ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

IEU-CEPA သည်ရေထွက်ကုန်တင်ပို့မှုကိုမြှင့်တင်‌ပေးနိုင်မည်ဟု ယုံကြည်နေသည့် အင်ဒိုနီးရှား

     အင်ဒိုနီးရှားရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက အင်ဒိုနီးရှား-ဥရောပဘက်ပေါင်းစုံ စီးပွားရေးမိတ်ဖက်သဘောတူညီချက် (IEU-CEPA) ကို အင်ဒိုနီးရှား၏ ငါးနှင့် ရေထွက်ကုန်များ ဥရောပ သို့တင်ပို့မှုတိုးမြှင့်ရာတွင် ထိရောက်စွာအသုံးချရမည်ဟု ပြောကြားခဲ့ပါသည်။ ရေကြောင်း နှင့် ငါး လုပ်ငန်း၏ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းစေရေးအတွက် ခေတ္တညွှန်ကြားရေးမှူးချုပ် Machmud က ၎င်းတို့သည် အကောက်ခွန်ကောက်ခံခြင်းမခံရမည့် IEU-CEPA ကြောင့် အခွင့်အလမ်းကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါသည်။ ကျောက်ကျောအစရှိသည့် ပင်လယ်ကျောက်ပွင့်မှဆင်းသက်လာ သည့်ထုတ်ကုန်များနှင့် လက်မှုပစ္စည်းများအတွက် အင်ဒိုနီးရှားသည် ဥရောပဈေးကွက်တွင် အမေရိကန်  ဒေါ်လာ ၁၃.၆၅ သန်းတန်ကုန်သွယ်ရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ရည်မှန်းချက်ဖြစ်သည့် အမေရိကန် ဒေါ်လာ ၈ သန်းကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ ပုဇွန်နှင့် တူနာပါဝင်သည့် ငါးထုတ်ကုန်များသည် IEU-CEPA မတိုင်မီကတည်းကတင်ပို့မှုမြင်တက်ခဲ့ခြင်းက အင်ဒိုနီးရှား ရေထွက်ကုန်များအတွက် ဥရောပ၏အားကောင်းသောဝယ်လိုအားကို ရောင်ပြန်ဟပ်ကြောင်း သိရပါ သည်။ Machmud က သဘောတူညီချက်စတင်အသက်ဝင်ချိန်မှစ၍ ဥရောပသို့တင်ပို့မှုဆက်လက် ကြီးထွားရန်မျှော်လင့် ကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနသည်လည်း အလားအလာရှိသော ဥရောပဝယ်ယူသူများ ကို အင်ဒိုနီးရှားငါးပြုပြင်ထုတ်လုပ်သည့်စက်ရုံများသို့ လည်ပတ်ရန် တိုက်ရိုက် ဖိတ်ခေါ် ခြင်းအားဖြင့် အရောင်းမြှင့်တင်ရန် အားထုတ်လျက်ရှိကြောင်း သိရပါသည်။ အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဧပြီလတွင် စပိန်နိုင်ငံဘာစီလိုနာမြို့တွင်ကျင်းပမည့် ကုန်စည်ပြပွဲပြီးနောက်တွင် မေလ သို့မဟုတ် ဇွန်လ စီစဉ်ထားကြောင်း သိရပါသည်။ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က IEU-CEPA ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးရန် ရည်မှန်းထားကြောင်းနှင့် သဘောတူညီချက်နှင့်ပတ်သတ်၍ လတ်တလောတွင် ဥပဒေမူကြမ်းရေးဆွဲလျက်ရှိပြီး များစွာ သောဘာသာ စကားများသို့ဘာသာပြန်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

ပထမဆုံးအကြိမ်အဖြစ် စားအုန်းဆီထွက်ရှိမှု တန်ခန် သန်း၂၀ တန်ခန့် ရောက်ရှိခဲ့သည့် မလေးရှားနိုင်ငံ

           ၂၀၂၅ ခုနှစ်အတွက် မလေးရှားနိုင်ငံ၏ စားအုန်းဆီထွက်ရှိမှုသည် ပထမဆုံးအကြိမ်အဖြစ် တန်ချိန် သန်း၂၀ တန်ခန့်ကျော်လွန်ခဲ့ကြောင်းနှင့် ၎င်းထွက်ရှိမှုမြင့်တက်ခြင်းသည် အကျိုးသက်ရောက်မှုရှိသော ရိတ်သိမ်းမှုများ၊ လုပ်သားအင်အားမြှင့်တင်မှုများနှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်းတို့ ကြောင့်ဖြစ်ကြောင်း သိရပါသည်။ မလေးရှားနိုင်ငံသည် ယခုနှစ်အတွင်း စားအုန်းဆီတန်ချိန် ၂၀ သန်းမှ ၂၀.၅ သန်းတန်အထိ ထွက်ရှိရန် မျှော်မှန်းခဲ့ပြီး အကျိုးသက်ရောက်မှုရှိသော ရိတ်သိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ စားအုန်းဆီဘုတ်အဖွဲ့MPOB မှ ညွှန်ကြားရေး မှူးချုပ်ဆိုသူ Datuk Dr Ahmad Parveez Ghulam Kadir ကဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ နိုဝင်ဘာလတွင် စားအုန်းဆီထွက်ရှိမှုပမာဏသည် ဒုတိယမြောက် အများဆုံးဖြစ်ကြောင်း MPOB မှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ စားအုန်းဆီကို တရုတ်နိုင်ငံမှ အဓိကတင်သွင်းလျက်ရှိပြီး တရုတ်နှစ်သစ်ကူးပွဲတော်များအတွက် စားအုန်းဆီဝယ်ယူမှုများ မြင့်တက်လာနိုင်ကြောင်း MPOB မှထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

 မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ (ASEAN) သို့ ကုန်ပစ္စည်းတင်ပို့မှုများ ချဲ့ထွင်လျက်ရှိ

          မြန်မာနိုင်ငံသည် အဓိကအားဖြင့် ခေါက်ဆွဲအပါအဝင် တန်ဖိုးမြင့်စားသောက်ကုန်များကို ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ASEAN သို့ပို့ဆောင်လျက်ရှိကြောင်း မြန်မာ့စားသောက်ကုန် ထုတ်လုပ်ရေးနှင့် တင်ပို့ရေးအဖွဲ့အစည်းမှ ပြောကြားချက်အရ သိရပါသည်။ ၎င်းအဖွဲ့အစည်းမှ အမှုဆောင်တစ်ဦးက “၎င်းတို့အနေဖြင့် ထုတ်လုပ်မှုစရိတ်ကိုလျော့ချပါက အိမ်နီးချင်းနိုင်ငံများအကြား ဈေးကွက်ပြိုင်ဆိုင်မှုများကို ပိုမိုတိုးမြင့်နိုင်မည်ဖြစ်ကြောင်း၊ တင်ပို့မှုများမြှင့်တင်နိုင်ကြောင်းနှင့် အခွင့်အလမ်းများကိုဖန်တီးပြီး အခက်အခြများကို ဖြေရှင်းနိုင်ကြောင်း၊ ထုတ်လုပ်မှုနှင့် ထုပ်ပိုးခြင်းများ‌ ကောင်းမွန်‌‌‌စေရန်အတွက် ထုပ်ပိုးခြင်းအတွက်လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ပိုမိုတင်သွင်းရန်လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် ခေါက်ဆွဲများကို ဒေသတွင်းဈေးကွက်များသို့ ပို့ဆောင်လျက်ရှိပြီး ဟင်းသီးဟင်းရွက်ခြောက်များ၊ နှမ်းမှုန့်များ၊ ပျားရည်နှင့် တစ်ခြားသော တန်ဖိုးမြင့်စားသောက်ကုန်များကို ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ပို့ဆောင်လျက်ရှိ‌ကြောင်း သိရပါသည်။ ထို့အပြင် သရက်သီး၊ ဒူးရင်းသီး၊ ကော်ဖိ၊ ထောပတ်သီးနှင့် တစ်ခြားသောသစ်သီးများမှပြုလုပ်သော တန်ဖိုးမြင့် တင်ပို့ကုန်များကို Belarus နှင့် တစ်ခြားသောနိုင်ငံများသို့ တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: Gobal New Light of Myanmar                                         

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ ဓာတ်မြေဩဇာတင်သွင်းမှုများ ဘဏ္ဍာနှစ် ၂၀၂၆ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်ဖွယ်ရှိ

          ဘဏ္ဍာနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ဓာတ်မြေဩဇာတင်သွင်းမှုသည် တန်ချိန် ၂၂.၃ သန်းတန်ခန့် ရောက်ရှိနိုင်ပြီး ၄၁ ရာခိုင်နှုန်းမြင့်တက်လာနိုင်ကြောင်းနှင့် အဆိုပါ မြင့်တက်မှုသည် မုတ်သုံမိုးကောင်းပြီးနောက် ပြည်တွင်းဝယ်လိုအားများ မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင့် အိန္ဒိယနိုင်ငံ၏ ဓာတ်မြေဩဇာအဖွဲ့အစည်း (FAI) မှ ဒီဇင်ဘာလ ၉ ရက်‌‌နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကမ္ဘာ့ဒုတိယအများဆုံး ဓာတ်မြေဩဇာအသုံးပြုလျက်ရှိသည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ဧပြီလမှ အောက်တိုဘာလအတွင်းတွင် တန်ချိန် ၁၄.၄၅သန်းတန်ခန့် တင်သွင်းခဲ့ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းကာလတွင် တင်သွင်းခဲ့သော တန်ချိန် ၈.၅၆ သန်းတန်ခန့် ၆၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ နိုဝင်ဘာလအကုန်တွင် သိုလှောင်ထားသော ဓာတ်မြေဩဇာတန်ချိန် ၁၀.၂ သန်းတန်ခန့်ရှိနေကြောင်းနှင့် အဆိုပါဓာတ်မြေဩဇာများတွင် ပုလဲတန်ချိန် ၅ သန်းတန်၊ DAP တန်ချိန် ၁.၇ သန်းတန်၊ NPK တန်ချိန် ၃.၅ သန်းတန်ခန့်ပါဝင်ကြောင်း သိရပါသည်။ ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်မှုသည် ၂၉.၇၅ သန်းတန်မှ ၂၉.၉၇ သန်းခန့်သာ အနည်းငယ်မျှမြင့်တက်လာကြောင်း FAI ၏ ပြောကြားချက်အရ သိရပါသည်။ အဆိုပါထုတ်လုပ်မှုတွင် ပုလဲတန်ချိန် ၁၇.၁၃သန်းတန်၊ DAP တန်ချိန် ၂.၃၂ သန်းတန်၊ NPK ဓာတ်မြေဩဇာ တန်ချိန် ၇.၀၄ သန်းတန်ခန့်နှင့် SSP တန်ချိန် ၃.၄၈ သန်းတန်ခန့်ပါဝင်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု‌နေသော အိမ်ထောင်စု ၁၄၀ သန်းအတွက် ထောက်ပံ့မှုများပြုလုပ်လျက်ရှိပြီး အဆိုပါအိမ်ထောင်စုများအတွက် ဓာတ်မြေဩဇာ တန်ချိန် ၇၀ သန်းတန်ခန့်အား‌ ထောက်ပံ့လျက်ရှိကြောင်းနှင့် ထောက်ပံ့ကြေးငွေ Rs ၁.၉သိန်းကုဍေခန့်ပေးအပ်ကြောင်း သိရပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် သဘာဝအရင်းအမြစ်ပေါကြွယ်ဝသော နိုင်ငံများဖြစ်‌သော Saudi Arabia၊ Jordan၊ Morocco၊ Qatar နှင့် ရုရှားနိုင်ငံများနှင့် ထောက်ပို့မှုလုံခြုံရေးအားကောင်းလာစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည် ဖြစ်‌ကြောင်း FAI ၏ ပြောကြားချက်အရ သိရှိရပါသည်။

Source: The Economic Times                                                     

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယား၏ ပို့ကုန် ၁၄ ရာခိုင်နှုန်း မြင့်တက်

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၂၇.၃၇ ဘီလီယံတန်ဖိုးရှိ ထုတ်ကုန်များတင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် ယစ်မျိုးခွန် ဦးစီးဌာန (GDCE) ၏ ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံအတွက် ထိပ်တန်းပို့ကုန်တင်ပို့သည့်နိုင်ငံ (၅) နိုင်ငံမှာ အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀.၆၅ ဘီလီယံ တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့(GDCE)၊ ကမ္ဘောဒီးယားနိုင်ငံ၏ တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့နှင့် ပူးပေါင်းဆောင်ရွက်သော နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များ (FTA) တို့သည် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Source: Khmer Times                                                        

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်မှုကို မြှင့်တင်

          ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်မှုဆိုင်ရာဖိုရမ်တစ်ခုကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ဗီယက်နမ်နိုင်ငံ၊ An Giang ပြည်နယ်၌ ကျင်းပခဲ့သည်။ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ (၉) လအတွင်း ကုန်းလမ်းနယ်စပ်ဂိတ်များမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၅.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များသည် ၁၆.၆ ရာခိုင်နှုန်း မြင့်တက်လာပြီး အဓိကအားဖြင့် အထည်အလိပ်၊ သံမဏိနှင့် ရေထွက်ပစ္စည်းများဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာ၊ သီဟိုဠ်စေ့နှင့် အခြားစိုက်ပျိုးရေးပစ္စည်းများကို တင်ပို့ခဲ့သည်။ ဝန်ကြီးဌာနသည် ၂၀၃၀ ခုနှစ်တွင် နှစ်နိုင်ငံဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရရှိရန် ရည်မှန်းထားပြီး ထောက်ပံ့ပို့ဆောင်ရေး ခေတ်မီအောင် လုပ်ဆောင်ခြင်း၊ ဂိုဒေါင်စွမ်းရည် အဆင့်မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ် နယ်စပ်ဂိတ်ပုံစံများကို တိုးချဲ့ခြင်းတို့ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက်များဌာန အကြီးအကဲ Vu Thi Minh Ngoc က မကြာသေးမီက နှစ်နိုင်ငံ သဘောတူညီချက်များသည် နယ်စပ်အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရန်အတွက် မရှိမဖြစ်လိုအပ်သော ဥပဒေဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုကို ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။ Moc Bai၊ Xa Mat၊ Tinh Bien၊ Khanh Binh နှင့် Ha Tien ကဲ့သို့သော အဓိက နိုင်ငံတကာဂိတ်များဖြင့် ဗီယက်နမ်-ကမ္ဘောဒီးယား နယ်စပ်ဒေသသည် အာဆီယံသို့ ကုန်သွယ်ရေးတံခါးပေါက်တစ်ခု ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။ An Giang ပြည်နယ်သည် ၎င်း၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် နယ်စပ်ဈေးကွက်များကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး အခွန်ကင်းလွတ်သော ကုန်သွယ်ခြင်းနှင့် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးအပါအဝင် ကုန်သွယ်ရေးဝန်ဆောင်မှု အသစ်များကို မြှင့်တင်သွားမည်ဟု Vu Thi Minh Ngoc က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံအားကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်သီး ဝါဂွမ်းတင်သွင်းသော နိုင်ငံဖြစ်လာသည့် ဘရာဇီးနိုင်ငံ

          ဘရာဇီးနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံကို ကျော်လွန်၍ ကမ္ဘာ့ဝါဂွမ်း အများဆုံးတင်သွင်းသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက ဝါဂွမ်းတင်သွင်းသည့်နိုင်ငံဖြစ်လာကြောင်း အမေရိကန်နိုင်ငံစိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ ထုတ်ပြန် ချက်အရ သိရပါသည်။ ဈေးကွက်နှစ် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဩဂုတ်လအစတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ချည်စိမ်းအထုပ်ရေ ၈.၂၈ သန်းခန့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချည်စိမ်းအထုပ်ရေ ၁.၉ သန်းခန့် တင်ပို့ခဲ့ကြောင်းနှင့် ၎င်းပမာဏသည် တင်သွင်းမှုစုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချည်စိမ်းအထုပ်‌ရေ ၁.၄ သန်းခန့် တင်ပို့ခဲ့ပြီး ဒုတိယအများဆုံးတင်ပို့ သည့်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ USDA၏ အစီရင်ခံစာအရ ဘရားဇီးနိုင်ငံမှ တင်ပို့သော ဝါဂွမ်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝါဂွမ်းကြိတ်စက်များအကြားတွင် ၎င်း၏ ‌ဈေးနှုန်းသက်သာမှုကြောင့် ရေပန်းစားလျက်ရှိကြောင်း သိရပါသည်။ လက်ရှိဈေးကွက်နှစ် ၂၀၂၆ ခုနှစ်အတွက် USDA က ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဝါဂွမ်းအထုပ်ရေ ၈.၄ သန်းခန့်တင်သွင်းလိမ့်မည်ဖြစ်ကြောင်း ယခင် ‌ဈေးကွက်နှစ် ၂၀၂၅ ခုနှစ် MY 25 ထက် ၁.၄ ရာခိုင်နှုန်းခန့်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းချက်အားထုတ်ပြန်ကြေညာခဲ့ပါသည်။ ပြည်တွင်းတွင် ဝါဂွမ်းများကို ၄၅၀၀မှ၄၆၀၀ ဟက်တာဧကအတွင်းသာ စိုက်ပျိုးလျက်ရှိသည့်အတွက် တစ်နှစ်ပတ်လုံးဝါဂွမ်းထုတ်လုပ်မှုသည် အထုပ်‌ရ ၁၅၃၀၀၀ ခန့်သာရှိကြောင်း သိရပါသည်။ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ အထည်အလိပ်လုပ်ငန်း၏ တစ်နှစ်ပတ်လုံး ဝါဂွမ်းသုံးစွဲမှုသည် အထုပ်ရေ ၁၅ သန်းခန့်ရှိသဖြင့် နိုင်ငံခြားမှ တင်ပို့သော ဝါဂွမ်းများကိုသာ မှီခိုနေရကြောင်း သိရပါသည်။ ဝါဂွမ်းကြိတ်ဆက်လုပ်ငန်းသည် ချည်စိမ်းများကို အသုံးပြု၍ ချည်လုံးနှင် ချည်မျှင်များကို ယခင်တန်ချိန် ၁.၇ သန်းခန့် ထုတ်လုပ်ရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁.၉ သန်းခန့်ထုတ်လုပ်မှု တိုးမြှင့်မည်ဖြစ်ကြောင်း သိရပါသည်။ ချည်စိမ်းတင်သွင်းမှုများ မြင့်တက်နေသော်လည်း ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ အသင့်ဝတ် အဝတ်အစား ထုတ်လုပ်သည့်လုပ်ငန်းသည် ချည်မျှင်နှင့်အထည်များ ပိုမိုတင်သွင်းရန် မျှော်မှန်းလျက်ရှိကြောင်း သိရပါသည်။ ဘင်္ဂလားနိုင်ငံသို့ ချည်မျှင်အများဆုံးတင်ပို့သည့် နိုင်ငံသည် အိန္ဒိယနိုင်ငံဖြစ်ပြီး အဆို တင်ပို့မှုများပြားခြင်းသည် ၎င်းနိုင်ငံ၏ ကြီးမားသော ဝါကြိတ်ဆက်များရှိနေခြင်းကြောင့်ဖြစ်ပြီး အထည်တင်ပို့မှုအများဆုံး နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင်ပဲပိစပ်တင်သွင်းမှု အမြင့်ဆုံးရောက်ရှိခဲ့သည့် တရုတ်နိုင်ငံ

        တရုတ်နိုင်ငံသည် ပဲပိစပ်တင်သွင်းမှုများကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ယာယီစစ်ပြေငြိမ်းမှု ဆောင်ရွက်အပြီးတွင် တောင်အမေရိကနိုင်ငံမှ ပဲပိစပ်ဝယ်ယူမှုအားကောင်းလာမှုကြောင့် ယခုနှစ်အတွက် ပဲပိစပ်တင်သွင်းမှုများ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့ပဲပိစပ်အများဆုံး ဝယ်ယူသည့် တရုတ်နိုင်ငံသည် နိုဝင်ဘာလတွင် ပဲပိစပ်တန်ချိန် ၈.၁၁ သန်း မက်ထရစ်တန်ခန့်ဝယ်ယူခဲ့ကြောင်းနှင့် အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ်အစောပိုင်းကာလတွင် ဝယ်ယူခဲ့သော တန်ချိန် ၇.၁၅ သန်း တန်ထက် ၁၃.၄ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းတွင် တရုတ်နိုင်ငံသည် ပဲပိစပ်တန်ချိန် ၁၀၃.၇၉ သန်းတန်ခန့် တင်သွင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါတင်သွင်းမှုများမြင့်တက်လာခြင်းသည် တရုတ်ကုန်သည်များက တောင်အမေရိကနိုင်ငံမှ ပဲပိစပ်များကို အမြောက်အများဝယ်ယူခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ Sublime China Information မှ လေ့လောစမ်းစစ်သူ Wang Wenshen က ဒီဇင်ဘာလတင်သွင်းမှုသည် တန်ချိန် ၈.၆ သန်းတန်ခန့် ရောက်ရှိနိုင်ကြောင်းနှင့် ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတင်သွင်းမှုသည် တန်ချိန် ၁၁၂ သန်း မက်ထရစ်တန်ခန့်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ နိုင်ငံပိုင် သီးနှံဝယ်ယူသည့် ကုမ္ပဏီဖြစ်သော COFCO သည် အမေရိကန်နိုင်ငံပဲပိစပ်တန်ချိန် ၂.၇ သန်းတန်ခန့် ကြိုတင်ဝယ်ယူမှုများကို အောက်တိုဘာလ နောက်ပိုင်းကတည်းက ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ လက်ရှိတွင် ယခုနှစ်အဆုံး၌ အမေရိကန်ပဲပိစပ်တန်ချိန် ၁၂ သန်းတန်ခန့် ဝယ်ယူရန် သဘောတူညီမှုပြုလုပ်ခဲ့ကြောင်း ဘဏ္ဍာ‌ရေးအတွင်းရေးမှူး Scot Bessent က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

အစ္စရေး၏ အဓိကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြပွဲတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေခဲ့သည့် ဗီယက်နမ်

          အစ္စရေးနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံ၏ ကုန်သွယ်ရေးအတိုင်ပင်ခံဖြစ်သူ Le Thai Hoa သည် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကိုရှာဖွေရန်၊ နည်းပညာသစ်များကိုလေ့လာရန်နှင့် နှစ်နိုင်ငံအကြားစိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ကုန်သွယ်ရေးဆက်နွယ်မှုမြှင့်တင်ရန်အတွက် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ Ofakim မြို့တော်တွင် ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် Agro-Mashov ပြပွဲကိုတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်သည် အစ္စရေး၏ အကြီးမားဆုံးစိုက်ပျိုးမွေးမြူရေးပွဲအခမ်းအနားများထဲမှ တစ်ခုဖြစ်သည့် Agro-Mashov ၏ ၃၄ ကြိမ်မြောက် အခမ်းအနားဖြစ်ကြောင်း သိရပါသည်။ ထိုပြပွဲကို အစ္စရေးနှင့် ကမ္ဘာတစ်ဝှမ်းမှ စိုက်ပျိုး‌ရေးသမားများ၊ စီးပွားရေးသမားများ၊ သုတေသနသမားများနှင့် ကျွမ်းကျင်ပညာရှင်များတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထိုပြပွဲသည် စိုက်ပျိုးရေးတန်ဖိုး ကွင်းဆက်၏ များစွာသောကဏ္ဍများမှ လည်ပတ်သူထောင်ဂဏန်းကျော်ကို ဆွဲဆောင်နိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ၎င်းပြပွဲသည် စီးပွားရေးလုပ်ငန်းများက လုပ်ငန်းနယ်ပယ်၏ နောက်ဆုံးဦးတည်ရာကိုသိရှိရန်၊ မိတ်ဖက်ဖွဲ့မှုများပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များကိုရှာဖွေရန် ဘက်ပေါင်းဆုံကွန်ယက်ချိတ်ဆက်မှုစင်မြင့်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ လည်ပတ်သူများသည် စိုက်ပျိုးရေးဒရုန်းများ၊ ဒစ်ဂျစ်တယ်ပရိုဂရမ်များ၊ စက်ပစ္စည်းများ၊ ကောက်ရိတ်သိမ်းသည့်မျိုးကွဲသစ်များ၊ ဖန်လုံအိမ်စနစ်များ၊ ထုတ်ပိုးမှုနည်းပညာများ၊ ထောက်ပံ့ ပို့ဆောင်ရေးဖြေရှင်းချက်များနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းတွင်ဆန်းသစ်တီထွင်မှုများပါဝင်သည့် ကျယ်ပြန့်သောအဆင့်မြင့်နည်းပညာနှင့် စက်ပစ္စည်းများကိုရှာဖွေရန်အခွင့်အလမ်းများကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ပြပွဲတွင် များစွာသောကွန်းဖရန့်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အတွေ့အကြုံဝေမျှသည့် အစည်းအဝေးများကျင်းပခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာဈေးကွက်တင်ခြင်း၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေတာပရိုဂရမ်များ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အနုစိတ်နည်းပညာများပါဝင်ကြောင်း သိရပါသည်။ နှစ်ရက်တာကျင်းပခဲ့သည့်ပြပွဲအတွင်း တက်ရောက်လည်ပတ်သူများသည် ပြခန်းများတွင် ခင်းကျင်းပြသထားသည့် နောက်ဆုံးပေါ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်မျိုးကွဲများကို စမ်းသပ်ရန်အခွင့်အလမ်းရရှိခဲ့ပြီး အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးနည်းပညာများနှင့် ဖြေရှင်းချက်များကိုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ နိုဝင်ဘာလအထိတွင် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်ရရှိခဲ့သည့် ဗီယက်နမ် 

          ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ နိုဝင်ဘာလအထိတွင် ဗီယက်နမ်သည် ငရုတ်ကောင်းတန်ချိန် ၂၂၅၀၀၀ တန်တင်ပို့ရာမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၄.၄ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဝယ်လိုအားမြင့်တက်မှုနှင့် တင်ပို့သည့်ဈေးနှုန်းများမြင့်တက်မှု ကြောင့် ဝင်ငွေရရှိမှုမှာ ၂၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VASEP) ၏အဆိုအရ သိရပါသည်။ ထို ၁၁ လတာကာလအတွင်း ငရုတ်ကောင်းအနက် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၁၈ နှင့် ငရုတ်ကောင်းအဖြူပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၆၃၆ ရှိကြောင်း သိရပါသည်။ တင်ပို့မှု ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း အမေရိကန်သည် ငရုတ် ကောင်းတန်ချိန် ၄၈၈၄၉ တန်ဖြင့် ဗီယက်နမ်၏အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် ယူအေအီးက တန်ချိန် ၁၉၉၃၀၊ တရုတ်က တန်ချိန် ၁၇၇၄၄၊ အိန္ဒိယက တန်ချိန် ၁၁၇၅၀ နှင့် ဂျာမနီကတန်ချိန် ၁၀၈၇၆ ဖြင့်ရပ်တည်နေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ထို ၁၁ လတာကာလတွင် ပြန်လည်တင်ပို့ရန်နှင့် ပြုပြင်ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅၂ သန်းတန်ဖိုးရှိသောငရုတ်ကောင်းတန်ချိန် ၄၀၂၄၂ တင်သွင်း ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့် နှိုင်းယှဉ်ပါက ပမာဏတွင် ၂၂ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၆၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဘရာဇီးသည် တန်ချိန် ၁၈၉၅၆ ဖြင့်အကြီးမား ဆုံးရောင်းချသူဖြစ်ပြီး ၎င်း၏နောက်တွင် ကမ္ဘောဒီးယားက တန်ချိန် ၁၁၂၁၁ နှင့် အင်ဒိုနီးရှားက တန်ချိန် ၇၁၅၆ ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ