရှိနေဆဲဖြစ်ပြီး သွင်းကုန် လိုအပ်ချက်မှာ အားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။
Zhuochuang သတင်းအချက်အလက်ဌာန၏ စောင့်ကြည့်မှုအရ မတ်လ ပထမ ၁၀ ရက် အတွင်း ပြည်တွင်း- ပြည်ပဝါဂွမ်းဈေးနှုန်းကွာဟမှုသည် တစ်နှစ်အတွင်း အနီးစပ်ဆုံး အမြင့်ဆုံး ဖြစ်သော ယွမ် ၃၀၀၀ သို့ ရောက်ရှိခဲ့သည်။ ပြည်ပဝါဈေးနှုန်းများ ချိုသာနေသည့်အတွက် ကုန်ချော ထုတ်လုပ်သူများက ပိုမိုနှစ်သက်သဘောကျ ဝယ်ယူသုံးစွဲနေကြကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် မတ်လတွင် အစိုးရသည် ဝါသွင်းကုန် တန်ဖိုးအလိုက် အကောက်ခွန် ပြုပြင်ထုတ်လုပ် ရေးခွဲတမ်း တန်ချိန် ၃၀၀,၀၀၀ ကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၀၀,၀၀၀ တိုးကာ ထုတ်ပြန်ချိန်ကို (၅) လခန့် စော၍ ရွှေ့ပြောင်းခြင်းမှာ ပြည်တွင်း အထည်အလိပ်လုပ်ငန်း များ၏ ကုန်ကြမ်းတန်ဖိုးမြှင့်တက်မှုဒဏ်ကို သက်သာစေရန် ဖြစ်သည်။
တင်သွင်းသည့်ရင်းမြစ်နိုင်ငံများ၏ ရှုထောင့်မှကြည့်ပါက ပြည်တွင်း-ပြည်ပဝါဂွမ်းဈေးနှုန်း ကွာဟမှုသည် မြင့်မားသောအဆင့်တွင်ရှိပြီး ဈေးသက်သာသော သွင်းကုန်အနေဖြင့် သိသာ ထင်ရှားသော စျေးနှုန်းအကျိုးအမြတ်ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဘရာဇီးဝါဂွမ်းသည် စျေးနှုန်းအကျိုးအမြတ် အမြင့်ဆုံးဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှု အများဆုံးလည်းဖြစ်သည်။
အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ အချက်အလက်များအရ မတ်လတွင် ဘရာဇီးမှ တင်သွင်းသော ဝါဂွမ်းပမာဏသည် ထိုလ၏ စုစုပေါင်းသွင်းကုန်၏ ၆၀% ရှိပြီး ရင်းမြစ် နိုင်ငံအားလုံးတွင် ပထမနေရာမှ ရပ်တည်ခဲ့သည်။ ၎င်းနောက် သြစတြေးလျနှင့် အမေရိကန်တို့က ၁၁% နှင့် ၈% သွင်းကုန် ဈေးကွက်ဝေစု ရှိသည်။ ၎င်းတို့အနက် သြစတြေးလျဝါဂွမ်းနှင့် အမေရိကန် ဝါဂွမ်းတို့၏ ဈေးကွက်ဝေစုသည် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းနှင့် ၂ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကြောင်း သိရသည်။ အဓိကအကြောင်းရင်းမှာ သြစတြေးလျနှင့် အမေရိကန် ဝါဂွမ်း တို့သည် အလျားနှင့် ညီညာမှုတို့တွင် ဘရာဇီးထက် သာလွန်သောကြောင့် ဖြစ်သည်။ ရက်ကန်း စက်ရုံအချို့သည် အရည်အသွေးမြင့် ကုန်ချောအော်ဒါများ၏ လိုအပ်ချက်ကို ပြည့်မီစေရန်အတွက် အဆင့်မြင့် ဝါဂွမ်းကုန်ကြမ်းများကို ဝယ်ယူမှုတိုးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဧပြီလနှောင်းပိုင်းတွင် ပြည်တွင်းဝါစိုက်ပျိုးမှုသည် ၈၀% ခန့် ပြီးစီးခဲ့ပြီး ယခုနှစ်တွင် Xinjiang ဒေသ၏ ဝါစိုက်ဧရိယာ လျော့နည်းခဲ့ပြီး ထွက်ရှိမှု လျော့ကျနိုင်မည်ဟု ခန့်မှန်းထားသည်။ အထည်အလိပ်ထုတ်လုပ်မှု ကဏ္ဍတွင် စွမ်းရည်သစ်များ ဆက်တိုက် အကောင်အထည်ဖော်လာပြီး ဝါဂွမ်း ဝယ်လိုအားတိုးလာသဖြင့် ကုန်သည်များအနေဖြင့် ရေရှည်တွင် ရောင်းလိုအားနှင့် သုံးစွဲမှု တင်းကျပ်လာမည်ဟု ခိုင်မာစွာ မျှော်လင့်နေကြကြောင်း သိရသည်။ ပြည်တွင်းဝါဂွမ်းဈေးနှုန်းသည် အထောက်အပံ့ ရရှိထားကြောင်း သိရသည်။ Zhuochuang သတင်းအချက်အလက်ဌာန၏ စောင့်ကြည့်မှုအရ ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ၏ 3128B ဝါဂွမ်းပျမ်းမျှ လက်ငင်းဈေးသည် တစ်တန်လျှင် ၁၆,၇၂၅ ယွမ်ဖြင့် ၂ နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့သည်။
Source : Sunsirs, 28 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
