ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်-ကမ္ဘောဒီးယားကုန်ထုတ်လုပ်မှုချိတ်ဆက်ရေးကွန်းဖရန့်ကိုလက်ခံကျင်းပမည့် An Giang

        ကမ္ဘောဒီးယားမိတ်ဖက်များနှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတို့တွင် ချိတ်ဆက်မှုမြှင့်တင်မည့် ကွန်းဖရန့်ကို ကမ္ဘောဒီးယားနယ်စပ်ရှိ An Giang ပြည်နယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရပါသည်။၂၀၂၅ ခုနှစ် နိုင်ငံတော်ကုန်သွယ်မှုမြှင့်တင်ရေးပရိုဂရမ်အောက်တွင် အဓိကဆောင်ရွက်မှုဖြစ်သည့် ထိုအခမ်း အနားသည် ဗီယက်နမ်မြောက်ပိုင်းတွင် ကုန်သွယ်ရေးကြီးထွားမှုအရှိန်မြှင့်တင်ရန်၊ ဒေသခြင်း ချိတ်ဆက်မှုအားကောင်းရန်နှင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုတိုးချဲ့ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ မြောက်ပိုင်းပြည်နယ်နှင့်မြို့တော်များ၏ပြည်သူ့ကော်မတီများနှင့် သက်ဆိုင်ရာကမ္ဘောဒီးယား အေဂျင်စီများကပူးတွဲကြီးမှူးကျင်းပသည့်ထိုကွန်းဖရန့်သည် နှစ်နိုင်ငံစလုံးမှဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များ၊ စီးပွားရေးအသင်းများနှင့် လုပ်ငန်းများထံမှ တာဝန်ရှိသူ ၂၀၀ မှ ၂၅၀ ကြား ဆွဲဆောင်နိုင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ ပါဝင်မည့်စီးပွားရေးလုပ်ငန်းများသည် စိုက်ပျိုး မွေးမြူရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ အစားအစာနှင့် စားသုံးကုန်များ၊ အဝတ်အထည်-အထည် အလိပ်နှင့် ဖိနပ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ဆေးဝါးများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုအစရှိသည့် ကျယ်ပြန့်သည့် ကဏ္ဍများမှပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ၏ အဆို အရ ထိုကွန်းဖရန့်သည် မူဝါဒဆွေးနွေးမှုစင်မြင့်တစ်ခုသာမက ဗီယက်နမ်နှင့် ကမ္ဘောဒီးယား လုပ်ငန်းများက အတွေ့အကြုံများဖလှယ်ရန်၊ စီးပွားရေးအခွင့်အလမ်းသစ်များရှာဖွေရန်နှင့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကွန်ယက်များ တိုးချဲ့ရန်အခွင့်အလမ်းသစ်များတိုးချဲ့ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ အဓိကဆွေးနွေးမှုများသည်ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုမူဝါဒများတိုးတက်ရန်၊ နယ်စပ်ဂိတ်အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်နှင့် နှစ်နိုင်ငံစလုံးမှ စီမံခန့်ခွဲရေးအေဂျင်စီများ၊ အသင်းများနှင့် လုပ်ငန်းများအကြား ရေရှည်ပူးပေါင်း ဆောင်ရွက်မှုယန္တယားများတည်ထောင်ရန်တို့အပေါ် အဓိကထားမည်ဖြစ်ကြောင်း သိရပါသည်။ ကွန်းဖရန့်တွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားလုပ်ငန်းများနှင့် အဖွဲ့အစည်းများအကြား MoU လက်မှတ်ရေးခြင်းအခမ်းအနားတို့ပါဝင်မည်ဟု သိရပါသည်။

 DOCA (ရန်ကုန်)

                                                                                  

                                                                                               

အထူးကုန်သွယ်ခွန်သက်သာမှုသဘောတူညီချက်အပေါ် ဗီယက်နမ်နှင့် ပါကစ္စတန် စတင်ဆွေးနွေး

           ဗီယက်နမ်နှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံအကြားစဉ်ဆက်မပြတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပိုမိုနက်ရှိုင်းရန်အတွက် အပြန်အလှန်အထူးကုန်သွယ်ခွန်သက်သာမှုသဘောတူညီ ချက် (VPPTA)အပေါ် တရာဝင်ဆွေးနွေးမှုစတင်ခဲ့ကြောင်း သိရပါသည်။ ထိုဆွေးနွေးမှုကို ဗီယက်နမ်စက်မှု နှင့်ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien ၏ ပါကစ္စတန်သို့ အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိသွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ အောက်တိုဘာ ၁၄ ရက်‌နေ့တွင် ဗီယက်နမ်ဝန်ကြီးသည် ပါကစ္စတန် စီးပွားကူးသန်းဝန်ကြီး Jam Kamal Khan နှင့်အပြန်အလှန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး အားကောင်းရန် အတွက် စီမံချက်များဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Dien က ပါကစ္စတန်သည်တောင်အာရှတွင် ဗီယက်နမ်၏အာမခံချက်ရှိသောမိတ်ဖက်ဖြစ်ပြီး အရှေ့တောင် အာရှမှတောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ကုန်ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ရေး ကွန်ယက်ချိတ်ဆက်ရန် ဗျူဟာမြောက်တည်ရှိကြောင်းနှင့်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အလား အလာနှင့်နှိုင်းယှဉ်ပါက သင့်ရုံမျှသာ ရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် အပြန်အလှန် ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာ ၇၀၅ သန်း၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၀ သန်းနှင့် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင်အပြန်အလှန်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု ဆက်လက်မြှင့်တင်ရန်အတွက်ဗီယက်နမ်ဝန်ကြီးက အပြန်အလှန်ကုန်သွယ်ရေးအတား အဆီးများ ဖယ်ရှားရန်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးချိတ်ဆက်မှုတိုးတက်ရန်နှင့် အဝတ် အထည်၊ အထည်အလိပ်၊ သားရေ၊ ဖိနပ်၊ ဟာလာအစားအစာ၊ စိုက်ပျိုးမွေးမြူရေးပြုပြင် ထုတ်လုပ်ခြင်း၊ စက်မှုအင်ဂျင်နီယာ ပညာ၊ စွမ်းအင်၊ ဆေးဝါး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုအစရှိသည့် နယ်ပယ်များတွင် စီးပွားရေးချိတ်ဆက်မှုများ လွယ်ကူချောမွေ့ စေရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ ပါကစ္စတန်ဝန်ကြီးက ဗီယက်နမ်၏အဆိုပြုချက်များကို ကြိုဆိုခဲ့ပြီးနှစ်နိုင်ငံသည် ကုန်စည်ကုန်သွယ်ရေးတွင်သာမက ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဟာလာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လေကြောင်း ပို့ဆောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ တွင် ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်းနှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုယန္တယားများမြှင့်တင်ရန်၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များအပြန်အလှန်စေလွှတ် မှုတိုးမြှင့်ရန်နှင့် ဈေးကွက်အခွင့်အလမ်းများ တိုးချဲ့ရန်အတွက်ကုန်သွယ်ရေးမြှင့်တင်မှု အရှိန် မြှင့်တင်ရန်ပြောကြားခဲ့ကြောင်း သိရပါသည်။ ဝန်ကြီး ၂ ဦးသည် VPPTA ညှိနှိုင်းဆွေးနွေးမှုစတင် ရန် သဘောတူညီခဲ့ကြပြီး ၂၀၂၅ ခုနှစ်ကုန်တွင် သဘောတူညီချက်လက်မှတ်ရေးထိုးရန် ရည်ရွယ် ထားကြောင်း သိရပါသည်။ VPPTA သည် နှစ်နိုင်ငံကုန်သွယ်ရေးအား လက်ရှိတွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံအောက်သာရှိနေရာမှ လာမည့်နှစ်အနည်းငယ်အတွင်း ၅ ဆမှ ၁၀ ဆထိ မြှင့်တင်ပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

                                                                                         

                                                                                          

၂၃ ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာအဝတ်အထည်နှင့် အထည်အလိပ် ကုန်စည်ပြပွဲကျင်းပ

         ၂၃ ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာအဝတ်အထည်နှင့် အထည်အလိပ်ကုန်စည်ပြပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့က ဟိုချီမင်းမြို့တော်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Vietnam National Trade Fair and Advertising Company (Vinexad) နှင့် Yokers Trade & Marketing Service Co.Ltd တို့ပူးတွဲကြီးမှူးကျင်းပခဲ့သည့် ထိုအခမ်းအနားကို တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ပါဝင်သော နိုင်ငံနှင့် ဒေသ ပေါင်း ၁၀ ခုမှ ပြသသူ ၄၀၀ ကျော်က ပြခန်းပေါင်း ၇၅၀ ဖွင့်လှစ်ပြသခဲ့ကြောင်း သိရပါသည်။ သုံးရက်ကြာကျင်းပမည့် ထိုအခမ်းအနားတွင် အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းတွင် အသုံးပြုသည့် နောက်ဆုံးပေါ် အလိုအလျောက်စနစ်များ၊ ဒစ်ဂျစ်တယ်စနစ်များနှင့် နည်းပညာမြင့် စက်ယန္တယားများကို ပြသမည်ဖြစ်ပြီး စက်ရုံများဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုမြှင့်တင်ရန်နှင့် ဗီယက်နမ်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ထုတ်ကုန်ကွဲပြားမှု ရည်မှန်းချက်များကို ပံ့ပိုးပေးမည့် ဆန်းသစ်တီထွင်မှုများကို အသားပေးဖော်ပြခဲ့ကြောင်း သိရပါသည်။ ထိုပြပွဲသည် လည်ပတ် သူများအားနည်း ပညာသစ်များရှာ ဖွေရန်၊ နိုင်ငံတကာဝယ်ယူသူများ၊ လုပ်ငန်းနယ်ပယ်ဦးဆောင် သူများနှင့်ချိတ်ဆက်ရန်နှင့် ၎င်းတို့၏ စီးပွားရေး မဟာဗျူဟာများကို ပုံဖော်ရန်အတွက် ဈေးကွက်ဦးတည်ရာလမ်းကြောင်း နောက်ဆုံးအဆင့်အခြေအနေကိုသိရှိရန် ပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ကုန်စည်ပြပွဲထက် ကျော်လွန်၍ စီးပွားရေးချိတ်ဆက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဝတ် အထည်နှင့် အထည်အလိပ် အသိုက်အဝန်းအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် စင်မြင့်တစ်ခုဖြစ်ခဲ့ ကြောင်း သိရပါသည်။ Vinexad ၏ ဒုတိယညွှန်ကြားရေးမှူး Pham Dang Khanh က ကမ္ဘာလုံး ဆိုင်ရာအစိမ်းရောင် စက်မှုအသွင်ကူးပြောင်းမှုကို တုံ့ပြန်သည့်အနေဖြင့် ပြပွဲတွင် စက်ဝန်းပုံ ဖြစ်ရန်၊ စနစ်ကျရန်နှင့် စဉ်ဆက်မပြတ် ဖြစ်စေရန်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဆွေးနွေးပွဲများတွင် ဗီယက်နမ်၏ အဝတ်အထည်၊ အထည်အလိပ်နှင့် ဖိနပ်လုပ်ငန်းများ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်ရည်ရွယ်၍ ထိပ်တန်းကျွမ်းကျင်ပညာရှင်များ၊ရှေ့ဆောင်ကုန်ထုတ်လုပ်သူများနှင့်သုတေသနပညာရှင်များပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

                                                                                             

 

 

 

UAE သည် သံမဏိနှင့် သံကွိုင်များအပေါ် မြင့်မားသောအကောက်ခွန်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ သက်တမ်းတိုး

     အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည်သံမဏိနှင့် သံကွိုင်များ ဆိုင်ရာ အကောက် ခွန်နှုန်းထားကို ၂၀၂၆ ခုနှစ်အောက်တိုဘာလ ၁၂ ရက်အထိ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။

       သံနှင့်သံမဏိထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ယခင်အစီအစဥ်ကို ဆက်လက် လုပ်ဆောင်ရန် ထောက်ခံသည့် ဆုံးဖြတ်ချက်ကို ဘဏ္ဍာရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ အတည်ပြုခဲ့ကြောင်း ဒူဘိုင်းအကောက်ခွန်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      အဆိုပါ တိုင်းတာမှုသည် ပြည်တွင်းသံမဏိဈေးကွက်တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေ ရန်နှင့် ထုတ်လုပ်သူများနှင့် တင်သွင်းသူများကြား ဟန်ချက်ညီစေရန် အမျိုးသားစက်မှု လုပ်ငန်းများ ကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် UAE ၏မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရားဝင်မှတ်တမ်းများအရ UAE သည် ၂၀၂၃ ခုနှစ်တွင် rebar နှင့် သံကွိုင်များအပေါ် အကောက်ခွန်ကို ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ သည်။

DOCA(ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏ ကားတင်ပို့မှုသည် စက်တင်ဘာလတွင် ၄ လ မြောက်အဖြစ်တိုးတက်

      ဥရောပနှင့် အာရှတို့၏ ဝယ်လိုအား ခိုင်မာမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ မော်တော် ယာဉ်တင်ပို့မှုသည် စတုတ္ထမြောက်လအဖြစ် တိုးတက်လာခဲ့ကြောင်း အစိုးရ၏ အချက်အလက် များအရ သိရှိရပါသည်။

          ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ စက်တင်ဘာလတွင် ကားတင်ပို့မှုသည် တစ်နှစ်တာကာလအတွင်း ၁၆.၈ ရာခိုင်နှုန်း တိုးတက်ကာ အမေရိကန်ဒေါ်လာ ၆.၄၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဇွန်လကတည်းက ဆက်တိုက်တိုးတက်နေခဲ့ပါသည်။

          အမေရိကန်နိုင်ငံသို့ ကားတင်ပို့မှုသည် ၇.၅ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၃၈ ဘီလီယံ ရှိခဲ့သော်လည်း ဥရောပသမဂ္ဂနှင့် အာရှ သို့ တင်ပို့မှုသည် နှစ်ဆတိုးတက်လာခဲ့ ပါသည်။ ဥရောပသမဂ္ဂသို့ အမေရိကန်ဒေါ်လာ ၉၅၈ သန်းနှင့် အာရှသို့ အမေရိကန်ဒေါ်လာ ၈၂၃ သန်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

          သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းသော ဆီဒင်ကားများ တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ၂၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၆၇ ဘီလီယံ အထိ ရှိခဲ့ပါသည်။

          တင်ပို့ခဲ့သော ယာဉ်အရေအတွက်သည် စက်တင်ဘာလတွင် ၂၂၈၁၅၃ စီးရှိပြီး ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ကားပစ္စည်းအစိတ်အပိုင်းများ တင်ပို့မှုသည် ၆ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလီဘံ အထိရှိခဲ့ပါသည်။

          ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သည့် မော်တော်ယာဉ်အရေအတွက်သည် တစ်နှစ်တာ အခြေခံဖြင့် ၈.၉ ရာခိုင်နှုန်း တိုးတက် လာပြီး ၃၃၄၃၁၉ စီး အထိ ရှိခဲ့ပါသည်။ ပြည်တွင်း၌ ထုတ်လုပ်သော မော်တော်ယာဉ်များနှင့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ အပါအဝင် ပြည်တွင်း၌ ရောင်းချသော ကားအရေအတွက်မှာ စက်တင်ဘာလတွင် ၁၅၇၈၉၈ စီးဖြစ်ပြီး ယခင် နှစ်ကထက် ၂၀.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

Source : Xinhua                                                                               

  DOCA (ရန်ကုန်)

              

                                     

တရုတ်နိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် ဂီနီနိုင်ငံ၏Sနိုင်ငံ တည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာ ထောက်ခံကြောင်း ဂီနီသမ္မတမှပြောကြား

         Guinea နှင့် China တို့သည် ကာလရှည်ကြာ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို မျှဝေကြ ပြီး ၎င်းတို့၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် ဂီနီနိုင်ငံ၏ နိုင်ငံတော် တည် ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာ ထောက်ခံကြောင်း ဂီနီသမ္မတ Mamady Doumbouya က သောကြာနေ့တွင် ပြောကြားခဲ့သည်။ Doumbouya သည် Guinea နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Sun Yong မှ ပေးအပ်သော ယုံကြည်ချက်ပေးစာများကို လက်ခံရရှိချိန်တွင် အမှာစကား ပြောကြားခဲ့ ခြင်းဖြစ်သည်။

         မြင့်မားသောအဆင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ သုခချမ်းသာ ကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဂီနီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Doumbouya က ပြောကြားခဲ့သည်။

         တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီမှုကိုလိုက် နာပြီး ဂီနီနိုင်ငံနှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြင့်မားလာစေရန် အတွက် နှစ် နိုင်ငံအကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များကို နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း Sun က ပြောကြားခဲ့သည်။ Sun သည် ၎င်း၏ ရာထူး အသစ်ကို ထမ်း ဆောင်ရန် သြဂုတ် ၃ ရက်တွင် ဂီနီသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

  DOCA(ရန်ကုန်)

 

ဗီယက်နမ်နိုင်ငံ၏ GDP သည် ၂၀၂၆ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်းထက် ပိုမည်ဟုခန့်မှန်း

     ဗီယက်နမ်နိုင်ငံသည် လက်ရှိကျင်းပနေသော ၁၅ ကြိမ်မြောက်အမျိုးသားလွတ်တော်၏ ၁၀ ကြိမ်မြောက်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အစိုးရအစီရင်ခံစာအရ ၂၀၂၆ ခုနှစ်တွင် ပြည်တွင်း အသားတင်ထုတ်လုပ်မှု GDP တိုးတက်မှုသည် ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်း ထက်ပိုမို ရရှိ ရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

          အစိုးရသည် လာမည့်နှစ်အတွက် အဓိက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပစ်မှတ် ၁၅ ခုကို ချမှတ်ထားရာ တစ်ဦးချင် GDP ကို အမေရိကန်ဒေါ်လာ ၅၄၀၀ သို့မဟုတ် ၅၅၀၀ ကြားသို့ တိုးမြှင့် ရန်လည်း ပါဝင်ပါသည်။

          တစ်ချိန်တည်းတွင် အစိုးရသည် ပျှမ်းမျှစားသုံးသူဈေးနှုန်း အညွှန်းကိန်း (CPI) တိုးတက်မှုကို ၄.၅ ရာခိုင်နှုန်းခန့်တွင် ထိန်းသိမ်းထားရန်နှင့် ၂၀၂၆ ခုနှစ်တွင် လုပ်သားအင်အား ကုန်ထုတ်စွမ်းအား ကို ၈ ရာခိုင်နှုန်းခန့် တိုးမြင့်ရန် ရည်ရွယ်ထားပါသည်။

          အောက်တိုဘာ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် ၁၅ ကြိမ်မြောက်အမျိုးသားလွတ်တော်၏ ၁၀ ကြိမ်မြောက်အစည်းအဝေးတွင် စီးပွားရေး၊ ဥပဒေပြုရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် စီစဉ်ထားကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံ၏ စက်မှုထုတ်လုပ်မှုသည် Q1-Q3 တွင် ၃.၆ ရာခိုင်နှုန်း ကျဆင်း

     ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်တွင် မွန်ဂိုလီးယားနိုင်ငံ၏ စက်မှုထုတ်လုပ်မှုသည် မွန်ဂိုလီးယား တူဂရစ် ၃၀.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၅၄ ဘီလီယံ) ရှိခဲ့ရာ ယခင်နှစ်ကထက် ၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံ၏အမျိုးသားစာရင်းအင်းရုံးက အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          အဓိက သတ္တုတူးဖော်ရေးထွက်ကုန်များ၏ ထွက်ရှိမှုကျဆင်းခြင်းကြောင့် အဓိကအားဖြင့် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း NSO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါကာလအတွင်း ကျောက်မီးသွေးထုတ်လုပ်မှု ၃၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရေနံစိမ်းထုတ်လုပ်မှု ၁၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

          လက်ရှိအချိန်တွင် မွန်ဂိုလီးယားနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းများထဲမှ တစ်ခုမှာ သတ္တု တူးဖော်ရေးလုပ်ငန်းဖြစ်ပြီး ‌ရွှေ၊ ငွေ၊ ကြေးနီနှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝကြောင်း သိရှိရပါသည်။

          ကျောက်မီးသွေး၊ ကြေးနီ၊ သံရိုင်းနှင့် မသန့်စင်ထားသော သို့မဟုတ် တစ်စိတ်တစ်ပိုင်း သန့်စင်ထားသော ရွှေကဲ့သို့သော သတ္တုတွင်းထွက်ကုန်များသည် ဤ ကာလအတွင်း မွန်ဂိုလီးယား နိုင်ငံ စုစုပေါင်းပို့ကုန်၏ ၉၅ ရာခိုင်နှုန်းခန့်ရှိကြောင်း အချက်အလက်များအရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မက္ကဆီကိုနိုင်ငံမှအကြီးစားယာဉ်များအပေါ်အကောက်ခွန်လျှော့ပေါ့ရန် စီစဉ်နေသည့် အမေရိကန်နိုင်ငံ

       မကြာသေးမီက ကြေညာခဲ့သော မက္ကဆီကိုနိုင်ငံမှအလတ်စားနှင့် အကြီးစားယာဉ်များ အတွက် အခွန် ၂၅ ရာခိုင်နှုန်းအပေါ် လျှော့ပေါ့ပေးရန်အမေရိကန်နိုင်ငံမှ စီစဉ်လျှက်ရှိကြောင်း မက္ကဆီကို စီးပွားရေးဝန်ကြီး Mercelo Ebrard က အောက်တိုဘာလ ၁၇ ရက်နေ့တွင်ပြောကြားခဲ့ သည်။ အဆိုပါယန္တရားသည် အပေါ့စားယာဉ်များအတွက် အသုံးပြုသည့်ပုံစံနှင့် ဆင်တူမည်ဖြစ်ပြီး၊ မော်တော်ယာဥ်ထုတ်လုပ်မှုတွင် နှစ်နိုင်ငံအကြား အစိတ်အပိုင်းများ မြင့်မားစွာပေါင်းစပ်မှုကြောင့် မက္ကဆီကိုကို အကျိုးပြုကြောင်း Ebrard ပြောကြားခဲ့သည်။ "အမေရိကန်အစိုးရက အခွန် လျှော့ပေါ့မှုလုပ်ငန်းစဉ်ရှိကြောင်း ပြောကြားထားပြီး ၎င်းသည် မက္ကဆီကိုတွင် လည်ပတ်နေသော ကုမ္ပဏီ အများအပြားအား အကျိုးရှိစေမည်ဖြစ်ကြောင်း Ebrard က သတင်းထောက်များအား ပြောကြားခဲ့သည်။

      အမေရိကန်သမ္မတ Donald Trump သည် နိုဝင်ဘာ ၁ ရက်မှစတင်၍ တင်သွင်းလာသော အလတ်စား နှင့် အကြီးစား ထရပ်ကားများအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ယခုသီတင်း ပတ်အစောပိုင်းတွင် ကြေညာခဲ့သည်။ အလားတူ အပေါ့စားယာဉ်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှုသည် ဧပြီလကတည်းက သမ္မတအမိန့်အရ အသက်ဝင်ခဲ့သည်။ မက္ကဆီကိုနှင့် ကနေဒါတွင် ထုတ်လုပ်သည့် ကားများသည် နည်းပညာအရ အခွန်ကောက်ခံသော်လည်း၊ မြောက် အမေရိက လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၏ အကြောင်းအရာ လိုအပ်ချက်များနှင့် ကိုက်ညီသော ကားထုတ်လုပ်သူများသည် အမေရိကန်လုပ် အစိတ်အပိုင်းများ၏ တန်ဖိုးကို နုတ်ယူ ကောက်ခံသွားမည်ဖြစ်ကြောင်းသည်။

 DOCA(ရန်ကုန်)

ဟန်ဂေရီသို့ ရုရှားဓာတ်ငွေ့ ပေးပို့မှု စံချိန်သစ်တင်ခဲ့

ဟန်ဂေရီနိုင်ငံသို့ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ ပေးပို့မှုသည် ယခုနှစ်အတွင်း စံချိန်သစ်တင် ခဲ့ပြီး ယခုအချိန်အထိ ကုဗမီတာ ၆ ဘီလီယံကျော် စံချိန်တင်ခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က အောက်တိုဘာလ ၁၅ ရက်နေ့တွင် Facebook ၌ ရေးသားဖော်ပြခဲ့သည်။

       ထုထည်ပမာဏသည် တစ်နေ့လျှင် ကုဗမီတာ ၂၁ သန်းကျော်ရှိပြီး ဟန်ဂေရီနိုင်ငံ၏ စွမ်းအင် လုံခြုံရေးအတွက် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။ Szijjarto က ဟန်ဂေရီသည် အရင်း အမြစ်မျိုးစုံနှင့် လမ်းကြောင်းများမှတစ်ဆင့် စွမ်းအင်ကွဲပြားမှုကို ပံ့ပိုးပေးသော်လည်း "ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးလိုင်းများ" ကို ပိတ်ပစ်ခြင်းကို ဆန့်ကျင် ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

       ဥရောပသမဂ္ဂသည် ရုရှားစွမ်းအင်အပေါ် ၎င်း၏မှီခိုအားထားမှုကို ရပ်တန့်ရန် မဟာဗျူဟာ တစ်ရပ်ကို တွန်းအားပေးလျက်ရှိသည်။ ဇွန်လတွင် ဥရောပကော်မရှင်သည် ရုရှားဓာတ်ငွေ့နှင့် ရေနံ တင်သွင်းမှုကို ၂၀၂၇ နှစ်ကုန်တွင် ဖြည်းဖြည်းချင်းရပ်ဆိုင်းရန် ဥပဒေပြုရေးအဆိုပြုချက်ကို အတည် ပြုခဲ့သည်။

     ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့သည် အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ ပြင်းထန်သော ကြိုတင်ကန့်သတ်မှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြတ်တောက်မှုများသည် ၎င်းတို့၏စွမ်းအင် လုံခြုံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။

    DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ